ကားထဲမှာ လူရှိနေမှန်း ကားခိုးပြီးမှ သိလိုက်ရတဲ့ ကားသူခိုးနှစ်ယောက်ရဲ့ ဖြစ်ရပ်

[email protected]

ကားခိုးတဲ့ ကိစ္စတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပွားမှုနည်းပါးပါတယ်။ များသောအားဖြင့် ကားမှန်ခွဲပြီး ကားထဲက ပစ္စည်းတွေကို ခိုးယူတဲ့ ကိစ္စမျိုးတွေသာ ကြားဖူးကြတာပါ။ ကားခိုးတဲ့ အချိန်မှာ များသောအားဖြင့် လူပြတ်တဲ့နေရာမှာ ရပ်ထားတဲ့ ကားမျိုးတွေ၊ အမှောင်ထဲမှာ ရပ်ထားတဲ့ ကားမျိုးတွေကိုသာ အဓိကပစ်မှတ်ထားပြီး ခိုးကြတာ ဖြစ်ပါတယ်။ အခုပြောချင်တဲ့ ကိစ္စကတော့ ကားထဲမှာ လူရှိမှန်း မသိပဲ ကားခိုးခဲ့မိကြတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဒါပေမယ့်လည်း ကားသူခိုးတွေဟာ ကားကို မရရအောင်ကို ခိုးသွားခဲ့တာပဲ ဖြစ်ပါတယ်။

[email protected]

အဆိုပါဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၇.၁.၂၀၂၁)တုန်းက အိန္ဒိယနိုင်ငံ၊ Punjab ပြည်နယ်ရှိ Dera Bassi မြို့က Sukhmani ကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Rajeev Chand လို့ အမည်ရတဲ့ ခင်ပွန်းသည်အမျိုးသားနဲ့ Ritu အမည်ရ ဇနီးသည်အမျိုးသမီးတို့ဟာ အဆိုပါနေ့က Sukhmani ကျောင်းမှာ သူတို့သားရဲ့ ကျောင်းစရိတ်သွင့်ဖို့အတွက် ရောက်ရှိလာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ Rajeev ဟာ လမ်းမပေါ်မှာ ကားကို ဒီအတိုင်းရပ်ထားခဲ့ပြီး ကားသော့တန်းလန်းနဲ့ ရပ်ထားခဲ့ကာ ငွေသွင်းဖို့ကျောင်းထဲကို တစ်ယောက်တည်း ထွက်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်ခန်းမှာ သူ့ဇနီးသည် Ritu ရှိလို့ပါပဲ။ Rajeev ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လူနှစ်ယောက်က ကားနားကို ရောက်လာပြီး တစ်ယောက်က ယာဉ်မောင်းခုံမှာထိုင်ကာ နောက်တစ်ယောက်က နောက်ခန်းထဲ ဝင်ထိုင်ခဲ့ပါတယ်။

READ
မြွေကို မြွေချင်းပြန်မျိုတဲ့ ဧရာမ အန်နာကွန်ဒါမြွေကြီး အစာနင်ပြီး သေဆုံး
Pixabay-TheDigitalWay

ကားသူခိုးနှစ်ယောက်စလုံးဟာ ကားထဲမှာ Ritu ရှိမှန်းသိလိုက်တာနဲ့ အလန့်တကြားဖြစ်ခဲ့သလို Ritu လည်း ရုတ်တရက် ကားထဲဝင်လာတဲ့ လူနှစ်ယောက်ကြောင့် အလန့်တကြားဖြစ်သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နောက်ခန်းမှာ ထိုင်နေတဲ့ ကားသူခိုးက ချက်ချင်းဆိုသလို Ritu ရဲ့ ပါးစပ်ကို ပိတ်ထားပြီး ချုပ်ကိုင်ထားခဲ့သလို ရှေ့ခန်းက ကားသူခိုးကလည်း ချက်ချင်းကားကို မောင်းပြေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြည်နယ်အဝေးပြေးလမ်းမကြီးပေါ်ကို မောင်းသွားခဲ့ပြီး Ritu ကို အဆိုပါ လမ်းမကြီးပေါ်ရှိ Ambala Toll Plaza အနားမှာ ချပေးခဲ့ပြီး သူတို့ကတော့ Dera Bassi မြို့ဖက်ကို ဆက်လက်မောင်းနှင်သွားခဲ့ကြောင်း India Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ နောက်ဆုံးရသတင်းကတော့ Drea Bassi မြို့နယ်ရဲမှူ Satinder Singh ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဟာ Ambala Toll Plaza အနားက CCTV တွေကနေ ခြေရာခံလိုက်နေပြီဖြစ်ကြောင်း၊ မကြာခင်အချိန်အတွင်း ဖမ်းဆီးနိုင်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ HT သတင်းဌာနကို ပြောပြခဲ့ကြောင်း သိရှိရပါတယ်။

READ
တွစ်တာပေါ်မှာနာမည်ကြီးသွားခဲ့တဲ့ ဗြိတိန်တော်ဝင်တီးဝိုင်းအဖွဲ့ရဲ့ Bohemian Rhapsody
[email protected]

Pyi Hein Kyaw

SHARE