ဗိုက်ကြီးနေတယ်ဆိုတဲ့သတင်းကို မထင်မှတ်ထားတဲ့ပုံစံကြီးနဲ့ချေပလိုက်တဲ့ Rihanna

[email protected]

အနုပညာရှင်တွေဆိုတာ သတင်းတွေ၊ အတင်းတွေ၊ ကောလဟာလတွေနဲ့ မစိမ်းဘူးလို့ဆိုနိုင်မှာပါ။ အဲဒီအထဲကမှ Rihanna ကတော့ ခဏခဏဗိုက်ကြီးတယ်ဆိုပြီး သတင်းထွက်လာနေကျဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

အရင်တုန်းကတော့ ဒီကိစ္စတွေကို အင်တာဗျူးမှာ ဖြေပြီး ပြန်လည်ငြင်းဆိုခဲ့ပေမယ့်လို့ ဒီတစ်ခေါက်မှာတော့ အားလုံးမထင်မှတ်ထားခဲ့တဲ့ ပုံစံမျိုးကြီးနဲ့ အတင်းအဖျင်းသတင်းကို ပြန်လည်ချေပလိုက်ခဲ့ပါတော့တယ်။ နည်းလမ်းကတော့ သူမရဲ့ Instagram မှာ ဗီဒီယိုတစ်ခုတင်ပြီးတော့ပါ။ ဒါပေမဲ့ မိုက်တာတစ်ခုက ဘာစကားမှမပြောဘဲနဲ့ကို လူတိုင်းဗိုက်ကြီးတာမဟုတ်ကြောင်း သိသာစေမယ့်ရီုက်ချက်မျိုးနဲ့ပေါ့။

[email protected]
[email protected]

ဗီဒီယိုထဲမှာ Rihanna ဟာ ဘီကီနီဝတ်ထားပြီး လက်ကြားထဲဆေးလိပ်ညှပ်ကာ ဆွဲဆောင်မှုရှိရှိလမ်းလျှောက်ပြသွားခဲ့တာပါ။ ခန္ဓာကိုယ်ကိုဘေးတိုက်အနေအထားနဲ့ ဗီဒီယိုရိုက်ကူးထားတာကလည်း အသက်ပါပဲ။ ဆိုလိုတာ ဗိုက်ကြီးနေခဲ့မယ်ဆိုရင် ဗိုက်နေရာကို ဘေးတိုက်ကြည့်လိုက်ရုံနဲ့တင် ပူနေမှာဖြစ်ပြီး ကိုယ်ဝန်သည်သာမှန်ရင် ဆေးလိပ်မသောက်ကြပါဘူး။ ဒါကြောင့် လက်ကြားထဲ ဆေးလိပ်ညှပ်ထားခြင်းဟာလည်း ဒုတိယအချက်အနေနဲ့ အတင်းဖျင်းကိုငြင်းလိုက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

READ
မော်ဒယ်ခင်အင်ကြင်းကျော်ရဲ့ အလန်းဆုံးဓာတ်ပုံများ
[email protected]

Rihanna ရဲ့ ဖြေရှင်းချက်ကတော့ တကယ်ကိုတွေးလည်းတွေးတတ်လွန်းပါတယ်။ ဗီဒီယိုကိုတော့ သူမရဲ့ @badgalriri ဆိုတဲ့ Official Instagram account မှာ ပြီးခဲ့တဲ့ အပတ်ကမှတင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဘဝမှာ ကိုယ့်အကြောင်းမဟုတ်တဲ့သတင်းတွေထွက်လာခဲ့မယ်ဆိုရင် ကျွန်မကတော့ Rihanna လိုပဲ အပေါ်စီးကနေ ခပ်ချေချေပဲပြန်တုန့်ပြန်ချင်ပါတော့တယ်။ Rihanna လေးကတော့ သူမရဲ့ Instagram နာမည် Bad Girl RiRi အတိုင်း ခပ်ဂျစ်ဂျစ်အောင်မလေးတစ်ယောက်ပါပဲ။

[email protected]

ဗီဒီယိုလေးကတော့ ဒီမှာပါ။

Penny

SHARE