MMA ပြိုင်ပွဲထဲ ၀င်ဝင်ချင်းမှာ ပထမဆုံးနိုင်ပွဲယူလိုက်နိုင်ခဲ့တဲ့ အိန္ဒိယလက်ရွေးစင်နပမ်းမယ်

Twitter / Yourstory

(၂၀၁၆) ဓနသဟာယနပမ်းချန်ပီံယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် (၂၅)နှစ်အရွယ် နပမ်းမယ်လေး ရီတူး ဖိုးဂတ် ဟာ MMA ပြိုင်ပွဲထဲကို စတင်ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ပထမဆုံးပွဲစဉ်ကို အနိုင်နဲ့ ဖွင့်လှစ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဟာယာနာ ပြည်နယ်မှာတော့ ဖိုးဂတ် မိသားစုဟာ အစဉ်အလာကြီးတဲ့ နပမ်းသမားတွေဖြစ်ခဲ့ပြီး ရီတူး ဖိုးဂတ် ကတော့ MMA ပြိုင်ပွဲတွေအထိ နယ်ချဲ့လာခဲ့တဲ့ တိုက်ခိုက်ရေးမယ်လေး ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ ရီတူး က တောင်ကိုရီးယားရဲ့ တိုက်ခိုက်ရေးမယ် နမ်ဟီးကင်မ် နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲချိန် (၃)မိနစ်ကျော်မှာပဲ အလဲထိုးနဲ့ အနိုင်ရသွားခဲ့တာပါ။

READ
ကျောက်တုံးဖြင့်ထုခြင်း၊ ဝှေးသင်းခြင်း၊ ခေါင်းဖြတ်ခြင်းတို့ကို လက်ရှိအချိန်ထိကျင့်သုံးနေဆဲ နိုင်ငံများ

MMA ကြိုးဝိုင်းထဲမှာ တိုက်ခိုက်မှုအားကောင်းလွန်းလို့ Captain Marvel လို့ အမည်ပေးခြင်းခံရတဲ့ ကင်မ် ဟာ အခုမှ MMA ကြိုးဝိုင်းထဲ ၀င်ရောက်လာတဲ့ မျက်နှာသစ် နပမ်းမယ်လေးကို အရှုံးပေးလိုက်ရတာဖြစ်ပြီး ရီတူး ရဲ့ လက်သီးချက်တွေအောက်မှာ ဘယ်လိုမှ မကာကွယ်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။

ကြမ်းပြင်ပေါ် လဲကျသွားတဲ့ ကင်မ် ကို ရီတူး က ခန္ဓာကိုယ်နဲ့ ဖိထားခဲ့ပြီး မျက်နှာကို အဆက်မပြတ်ထိုးနေခဲ့လို့ ကြိုးဝိုင်းဒိုင်က ရီတူး ကို အနိုင်ပေးလိုက်တာပါ။

READ
ကိုးပတ်သားအရွယ်သားအရင်းကို သတ်ခဲ့သည့်မိခင် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့

အိန္ဒိယနိုင်ငံတွင်းက MMA ပရိသတ်တွေကတော့ ရီတူးဖိုးဂတ် ဟာ အိန္ဒိယရဲ့ ဂုဏ်ဆောင် တိုက်ခိုက်ရေးသမား ဖြစ်လာမှာဖြစ်တယ်လို့ ချီးကျူးနေကြပြီး ဒီ့ထက်ပိုလို့ နာမည်ကျော်လာလိမ့်ဦးမယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။

 

Linn

SHARE