လန်ဒန်မြို့က ဆောင်းရာသီWonderland ပွဲကို ရုပ်ဖျက်ပြီးသွားခဲ့တဲ့ ရီဟားနား

Instagram/Rihanna

ကမ္ဘာကျော်အဆိုတော်ရီဟားနားဟာ လန်ဒန်မြို့မှာ အခြေကျနေထိုင်သူတွေထဲက ထင်ရှားကျော်ကြားသူတစ်ယောက်ပါ။ အခုတော့ ရီဟားနားတစ်ယောက်ဟာ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီ Wonderland ပွဲကို ရုပ်ဖျက်ပြီးသွားခဲ့တာပါ။ သူမ ဒီလို ရုပ်ဖျက်ပြီး ပွဲဈေးထဲမှာ လျှောက်လည်နေတာကို IG အသုံးပြုသူတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ IG မှာ ရီဟားနားတစ်ယောက် ဒီလို လူမသိ သူ မသိ ရုပ်ဖျက်ပြီး လျှောက်လည်နေတာကို ဗီဒီယိုဖိုင်အနေနဲ့ရိုက်ကူးနိုင်ခဲ့တာပါ။

 

View this post on Instagram

 

#tbt to my first time working with @badgalriri in honor of #ANTI dropping🎈

A post shared by Tina Truong (@teacuptina) on

 လန်ဒန်မြို့က ဆောင်းရာသီWonderland ပွဲဟာ ခရီးသွားတွေ အများကြီးလာပြီး ဆင်နွဲကြတဲ့ ပွဲတစ်ပွဲပါ။ ကမ္ဘာအနှံ့က တိုးရစ်တွေ များစွာဟာ အဲဒီပွဲကို ဆင်နွဲဖို့ရောက်လာလေ့ရှိပါတယ်။ အဲဒီလို ရာနဲ့ချီတဲ့ တိုးရစ်တွေကြားမှာ ရီဟားနားတစ်ယောက်ဟာ မျက်နှာကို အုပ်ပြီး ဆောင်းရာသီ Wonderland ပွဲကို ရောက်လာတာပါ။

Instagram/Tina Truong
Instagram/Tina Truong

ဗီဒီယိုဖိုင်ထဲမှာ RiRi ကို ကြည့်ရတာ တော်တော်ပျော်ရွှင်နေတဲ့ ပုံပေါက်ပြီး Hot Dog တွေနဲ့ Churro တွေကို စားနေတာပါ။ ကမ္ဘာကျော် ပေါ့စတားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သာမန်လူတစ်ယောက်အနေနဲ့ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပွဲဈေးတန်းမှာလျှောက်လည်နေတာပါ။

ရီဟားနားရဲ့ assistant  တစ်ယောက်ဖြစ်တဲ့ Tina Truong ကတော့ Instagram stories မှာ ရီဟားနားတစ်ယောက် ပွဲဈေးတန်းမှာ သူတို့နဲ့ ကွဲသွားတဲ့အကြောင်းကို “ ‘I’m lost @ Winter Wonderland”ဆိုပြီး ရေးတင်ခဲ့ပါတယ်။

လန်ဒန်မြို့မှာ နေထိုင်တဲ့ ရီဟားနားရဲ့ ပရိသတ်တွေက သူမ ဒီလို အပြင်ထွက်လာပြီး လျှောက်လည်နေတာကို သူတို့ မသိရကောင်းလားဆိုတဲ့ ရေးသားချက်တွေကို comment ပေးထားကြပါတယ်။

Ye Yint Kyaw

SHARE