Deadpool-3 ဇာတ်ကား ရိုက်ကူးဖွယ် မရှိတော့ဘူးလို့ ၀န်ခံခဲ့တဲ့ Deadpool ရဲ့ ဖန်တီးသူ

[email protected] robliefeld

Marvel ရဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Deadpool ကိုတော့ စူပါဟီးရိုးပရိသတ် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Marvel စူပါဟီးရိုးတွေထဲမှာ မျက်နှာအပြောင်နိုင်ဆုံးဆုကို ပေးရမယ်ဆိုရင်တော့ ကျိန်းသေ Deadpool ပဲ ရမှာပါပဲ။ ထွက်ရှိပြီးသားဖြစ်တဲ့ Deadpool 1 နဲ့ Deadpool 2 ဇာတ်ကားတွေထဲမှာလည်း တစ်ချိန်လုံး အထာကျကျ ပြက်လုံးတွေနဲ့ ကြည့်ရှု့သူတွေကို တောက်လျှောက် ပါးစပ်မစေ့နိုင်အောင် လုပ်ပေးနိုင်တဲ့ စူပါဟီးရိုးတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုလည်း Deadpool  ဇာတ်ကောင်ကို ဖန်တီးသူလည်းဖြစ် ၊ Comic book writer တစ်ဦးလည်း ဖြစ်တဲ့ Rob Liefeld က Deadpool-3 ဇာတ်ကား ရိုက်ကူးဖွယ် မရှိတော့ဘူးလို့ ပြောကြားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Deadpool 1 နဲ့ Deadpool 2 ဇာတ်ကားတွေမှာ Deadpool ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ Ryan Reynolds ဟာဆိုရင်လည်း ပရိသတ်တွေ အရမ်းနှစ်သက်ခဲ့တဲ့ မင်းသားတစ်ဦးပါပဲ။ အမှန်ဆိုရင် Deadpool ဇာတ်ကားဟာ ၂ ကားတည်း ထွက်ရှိခဲ့တယ်ဆိုပေမယ့် မျှော်လင့်ထားတာထက် ပိုမိုအောင်မြင်ခဲ့တဲ့ စူပါဟီးရိုးဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း Deadpool-3 ဇာတ်ကားထွက်ရှိဖို့ကို မျှော်လင့်နေပေမယ့် Rob တစ်ယောက်က Deadpool 3 ဟာ ထွက်ရှိလာတော့မှာ မဟုတ်ဘူးလို့ တရားဝင်ပြောခဲ့တာကလည်း အကြောင်း ရှိပါတယ်။

“Deadpool 3 က ဆက်မထွက်တော့ဘူးဆိုတာကတော့  Deadpool 1 နဲ့ 2 က တော်တော်ကောင်းလွန်းလို့ပါ။ ဒါ့ကြောင့်လည်း Deadpool 3 ကို ဆက်မရိုက်ဖြစ်တော့တာပါ။ အရင်နှစ်ကားလုံးမှာ ပါဝင်ခဲ့တဲ့ Ryan Reynolds, Josh Brolin, Zazie Beets, David Leitch, Tim Miller အစရှိတဲ့ သရုပ်ဆောင်တွေကိုလည်း တစ်ကယ်ချစ်လည်းချစ်သလို ကျေးဇူးလည်း တင်ပါတယ်။ သူတို့တွေရဲ့ ကောင်းမွန်လွန်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် Deadpool ဇာတ်ကားတွေက အောင်မြင်လာရတာပါ။ အစကတော့ Deadpool ပရိသတ်တော်တော်များများက Deadpool 3 ကို ဆက်ထွက်စေချင်ကြပါတယ်။ ဒါပေမယ့် ရှိနေပြီးသား Deadpool ဇာတ်ကားနှစ်ကားက အတော်လေး ကောင်းနေတော့ အဲ့ထက်ပိုကောင်းအောင် ဖန်တီးဖို့ မလွယ်ကူလို့ Deadpool 3 ကို ဆက်မရိုက်ဖြစ်တော့တာပါ” လို့ Rob က ပြောကြားခဲ့ပါတယ်။

READ
“စိတ်ကူးလေးပါပဲ”သီချင်းကို ချစ်စရာကောင်းအောင် သီဆိုပြခဲ့တဲ့ အမေရိကန်အဆိုတော်မလေး

View this post on Instagram

June, 2013. After a several year run where Deadpool was a featured player in 6 different Marvel games, everyone’s favorite Merc was awarded with a starring role in a game all his own. The game earned every ounce of its hard R rating, adult label. My oldest son was the best gamer in my home and I had to stop his play after the 3rd level. It definitely set the tone and stage for a generation anticipating the movie adaptation which was still a few years off. Both Cable & Domino are featured throughout. It was re-released after the film, adding to its established awareness and popularity. This was a big deal at the time , and continuing a decades worth of Deadpool’s appeal being enhanced with gamers all over the world. I have maintained that these multiple video games, with 7 variations of DP across many years, are where Deadpool built the biggest expansion of his brand. His visual appeal and play made him much more popular than his comic representation as sales of his comic in the 2000’s weren’t as potent as his 90’s outings. Best Cable intro ever! #robliefeld #marvel #deadpool #xforce #cable #domino

A post shared by Rob Liefeld (@robliefeld) on

Pyi Hein Kyaw

SHARE