Iron Man ခေါင်းစွပ်ကြောင့် မျက်ကန်းလိုဖြစ်ခဲ့ရတယ်ဆိုတဲ့ Robert Downey Jr.

instagram/ironman.official

MCU သရုပ်ဆောင်ဟောင်းဖြစ်တဲ့ Robert Downey Jr. ဟာ My Next Guest Needs No Introduction With အစီအစဉ်မှာ တင်ဆက်သူ David Letterman နဲ့အင်တာဗျူးအမေးအဖြေလုပ်ခဲ့ပါတယ်။ Robert က မာဗယ်လ်ကို ဒစ်စနီမပိုင်ခင် ၂၀၀၈ ခုနှစ်တုန်းက Iron Man အဖြစ် သရုပ်ဆောင်ရတာ ဘယ်လိုခက်ခဲတယ်ဆိုတဲ့အကြောင်းပြောပြခဲ့တာပါ။

 

View this post on Instagram

 

One hell of a hit. #ironman #marvel

A post shared by Iron Man | Tony Stark (@ironman.official) on

အထူးသဖြင့် Iron Man ခေါင်းစွပ်ဟာဆိုရင် အရှေ့ကိုမြင်ဖို့ခက်ခဲတဲ့အပြင် ခေါင်းမှာစွပ်ထားရတာ အရမ်းနာကျင်တဲ့အကြောင်းလည်း ပြောပြခဲ့ပါတယ်။ David Letterman က Robert ဟာ ရုပ်ရှင်ရိုက်ကူးနေစဉ်တစ်လျှောက်လုံးမှာရော ဒီခေါင်းစွပ်ဆောင်းထားရဲ့လားဆိုပြီး  မေးမြန်းခဲ့တာပါ။

READ
ပရိသတ်တွေ အထင်လွဲနေမှာစိုးလို့ ပြန်လည်ရှင်းလင်းလိုက်တဲ့ ဟန်တီ

Robert ကတော့ အခုလိုပြန်ဖြေခဲ့ပါတယ်။ “မေးခွန်းကောင်းပါပဲ။ အစပိုင်းတော့ အားလုံးဝတ်ထားရတာ။ သူတို့က CG နဲ့ပြင်ရတာကို အတတ်နိုင်ဆုံးနည်းနိုင်သမျှ နည်းစေချင်တယ်။ ငွေကုန်ကြေးကျ လျှော့ချချင်တာလည်း ပါတာပေါ့လေ။ဒါကြောင့် ရိုက်ကူးရေးရှိရင် ကျွန်တော်က အချိန်ပြည့် ဝတ်စုံပြည့်ဝတ်ထားရတာ။ သူတို့ကတော့ သူတို့လိုချင်တဲ့ပုံစံဖြစ်အောင်ပြောတာပေါ့လေ။ ခေါင်းစွပ်ဝတ်လိုက်တဲ့အခါမှာတော့ လုံးဝပိတ်သွားရော။ ကျွန်တော် ဘာမှမမြင်ရဘူး။ ပြီးတော့ အထဲမှာ မီးလုံးပါသေးတယ်။ ကျွန်တော် လုံးဝအကန်းလိုဖြစ်သွားတာ။”

 

View this post on Instagram

 

What’s going to happen, will happen. #ironman #avengers #marvel

A post shared by Iron Man | Tony Stark (@ironman.official) on

MCU နဲ့ သူနဲ့လုပ်ငန်းအဆုံးသတ်သွားတဲ့အချိန်မှာတော့ Robert ဟာ Iron Man ဝတ်စုံကိုသဘောမကျဘူးဆိုတာ ပိုသေချာသွားစေပါတယ်။ “ပြီးခဲ့တဲ့ Avengers ကားရိုက်တော့ သူတို့ကပြောတယ်။ ဟေ့ Robert ဒီခေါင်းစွပ်ဆောင်းပေးပါလား။ ဆောင်းမှာလား မဆောင်းဘူးလားပေါ့။ အဲ့ဒီအခါ ကျွန်တော်က မဆောင်းတော့ဘူး။ ဒီမှာအစက်လေးနှစ်စက်သာ လုပ်ပေးတော့။ နောက်တော့မှပဲ CG နဲ့ပြန်ဖြည့်လိုက်ဆိုပြီး ပြောရတယ်။” လို့ Robert က အရွှန်းဖောက်ပြီး ဖြေခဲ့တာကိုလည်း complex သတင်းစာမျက်နှာအရ သိရပါတယ်။

READ
မျက်မှန်တပ်လိုက်မှ ပိုကြွေစရာ ဖြစ်သွားတဲ့ ကိုရီးယားအမျိုးသားဆယ်လီများ

ShweMom

SHARE