Nightmare on Elm Street ဆိုတဲ့ ရုပ်ရှင်ကားကတော့ Horror ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက်တော့ အထူးမိတ်ဆက်ပေးနေရမယ့် ရုပ်ရှင်ကားတစ်ကားတော့ မဟုတ်ပါဘူး။ အဆိုပါ ရုပ်ရှင်ကားကလူတွေရဲ့ အိပ်စက်အနားယူချိန်မှာ အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့ Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါး အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ထဲမှာ Robert Englund က ဗီလိန်လူဆိုးကြီး Freddy Krueger နေရာမှာ သရုပ်ဆောင်ထားပါတယ်။ အခုတော့ Freddy Krueger က လူတွေကို လုံးဝအိပ်မပျော်အောင်လုပ်မယ့် နည်းလမ်းတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ သူ ကိုယ်တိုင်ပဲ သူ့ရဲ့ အမှတ်တံဆိပ်နဲ့ ကော်ဖီတွေကို ရောင်းချတော့မှာပါ။
A Nightmare on Elm Street ရုပ်ရှင်က ၁၉၈၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ကို ဘတ်ဂျက်အနည်းငယ်နဲ့သာ ရိုက်ကူးထားပေမယ့်လည်း ရုံတင်ပြသချိန်မှာတော့ မယုံကြည်နိုင်အောင် ဝင်ငွေတွေရရှိခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
Robert Englund က ဒီရုပ်ရှင်နဲ့ အလွန်အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပမယ့် ဒီရုပ်ရှင်ပြီးနောက်မှာတော့ တခြားရုပ်ရှင်တွေ ပါဝင်ရာမှာ မအောင်မြင်ခဲ့ပါဘူး။ တီဗွီရှိုးတွေနဲ့ ရုပ်ရှင်ကားတချို့မှာ ဇာတ်ပို့၊ဇာတ်ရံတစ်ယောက်အဖြစ်နဲ့သာ ပါဝင်သရုပ်ဆောင်ခဲ့ရတာပါ။ ဒါ့အပြင် ဗီဒီယိုဂိမ်းတချို့နဲ့ အန်နီမေးရှင်းရှိုးတွေမှာ နောက်ခံစကားပြောသူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။ တကယ်တော့ Robert Englund ရဲ့ ဘဝတစ်လျှောက်လုံးက A Nightmare on Elm Street ရုပ်ရှင်က အင်မတန်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာပါတဲ့ သူ့ရဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ပဲ sequels ရုပ်ရှင်တွေ၊ ဗီဒီယိုဂိမ်းတွေနဲ့ တီဗွီရှိုးတွေကို ရိုက်ကူးပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်က Freddy vs. Jason ဆိုတဲ့ crossover ရုပ်ရှင်ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ The Goldbergs ဆိုတဲ့ ရုပ်သံစီးရီးတစ်ခုမှာလည်း Cameo အဖြစ် သရုပ်ဆောင်ပါဝင်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ သူက သူ့ရဲ့ နာမည်ကျော်ဇာတ်ရုပ်ကို စီးပွားရေးနယ်ပယ်ထဲကို ပြန်လည်ထည့်သွင်းလာခဲ့ပါပြီ။
Dead Sled Coffee အမှတ်တံဆိပ်ကုမ္ပဏီတစ်ခုကနေပြီး Robert Englund နဲ့ အတူတူ ပေါင်းဖက်ပြီး အခုလို ကော်ဖီ ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးနာမည်ကျော် Horror ဇာတ်ရုပ်တစ်ရုပ်ရဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ ပေါင်းပြီး ကော်ဖီထုတ်မယ့် လုပ်ငန်းစဉ်ကို လျှို့ဝှက်ထားပြီးမှ အခုလို ကုမ္ပဏီက ကြေညာခဲ့တာပါ။ Dead Sled Coffee ကုမ္ပဏီဟာ အမြဲတမ်းလိုလို ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ပေါင်းဖက်ပြီး ကော်ဖီတွေ ထုတ်လုပ်နေလ့ရှိတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ အရင်ကလည်း The Toasters ဆိုတဲ့ ရော့ခ်ဘန်တစ်ခုနဲ့ ပူးပေါင်းပြီး ကော်ဖီထုတ်လုပ်ခဲ့ပါသေးတယ်။
Robert Englund ကိုယ်တိုင်ကလည်း Freddy Krueger ဇာတ်ရုပ်ကနေ အနားယူပြီး နောက်ပိုင်း သရုပ်ဆောင်အလုပ်မှာ စန်းကျလာသလို ရုပ်ရှင်ကုမ္ပဏီလေးတွေက ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေမှာတောင် အရေးမပါတဲ့ ဇာတ်ရုပ်တွေကပဲ သရုပ်ဆောင်နေခဲ့ရတာပါ။ လက်ရှိ ကပ်ရောဂါကာလအတွင်း စီးပွားရေး ကြပ်တည်းနေချိန်မှာ Dead Sled Coffee ရဲ့ ကမ်းလှမ်းမှုအတွက် အရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသလို ကော်ဖီသာ လူကြိုက်များခဲ့ရင် သရုပ်ဆောင်ဘ၀ကပါ အနားယူဖို့ စဉ်းစားထားတယ်လို့ Robert Englund က ၀န်ခံခဲ့ပါတယ်။
View this post on Instagram
Trick or Treating with my favorite Elm St brat @Vamp #WSCAtlanta @walkrstalkrcon.
ညညဆို အိပ်မက်တွေထဲ ရောက်လာတတ်တဲ့ Freddy Krueger ရဲ့ ရန်ကနေ ကင်းဝေးစေဖို့ Freddy Krueger နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားကိုယ်တိုင်ရောင်းတဲ့ ကော်ဖီလည်းဖြစ်ပါတယ်။
Ye Yint Kyaw