ဘောလိဝုဒ်ကားတွေ ဆက်မရိုက်တော့တဲ့ အကြောင်းအရင်းကို Riya Sen ထုတ် ပြော

Image:IG/Riya Sen

အိန္ဒိယ မင်းသမီး Riya Sen ကိုတော့ ဘောလိဝုဒ် ရုပ်ရှင် ချစ်ပရိသတ်တွေ ဆိုရင်တော့ သိကြမှာပါ။သူမက တော့ ‘Style’, ‘Qayamat’, ‘Jhankaar Beats’, ‘Shaadi No. 1’  ..ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင် ခဲ့ဖူးပါတယ်။က လေး  ဘ၀တည်းက (၁၉၉၁)တည်းက အနုပညာ လောကထဲ စတင် ၀င်ရောက်ခဲ့တာပါ။Sen  က တော့ Falguni Pathak ရဲ့ သီချင်း ‘Yaad Piya Ki Aane Lagi ဆိုတဲ့ MV မှာ (၁၉၉၈)က ပါဝင်ခဲ့တာပါ။ဘောလိဝုဒ် အနုပညာ လောကမှာ မ ပျော်ရတဲ့ အ ကြောင်းအရင်းကို  တော့ ထုတ်ပြောခဲ့ပါတယ်။ဒီ သတင်းကိုတော့ storypick မှာ ဖော်ပြ ထားတာပါ။

အသက်ငယ်ငယ်နဲ့ MV တွေ မှာ ပါဝင်၊ဇာတ်ကားတွေ ရိုက် နေရလို့ အနုပညာ အလုပ်မှာ သူမ ပျော် မွေ့ နေတယ် ထင် ရင် တော့ မှား ပါလိမ့်မယ်။သူမ က တော့ အနုပညာ အလုပ် လုပ်ရတာက အဆင် မ ပြေ တော့တာ ကြောင့် နောက်ဆုံးမှာ ဘောလိဝုဒ်ဇာတ်ကားတွေ ရိုက်တာ ရပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့  Riya က “ ကျ မရိုက်တဲ့ တစ်ချို့ ဇာတ်ကားတွေမှာ ကျ မသိ လာ ရတာက  သူတို့က ကျ မ အတွက် အလုပ်လုပ် နေတာ မျိုး မဟုတ် ဘူး။ဇာတ်ကောင် တွေ မှာ သရုပ်ဆောင်ရတာ က လည်း ကျမ  အတွက် အဆင်မ ပြေဘူး။အော်..ဒါငါ သရုပ်ဆောင် တာ ညံ့လို့ ပဲ တွေးတယ်။သူတို့ကို အပြစ်မတင်ပါဘူး။နောက်တစ်ခုက ဘောလိဝုဒ်ဇာတ်ကားတွေ အများကြီး ကျ မ ရိုက်ဖူးတယ်။ အဲ့ဒါ တွေ က လိင်အသားပေး sexy ဟာတွေ များတယ်။ကျမ ၀တ်ရတဲ့ အ၀တ်အစားနဲ့ မိတ်ကပ် တွေ က Sexy တွေ ပဲ။ကျ မ အတွက် အဆင် မပြေဘူး..” လို့ ပြော ခဲ့ပါတယ်။

 

View this post on Instagram

 

Photo @sabiphotography1 HMU @shaan_makeup_artist Styling @irphan_khan777

A post shared by Riya sen (@riyasendv) on

အသက်ငယ်ငယ်နဲ့ Sexy မင်းသမီး အဖြစ် သတ်မှတ် ခံရ တဲ့ အပေါ် မှာလည်း “ ကျမေ ကျာင်းတက် နေတုန်းက ဆိုရင် sexy မင်းသမီး ဆိုတဲ့ Image ကြီးက ကျမ အတွက် တော် တော် လေး ဖိအားဖြစ်စေတယ်၊ဇာတ်ကားတွေ ထဲက ကျမ နဲ့ အပြင်က ကျမ အတူတူပဲလို့ သူတို့က သတ်မှတ်ကြတယ်” လို့ြေ့ပာခဲ့ပါတယ်။လူတိုင်းက တော့ တပ် မက် စွဲ မက် စရာ  ကောင်းတဲ့ လူမျိုးဖြစ်ချင်မှာပဲ။ဒါပေမယ့် ကျမ ဒီလောကထဲ ၀င်လာ တုန်းက အရမ်း ငယ်သေး တ ယ်လေ။ဒါပေမယ့် ကျမ က အဲ့လို နေရာ တွေမှာပဲ သရုပ်ဆောင် ခဲ့ရတယ်။စကပ် အတို လေးတွေဝတ်၊ပတ်ချာလှည့် ပြေး၊ချစ်စရာ ကောင်းတဲ့ ပုံတွေ လုပ်ပြ .ဒါတွေကြီးပဲ။TV ပေါ်က ကျမ ကိုယ်ကျမ ပန် မြင် ရတော့ ဒါ ငါလား ဆိုပြီး ယုံတောင် မယုံနိုင်ဘူး…”။ဘောလိဝုဒ်ကားတွေ မရိုက်တော့ဘူး လို့ ဆုံးဖြတ် ချက်ချချိန်ကိုလည်း ပြန် ပြော ပြခဲ့ပါ တယ်။

 

View this post on Instagram

 

Doga 🐕 #Love #pet #instadaily #instalike

A post shared by Riya sen (@riyasendv) on

ကျ မ ကိုယ်ကျမ မလွယ်တာ၊ကျမ အဆင်မ ပြေတာ ၊ဒါကျမ အစစ်မဟုတ်တာ သိလာတယ်။ရိုက်ကွင်းကို ကျမ နေ့ တိုင်း လဲ မသွားနိုင်တော့ဘူး။နာရီ အကြာကြီး ဆံပင်တွေ ကောက်၊မိတ်ကပ်အပြည့် နဲ့ နာရီ အကြာကြီး ထိုင် နေရတာ တွေ ကို မလုပ်ချင်တော့ဘူး..။ဒါကို ကျမ အတွက် လုပ် နေခဲ့တာ မဟုတ်ဘူး။ဒါကြောင့်လည်း နောက်ဆုံး တော့ ဘော လိဝုဒ်ကားတွေ ရိုက်တာ ရပ်ဖို့ ဆုံးဖြတ်ခဲ့တယ်..”။ Bengali ရုပ်ရှင်နယ်ပယ် ကတော့ သူမ အတွက်  လုံခြုံမှုရှိ၊ သက်သောင့်သက်သာရှိတယ်၊ဇာတ်ကောင် မျိုးစုံ လည်း သရုပ်ဆောင်ခွင့်ရတယ် လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

LIVE • 10:30 pm • Riya Sen official app• 16 th June

A post shared by Riya sen (@riyasendv) on

#SHWEMOM

SHARE