Iron Man ဇာတ်ကောင်နဲ့ အော်စကာဆု မရချင်ဘူးလို့ ဆိုလာတဲ့ Robert Downey Jr.

Avengers: Endgame

Iron Man ဇာတ်ကောင်ကြောင့် Robert Downey Jr. တစ်ယောက် Marvel fan တွေရဲ့ အားအပေးခြင်းခံရဆုံး ဇာတ်ကောင်အဖြစ် တည်ရှိနေရင်းနဲ့မှ Avengers: Endgame မှာ Iron Man တစ်ယောက် သေဆုံးသွားခဲ့တဲ့အတွက် အဲဒီအားပေးမှုတွေဟာ ပိုမိုမြင့်တက်လို့လာခဲ့ပါတယ်။ လက်တလောမှာလည်း fan တွေဟာ Robert Downey Jr. ကို Iron Man ဇာတ်ကောင်နဲ့ အော်စကာဆု ရစေချင်နေကြပါတယ်တဲ့။

Avengers: Endgame
Avengers: Endgame

ဒီကိစ္စနဲ့ပတ်သက်ပြီး Robert Downey Jr. ကတော့ သူ့အနေနဲ့ Iron Man သို့မဟုတ် Tony Stark ဇာတ်ကောင်နဲ့ အော်စကာမရချင်ပါဘူးဆိုပြီး Howard Stern Show မှာ ဖွင့်ပြောလာခဲ့ပါတယ်။ အင်တာဗျူး ဖြေထားတဲ့ YouTube ဗီဒီယိုအရလည်း  အော်စကာဆုရဖို့အတွက် သူ့တစ်ယောက်တည်းအနေနဲ့ မထိုက်တန်ကြောင်း၊ ရသင့်တဲ့ အချိန်လည်းမဟုတ်သေးကြောင်းနဲ့ ဆုရခဲ့မယ်ဆိုရင်လည်း MCU ဖက်ကသာ ထိုက်တန်တယ်ဆိုပြီး Robert Downey Jr. က ပြောလာခဲ့ပါတယ်။

READ
လူအစစ်နဲ့ခွဲမရအောင်တူကြတဲ့ အနုပညာရှင်တို့ရဲ့အံ့မခမ်းဖယောင်းရုပ်ထုများ

ဒီအပြင် Marvel ကားတွေဟာ ရုပ်ရှင်မဆန်ဘဲ ဇာတ်ကားသက်သက်တွေသာဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်အပေါ်မှာလည်း Robert Downey Jr. ကနေပြီး ရုပ်ရှင်ဟုတ်၊ မဟုတ်ဆိုတာ တစ်ဦးချင်းထင်မြင်ယူဆချက်နဲ့သာ သက်ဆိုင်ပြီး ရုပ်ရှင်မဟုတ်ဘူးဆိုလည်း ရုံမှာရုံတင်ပြသခဲ့ပြီး မတူညီတဲ့ရှုထောင့်တွေက ကြည့်မယ်ဆိုရင်တော့ အဆိုးတွေကြားမှာ ကောင်းကွက်လေးတစ်ခုစီတော့မြင်မိမှာပါတဲ့။

Avengers: Endgame
Avengers: Endgame

Disney studio ကတော့ Avengers: Endgame အနေနဲ့ Best Picture အဖြစ် သတ်မှတ်ဖို့အတွက် လှုံဆော်မှုတွေ ပြုလုပ်နေသလို Anthony နဲ့ Joe Russo တို့ ဒါရိုက်တာနျစ်ယောက်နဲ့ screenwriter တွေဖြစ်ကြတဲ့ Christopher Markus နဲ့ Stephen McFeely တို့တွေလည်း စံကာတင်စာရင်းထဲတော့ ပါသင့်တယ်ဆိုပြီး Robert Downey Jr. က မှတ်ချက်ပေးထားပါသေးတယ်။

READ
ခွဲစိတ်မှုတစ်ခုကြောင့် ဆေးရုံတက်နေရတဲ့ ၀င့်ယမုံနိုင်

Penny

SHARE