ဂီတလောကထဲ အကြာကြီး ပျောက်နေခဲ့ပြီးမှ သတင်းစကားကောင်း ပြောလာခဲ့တဲ့ Rihanna

Instagram- @badgalriri

Entertainment Tonight နဲ့ Interview အရ Rihanna အနေနဲ့ album အသစ်ထုတ်တော့မယ်ဆိုတဲ့အကြောင်း ပြောလာခဲ့ပါတယ်။

Riri အနေနဲ့ album အသစ်မထွက်တော့တာ အရမ်းကိုကြာနေခဲ့ပါပြီ။ သူမရဲ့စီးပွားရေးလုပ်ငန်းတွေဖက်ကိုပဲ အရုံစိုက်နေခဲ့တာပါ။ Savage x FENTY လို အမျိုးသမီးဝတ်အတွင်းခံလှလှလေးတွေရောင်းတဲ့ ကုမ္ပဏီတို့၊ FENTY Beauty ကုမ္ပဏီအပြင်ကိုမှ အခု ဇူလိုင်လထဲ ထုတ်လုပ်ရောင်းချသွးမယ့် skincare FENTY skin တို့အတွက်ပါ အာရုံစိုက်စရာတွေ များနေခဲ့တယ်ထင်ပါတယ်။ ဒီအတွက် album မပြောနဲ့ single သီချင်းတွေတောင်မှ မထွက်တာ နှစ်နဲ့ချီကြာမြင့်နေပါပြီ။

အခုတော့ သီချင်းသစ်ထွက်ဖို့ စပြီးလုပ်နေခဲ့ပါပြီတဲ့။ ဒီ album မှာတော့ သူမရဲ့အနုပညာအသစ်တွေကို နှစ်တွေအကြာကြီးစောင့်မျှော်နေခဲ့တဲ့ ပရိတ်သတ်တွေအတွက် စောင့်ရကျိုးနပ်အောင် အားထုတ်နေပြီး အနှစ်တွေချည်းပဲ ချသပြသွားမယ်လို့ ပြောလာခဲ့ပါတယ်။

Album ဘယ်ချိန်ထွက်မယ်၊ ဘယ်လို အမျိုးအစားလဲ စတာတွေတော့ ပြောသွားခဲ့ခြင်းမရှိပေမယ့် ခန့်မှန်းချေအနေနဲ့ နောက်နှစ်လောက်တော့ ထွက်တယ်လို့မျှော်လင့်မိပါတယ်။ Welcome back ပါ Riri ရေ။

READ
မိသားစုတွေနဲ့အတူ နှစ် (၁၀၀)တိုင် ဒီလိုနေချင်သေးတယ်ဆိုတဲ့ နေခြည်ဦး

penny

SHARE