ရိုက်ကူးရေးတွေ နားထားလို့ အလုပ်လက်မဲ့ဖြစ်နေကြောင်း ငြီးတွားခဲ့တဲ့ Robert DeNiro

[email protected]

Robert De Niro လို့ ပြောလိုက်တာနဲ့ လူတိုင်းနီးပါးသိလောက်မှာပါ။ တစ်ချိန်တုန်းက 90 ခေတ်တွေရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ခဲ့သလို ဒီဘက်ခေတ်က ဇာတ်ကားတွေမှာလည်း ခေတ်နဲ့ လျော်ညီစွာ လိုက်လံသရုပ်ဆောင်နိုင်တဲ့ ခေတ်ဟောင်းမင်းသားကြီးတစ်ဦးလဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Robert ဟာ ဇနီးဖြစ်သူ Grace Hightower နဲ့ ကွာရှင်းဖို့ ထောက်ပံ့ကြေးပေးတဲ့ကိစ္စမှာ ဈေးဆစ်နေကြောင်း Page Six သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် (၇၆) နှစ် ရှိပြီဖြစ်တဲ့ Robert ဟာ ၁၉၉၇ ခုနှစ်ကတည်းက ဇနီးဖြစ်သူ Grace နဲ့ လက်ထပ်ခဲ့ပြီး  ၁၉၉၉ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၄ ခုနှစ်မှာ ပြန်ပေါင်းခဲ့ကြပြီး Helen အမည်ရတဲ့ သမီးလေးတစ်ယောက်နဲ့ Elliot အမည်ရ သားကလေးတစ်ယောက်ကို ဖွားမြင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာတော့ Robert ဘက်ကနေပြီးတော့ ဇနီးသည်ဖြစ်သူ Grace နဲ့ ကွာရှင်းဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ကွာရှင်းစရိတ်နဲ့ ပတ်သတ်ပြီး Robert နဲ့ Grace တို့ကြား  ပြေလည်မှု မရရှိဘဲ အပြန်အလှန် အငြင်းပွားနေခဲ့တာကြောင့် အဲ့ဒီအမှုဟာ လက်ရှိအချိန် အထိ မပြီးပြတ်သေးပါဘူး။

Rober နဲ့ Grace တို့ရဲ့ ကွာရှင်းမှု ပထမဦးဆုံး ရုံးချိန်မှာတည်းက တရားရုံးက ချမှတ်ထားတဲ့ အမိန့်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ အမှုအတွက် တရားရင်ဆိုင်နေတုန်းမှာ Grace နဲ့ သားသမီး(၂)ဦးအတွက် တစ်လကို အမေရိကန်ဒေါ်လာ(၁၀၀,၀၀၀) ထောက်ပံ့ကြေး ပုံမှန်ပေးဖို့ Robert ကို ညွှန်ကြားထားခဲ့တာပဲ ဖြစ်ပါတယ်။

READ
ထိုင်းနိုင်ငံရဲ့ အလန်းဆုံး အချောဆုံး Transgender အလှလေး (၁၀)ယောက်

(၁၀.၇.၂၀၂၀)ရက်နေ့က ရုံးချိန်းမှာတော့ ဇနီးသည် Grace က Covid-19 ကို အကြောင်းပြပြီး Robert ဟာ သူမနဲ့ သားသမီး(၂)ဦးကို အိမ်ပေါ်က နှင်ချထားတာ (၃)လကျော်ပြီဖြစ်ကြောင်း၊ လစဉ်ပေးရမယ့် ထောက်ပံ့ကြေးကိုလည်း ဒေါ်လာ(၁၀၀,၀၀၀)အစား (၅၀,၀၀၀)သာ ပေးနေကြောင်း တရားသူကြီးကို တိုင်ကြားခဲ့ပါတယ်။

Robert ကတော့ လက်ရှိအချိန်ဟာ COVID-19 ကြောင့် အားလုံးဒုက္ခရောက်နေရတဲ့ ကာလဖြစ်လို့ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေ နားထားရကြောင်း၊ အလုပ်လက်မဲ့ ကာလဖြစ်လို့ သူ့မှာလည်း ၀င်ငွေသိပ်မရှိဘူးလို့ အကြောင်းပြခဲ့ပြီး တစ်လကို ဒေါ်လာ ၅၀,၀၀၀ သာ ပေးဖို့ တတ်နိုင်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

READ
"Good Morning" ဆိုပြီး ပုံလေးတွေနဲ့ နှုတ်ဆက်လိုက်တဲ့ သင်ဇာဝင့်ကျော်

အမှန်တကယ်တော့ Robert ဟာ အမေရိကန်ဒေါ်လာ သန်း(၅၀၀)လောက်အထိ ချမ်းသာကြွယ်ဝတေယ်လို့ သိရပြီး Grace ဘက်က ကွာရှင်းစရိတ်ကို သန်း(၂၀၀)ကျော်အထိ တောင်းဆိုခဲ့လို့သာ ကွာရှင်းမှုဟာ ယနေ့အထိ မပြီးပြတ်သေးတာပဲ ဖြစ်ပါတယ်။

အဆုံးသတ်မှာတော့ တရားသူကြီးက Grace နေဖို့ အိမ်အသစ် ရှာမတွေ့သေးခင် အချိန်အထိ Robert အနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ (၇၅,၀၀၀) ထောက်ပံ့ပေးဖို့ အမိန့်ချမှတ်ခဲ့ပြီး Robert အမှန်တကယ် ပေး၊ မပေးကိုလည်း နောက်တစ်ခေါက် ရုံးချိန်းမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

View this post on Instagram

#robertdenirofan

A post shared by Sir Robert De Niro (@robertdenirofan) on

Pyi Hein Kyaw

SHARE