Pixar ကုမ္ပဏီရဲ့ ကာတွန်းဇာတ်လမ်းတွေ ဖန်တီးသူ အသက် (၅၅) နှစ်အရွယ်တွင် ကွယ်လွန်

[email protected] Pixar

ဒီဘက်ခေတ်မှာ ကြီးပြင်းလာခဲ့တဲ့ လူငယ်တော်တော်များများကတော့ Cars, Monster’s Inc, Wall-E, Up, Brave, Incredibles 2, Finding Nemo အစရှိတဲ့ နာမည်ကြီးကာတွန်းဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ။ တော်တော်များများကတော့ ကာတွန်းကားတွေကိုသာ သိကြမှာဖြစ်ပြီး ဒီဇာတ်ကားရဲ့ နောက်ကွယ်က ဇာတ်လမ်းဖန်တီးသူ၊ ဒါရိုက်တာ Rob Gibbs ကိုတော့ သိကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ဘဝက အမှတ်တရကာတွန်းတွေကို ဖန်တီဒဖပးခဲ့တဲ့ Gibbs ဟာ အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း Syfy သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလို Gibbs သေဆုံးခဲ့တဲ့အကြောင်းကို Pixar ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူတစ်ဦးက The Hollywood Reporter သတင်းဌာနကို ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ အကြောင်းအရင်းနဲ့ နေ့ရက်ကိုတော့ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Gibbs ဟာ Pixar ရုပ်ရုင်ထုတ်လုပ်ရေးမှာ ၁၉၉၉ ခုနှစ်မှာ Toy Story 2, ၂၀၀၈ ခုနှစ်မှာ Wall-E, ၂၀၀၉ ခုနှစ်မှာ Up နဲ့ ၂၀၀၁ ခုနှစ်မှာ Monster’s Inc အစရှိတဲ့ ကာတွန်ဇာတ်ကားတွေအတွက် ဇာတ်ညွှန်းရေးပေးသူအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ Monster’s Inc ကာတွန်းဇာတ်ကားထဲက Boo နေရာမှတြောင် သူ့သမီးဖြစ်သူကို အသံပိုင်းသရုပ်ဆောင်နေရာက ပါဝင်ခိုင်းခဲ့ပါသေးတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ Brave, ၂၀၁၃ ခုနှစ်မှာ Monster University, ၂၀၁၄ ခုနှစ်မှာ Toy Story of Terror, ၂၀၁၅ ခုနှစ်မှာ Inside Out နဲ့ ၂၀၁၈ ခုနှစ်မှာ Incredibles 2 ကာတွန်းကားတွေမှာ ကာတွန်းဇာတ်ကောင် ဖန်တီးသူအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။

READ
ဆိုက်ဘာအကြမ်းဖက်မှုကြောင့် အဆုံးစီရင်သွားတဲ့ သမီးအကြောင်းကို ပြောပြခဲ့တဲ့မိခင်
[email protected]

Pyi Hein Kyaw

SHARE