အမျိုးသမီးအတွင်းခံကြော်ငြာ ရိုက်ကူးခဲ့တဲ့ Rihanna

 Rihanna ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်က သူမရဲ့ Savage x Fenty holiday collection အတွက်  Promote ကိစ္စတွေနဲ့ အလုပ်များနေခဲ့ပါတယ်။ဒီဇင်ဘာ (၅)ရက်နေ့မှာတော့ သူမရဲ့ အမိုက်စား collection  နဲ့ အမိုက်စား ကြော်ငြာပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။သူမရဲ့ IG မှာပါ ပုံတွေကို ဝေမျှပေး ထားပါ တယ်။ ပုံထဲမှာတော့ အပြာရောင်အမျိုးသမီးအတွင်းခံနဲ့ အပြတ်လန်းနေတဲ့ သူမကို တွေ့ရမှာပါ။

အသက် (၃၀)ရှိနေပြီဖြစ်တဲ့  Rihanna ကတော့ သူမရဲ့ ကောက်ကြောင်းကို ပိုလျှံနေတဲ့ ကောက်ကြောင်း လှလှ ကို ပေါ်လွင်အောင် Pose ပေးထားတာကိုတွေ့ရပါတယ်။သူမ၀တ်ဆင်ထားတဲ့ bodysuit ရဲ့ တန်ဖိုးကတော့ ကန်ဒေါ် လာ (၈၄) ဒေါ်လာပါ။Accessory အနေနဲ့ကတော့ ရွှေရောင်ဆွဲကြိုး၊ရွှေရောင်လက်ကောက်တို့နဲ့ တွဲဖက်ဝ တ်ဆင် ထားပါတယ်။နောက်ထပ်ပုံမှာတော့ အပြာရောင်ခေါင်းဆောင်းကြီးလို အောက်မှာ ရိုက်ကူးထားတာပါ။နောက်ထပ် ပုံ တစ်ပုံမှာတော့ two piece ကို ၀တ်ထားပြီး  stocking နဲ့ ဘောင်းဘီသိုင်းကြိုးတွေ ချိတ်ဆက်ထားတာကို တွေ့ရပါ တယ်။

READ
Kris ရဲ့ သီချင်းသစ်မှာ Featuring အနေနဲ့ Travis Scott ပါဝင်

သူမရဲ့ ယခု holiday collection ဟာ အပြာရောင်ချည်ကြမ်းထည်ကို အမျိုးသမီးအတွင်းခံနဲ့ sleepwear အဖြစ် ဖန်တီးထားတာပါ။Size အနေနဲ့ကတော့ ဘရာမှာဆိုရင် 32A  ကနေ 40DDD၊ အတွင်းခံနဲ့ sleepwear ဆိုရင် တော့ XS  ကနေ 3X အထိ ရနိုင်မယ်လို့ သိရပါတယ်။

Source Dailymail

SHARE