အချိန်မလေးစားတဲ့သူဆိုပြီး ကိုရီးယား ပရိသတ်ဝေဖန်တာကို ခံနေရတဲ့ Rihanna

Image:IG/Rihanna

ကမ္ဘာကျော် အဆိုတော် Rihanna  ကတော့ အခုဆိုရင် ကိုရီးယားပရိသတ်တွေရဲ့ ဝေဖန် ပြစ်တင်တာကို ခံနေရပါတယ်။ဆိုးလ်မှာ ကျင်းပတဲ့ သူမရဲ့ ပွဲကို နှစ်နာရီခွဲလောက် နောက်ကျ မှ ရောက်လာတဲ့ အတွက် ကိုရီးယား ပရိသတ်တွေ က သူမကို အချိန် မလေးစားဘူး၊ပရိသတ်တွေ အပေါ် လေးစားမှုမရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြော ဆို နေကြပါတယ်။Rihanna   ကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ  သူမရဲ့ beauty line   FENT Y B EAUTY ရဲ့ “ARTISTRY & BEAUTY TALK”  ဆိုတဲ့ Promotion ပွဲကို ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ပွဲကိုတော့ ညနေ (၅)နာရီမှာ စဖို့ စီစဉ်ထားပေမယ့်လည်း ပွဲချိန် ထက် နှစ်နာရီခွဲလောက် နောက်ကျပြီး မှ Rihanna က ရောက် လာခဲ့ပါတယ်။

Image:IG/Rihanna
Image:IG/Rihanna
Image:IG/Rihanna

သူမကို တွေ့ချင်လွန်းလို့ စောင့်နေတဲ့ ပရိသတ်တွေကလည်း နာရီပေါင်းများစွာ စောင့်နေခဲ့ရတဲ့အပြင် ထပ်ပြီး နှစ်နာရီခွဲလောက်ပါ စောင့်လိုက်ရတော့ ဒေါပွကုန်ကြတာပါ။pop star တစ်ယောက် လုပ်နေပြီး ဒီလောက် လေး တောင်မှ အချိန်ကို မလေးစားဘူးလား၊ဆိုးလ်ကို လာမယ်ပြောတော့ ပျော်ပြီး တွေ့ရအောင် လာခဲ့ပေမယ့် ဒီလို မျိုး အချိန်ကို မ လေးစား၊ပရိသတ်ကိုလဲ မလေးစားတာကို မြင်လိုက်ရတော့ ကိုရီးယားပရိသတ်တွေ အတွက် သူမရဲ့ Image ကတော်တော်ဆိုးသွားပြီ…အစရှိသဖြင့် အမျိုးမျိုး ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

READ
Body အလှ လျှို့ဝှက်ချက်ကို ဝေမျှလိုက်တဲ့ "Instagram Star" Demi Rose
Image:twitter/Ultimate Rihanna
Image:twitter/Ultimate Rihanna
Image:twitter/Ultimate Rihanna

တစ်ချို့ ပရိသတ်တွေ ကဆိုရင်  Riha nna  ဟာ အာရှတွေကို မုန်းတဲ့ အာရှသားတွေ အပေါ် လူမျိုးရေးခွဲခြားတဲ့ စိတ်ရှိတယ်ဆိုပြီးတော့လဲ ပြောဆို နေပါတယ်။ဒီလို ပြောရတာ အကြောင်းတော့ ရှိပါတယ်။အရင်က ဆိုးလ်မြို့မှာ ကျင်းပတဲ့ ပွဲတုန်းကလည်း Rihanna ကလည်း မိနစ် (၅၀)လောက် နောက်ကျပြီးမှ ရောက်လာခဲ့ဖူးပါတယ်။အရင်ကလည်း မိနစ် (၅၀) နောက်ကျခဲ့ဖူးပြီး အခုထပ်ပြီး နှစ်နာရီခွဲ လောက် နောက်ကျတာကြောင့် ပရိသတ်တွေက တော်တော် လေး စိတ်ပျက် ဒေါပွ သွားခဲ့ကြတာပါ။နှစ်နာရီခွဲလောက် နောက်ကျမှ ရောက်ခဲ့ပေမယ့်လည်း Rihanna  က ရောက် လာချိန်မှာတော့ ပွဲ အစီအစဉ်တွေကို ပုံမှန် အတိုင်းဆက်ပြီး ကျင်းပခဲ့ပါတယ်။စင်ပေါ်ကို ရောက်လာချိန်မှာလည်း traffic ကြောင့် အခုလိုနောက်ကျသွားတာပါ။တောင်းပန်ပါတယ်ဆိုပြီး အားလုံးကို ပြောခဲ့ပါတယ်။

 

Source:Koreaboo

SHARE