သက်ရှိ Rapunzel ဆိုပြီး တင်စားခံထားရတဲ့ ဂျပန်အမျိုးသမီး

Image:IG/rin_rapunzel

ဆံပင်ရှည်ထားရတယ်ဆိုတာ တကယ်တော့ အရမ်းအလုပ်ရှုပ်တဲ့ အရာပါ။ဒါပေမယ့် ဒါတွေကို ကြံ့ကြံ့ ခံပြီး ဆံပင်ရှည် ကို ထားတဲ့ အမျိုးသမီးတွေ လည်းရှိပါတယ်။အဲ့ဒီအထဲမှာ Rin Kambe ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ကလည်း တစ်ယောက် အပါအ၀င်ပါ။သူမရဲ့ ဆံပင်ကြီးက တော့ ၆ ပေ နီးပါး အရှည်ရှည်ပြီး ဆံပင်မညှပ်တာ ၁၅ နှစ်လောက် ရှိနေပါပြီ။ သူမကို တော့ ဂျပန်ရဲ့ Rapunzel ဆိုပြီး တော့ တင်စားခေါ်ကြပါတယ်။ဒီအကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

Rin က တော့ တိုကျို မှာေ နပါတယ်။ငယ်ငယ်တည်းက ဆံပင်ရှည် ထားချင် ပေ မယ့် ထားခွင့်မရခဲ့တာပါ။သူမက အမျိုးသမီး ဘောလုံးအသင်းဝင် တစ်ယောက် ဖြစ်တာကြောင့် အဲ့ဒီတုန်းက ဆံပင်အတိုပဲ ထားခဲ့ရပါတယ်။အရွယ် ရောက် လာတော့ ဆံပင်ရှည် ထားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။နောက်ဆုံး ဆံပင်ညှပ်တာက တော့ လွန်ခဲ့တဲ့ ၁၅ နှစ်က ပါ။အဲ့ဒီတည်းက ဆံပင်မညှပ် ဖြစ်တာ ဒီနေ့ အထိပါ။အခုဆိုရင် တော့ ၅ ပေ ၁၀ လက်မ ရှိတဲ့ နက်မှောင်သန် စွမ်း တဲ့ ဆံပင် ရှည်ကြီးကို ပိုင်ဆိုင် နေပါပြီ။

သူမလည်း ဆံပင်ကျွတ်တာ တွေ တော့ ရှိ ပေမယ့် လည်း သူမရဲ့ ဆံပင်ရှည်ကြီးကိုတော့ ချစ်တယ်လို့ ဆိုပါတယ်။” ကျွန်မ က စည်းကမ်းတင်းကျပ်တဲ့ မိဘတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။ငယ်ငယ်က မိန်းကလေး ဘောလုံးအသင်းမှာ ပါတော့ ဆံပင် အတိုပဲ ထားခဲ့ရတယ်။က တဲ့ အချိန်  အသက် ၂၀ ၀န်းကျင်လောက်က စပြီး ဆံပင်ရှည်ထားတာ။အခုတော့ ဆံပင်က ကြမ်း ကို ထိ နေပြီ။ဆံပင်ကိုတော့ ကျွန်မကိုယ်ပိုင်နည်းလမ်း နဲ့ပဲ ထိန်းသိမ်းေ စာင့်ရှောက်တယ်..” လို့ ပြောခဲ့ပါတယ်။

သူမရဲ့ ဆံပင်ရှည်ကြီးကို ကောင်းတဲ့ မှတ်ချက် ပေးတဲ့ သူတွေ လည်း ရှိသလို လူတစ်ချို့က မကောင်းတဲ့ မှတ်ချက် ပေး တာကိုလည်း ခံခဲ့ရပါတယ်။”ကျွန်မ ဆံပင် နဲ့ ပတ်သက်ပြီး မတူတဲ့ တုံ့ပြန်မှုတွေ အများကြီး ခံခဲ့ရတယ်။ချီးကျူး အသိ အမှတ်ပြုတဲ့လူ ရှိသလို မကောင်းဆိုးဝါးနဲ့ တူတယ်ဆိုပြီး ပြောကြတဲ့ လူတွေ လည်းရှိတယ်။ဒါသဘာဝ ပဲ လို့ ကျွန်မ ထင်တယ်။လူတိုင်းမှာက အမြင် အမျိုးမျိုး ရှိတယ်လေ။ကျွန်မကို စိတ်ဝင်စားပေးကြတဲ့ သူတွေ အတွက် ၀မ်းသာ ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

#SHWEMOM

SHARE