စိတ်အားတက်ကြွမှုမရှိတဲ့ အလုပ်ကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလေးစတင်ချင်ရင်တော့ Rio ရဲ့အကြောင်းလေးက သင့်ကို အားပေးနေမှာပါ။
အင်ဒိုနီးရှားနိုင်ငံသား Rio Vamory ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက လစာကောင်းပြီး အတည်တကျရှိနေတဲ့ အလုပ်ကနေထွက်ပြီး ဆာတေးရောင်းနေခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ် Rio ဟာ အင်ဒိုနီးရှားနိုင်ငံ Padang Panjang မှာမွေးဖွားခဲ့ပြီး အဖေမရှိဘဲ ကြီးပျင်းခဲ့ရပါတယ်။ ကျောင်းစာမှာလည်း အရမ်းကိုထူးချွန်လွန်းလို့ အတန်းကျော်တက်ခဲ့ရတာတောင် ရှိခဲ့ဖူးပါတယ်။ ကျောင်းပြီးသွားတဲ့အခါမှာတော့ အင်ဒိုနီးရှားနိုင်ငံကိုစွန့်ခွာပြီး သူ့ရဲ့ချစ်ဇနီးလေးနဲ့အတူ Zurich မှာ လာအခြေချနေထိုင်ခဲ့ပါတယ်။

နောက်ထပ်နှစ်နှစ်ကြာတဲ့အခါမှာတော့ သူ့ရဲ့အမေကိုပါ Switzerland မှာ အတူလာနေဖို့ခေါ်ခဲ့ပါတယ်။ Rio ရဲ့အလုပ်ကတော့ ဘဏ်ဝန်ထမ်းပါ။ လစာကလည်း အရမ်းကိုကောင်းခဲ့ပါတယ်။ ဘဏ်မှာနေ့စဉ်နဲ့အမျှ လုပ်နေရတဲ့အလုပ်တာဝန်တွေဟာ Rio အတွက်တော စိတ်ဝင်စားမှုမရှိစေတော့ဘဲ ဒီအလုပ်ဟာ ပိုက်ဆံအိတ်တော့ပြည့်ပေမယ့် စိတ်ဆန္ဒကိုတော့ မပြည့်စေဘူးလို့ဆိုတာ ထွက်စာတင်ခဲ့ပါတယ်။ နောက်တော့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် လမ်းဘေးမှာ ဆာတေးရောင်းတဲ့ဆိုင်လေး ဖွင့်ထားပါတယ်။
အခုတော့ ခေါင်းကိုလည်းသေသပ်နေအောင်ဖြီးဖို့မလိုတော့ဘူး။ ဆံပင်လည်း (၆) လတစ်ခါသွားသွားညှပ်နေစရာမလိုတော့တဲ့အပြင် ကျဉ်းကြပ်တဲ့ ရုံးအဝတ်အစားတွေအစား တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ နေ့တိုင်းဝတ်လို့ရနေပါပြီ။
ကိုယ်ပိုင်သေးလားလုပ်ငန်းကိုစလုပ်ဖို့အတွက် ရင်းနှီးငွေကိုတော့ စိတ်ဝင်စားတဲ့အလူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ page တစ်ခုဖွင့် ကောက်ခံခဲ့ပြီး သူ့ရဲ့ Project နဲ့ပတ်သတ်တဲ့ အကြောင်းတွေကို အဲဒီ pager မှာ ရှင်းပြခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ (၁၂,၀၀၀) ကျော်နဲ့ ဆာတေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်။ ဘီးနှစ်ဘီးနဲ့ လှည်းတစ်စီးရယ် လိုအပ်တဲ့ပစ္စည်းကိရိယာတွေရယ် စဝယ်ခဲ့ပါတယ်။ သူ့ရဲ့ဆာတေးမှာရှိနေတဲ့လိုအပ်ချက်တွေကို သိဖို့အတွက် အိမ်တိုင်ရာရောက်စနစ်နဲ့လည်း ရောင်းခဲ့ပါတယ်။

အခုတော့ Rio ရဲ့ အရသာရှိလှတဲ့ဆာတေးတွေကို ဝယ်ဖို့အတွက် တန်းစီနေတဲ့လူတန်းတောင် ရှိလို့နေပါပြီ။ သတင်းစာတွေထဲအထိတောင် ထည့်ရေးရတဲ့ အဆင့်အထိ Rio အောင်မြင်သွားပါတယ်။
အလုပ်အတည်တကျနဲ့ လစာလည်းမျှော်မှန်းတာထက်ကောင်းနေတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကတော့ ဆာတေးရောင်းဖို့ဆိုပြီး အလုပ်ကထွက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ Rio ကတော့ သူမပျော်တဲ့အလုပ်မှာ ပေကပ်ပြီးဆက်လုပ်မနေဘဲ လွတ်လွတ်လပ်လပ်လည်းရှိပြီး အမှီအခိုကင်းတဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို စွန့်စားပြီးစတင်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အာရှအစားအသောက်တွေရောင်းတဲ့ သားသားနားနားဆိုင်လေးတစ်ဆိုင်ကို ကိုယ်တိုင်ဖွင့်နိုင်ဖို့ပါပဲ။ အမြန်ဆုံးဖွင့်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။

Source : World of Buzz
Penny