Michael Jordan ကြောင့် ဘောလုံးလောကထဲ တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ Robben

[email protected] [email protected]

နယ်သာလန်နိုင်ငံရဲ့ နာမည်ကြီးကစားသမား Arjen Robben ကိုတော့ ဘောလုံးပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ Robben ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလထဲမှာ ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့် လက်ရှိမှာတော့ ဘောလုံးလောကထဲကို တစ်ကျော့ ပြန်ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကတော့ Micheal Jordan ရဲ့ Documentary ဇာတ်ကားကြောင့်ပဲ ဖြစ်ကြောင်၊ ဒီဇာတ်ကားက Robben ကို ဘောလုံးလောကထဲ တစ်ကျော့်ပြန်ဝင်လာဖို့ စိတ်ဓာတ်ခွန်အားတွေ အပြည့်ပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CB_ZnCihDWI/

Micheal Jordan ဟာ ၁၉၉၃ ခုနှစ်၊ အသက် ၃၀ အရွယ်မှာ ဘတ်စကတ်ဘော လောကကနေ အနားယူခဲ့တာကိုတော့ တော်တော်များများ သိကြမှပါ။ သူ့ရဲ့ ဘတ်စကတ်ဘောအသင်းဖြစ်တဲ့ Chicago Bulls အသင်းကနေ ကျော်ခိုင်းခဲ့ပြီး တရားဝင်အနားယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ ဘတ်စကတ်ဘောလောကထဲ ပြန်ဝင်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ သူ့ရဲ့ Chicago Bulls အသင်းမှာ နောက်ဆုံးအကြိမ်အဖြစ် တစ်ရာသီကစားပြီးမှသာ ဒီလောကကို ကျောခိုင်းတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီရာသီမှာပဲ Micheal Jordan ရဲ့ အစွမ်းကုန် အားထုတ်မှုတွေကြောင့် Chicago Bulls အသင်းဟာ ဗိုလ်စွဲခဲ့ပြီး ဆုဖလားရရှိခဲ့ပါတယ်။

READ
အင်္ဂလန် VS ရုရှ (ပွဲကြို-အထူးခန့်မှန်းချက်)

Micheal Jordan ဟာ ဒီလို သူ့ဘဝရဲ့ နောက်ဆုံးအကြိမ် ဘတ်စကတ်ဘော ကစားခဲ့တဲ့ အချိန်တွေကို Documentary ပုံစံရိုက်ကူးပြီး The Last Dance ဆိုတဲ့ နာမည်နဲ့ Netflix ၊ ESPN ရုပ်သံလိုင်း တို့မှာ ပြသခဲ့ပါတယ်။ ဒီ The Last Dance ကို Robben ကြီးတစ်ယောက် ကြည့်ပြီးသွားတဲ့အချိန်မှာတော့ သူရဲ့ စကစားခဲ့ဖူးတဲ့ ကစားသမားဘ၀ အစပြုခဲ့တဲ့ Groningen ဘောလုံးကလပ်မှာ တစ်ရာသီ ဘောလုံးပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

https://www.instagram.com/p/CB838N2BEW1/

“The Last Dance ကို ကြည့်ပြီး ကျွန်တော့် စိတ်ထဲမှာ ဘောလုံးကစားချင်တဲ့ စိတ်တွေ၊ နောက်ဆုံးအချိန်အထိ ကိုယ်ကို မွေးဖွားပေးခဲ့တဲ့ အသင်းမှာ ပြန်ကစားချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်ကို မွေးဖွားပေးခဲ့တဲ့ Groningen အသင်းမှာ တစ်ရာသီဘောလုံးကစားဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ Robben က ပြောကြားခဲ့ပါတယ်။

READ
၁၅-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Pyi Hein Kyaw

SHARE