Twilight ဇာတ်ကားမှာ ရွေးချယ်ခံခဲ့ရလို့ စိတ်ညစ်ခဲ့ရကြောင်း ၀န်ခံခဲ့တဲ့ Robert Pattinson

Warner Bros. Pictures/Summit Entertainment

Twilight ဇာတ်ကားကို ကြည့်ဖူးတဲ့သူတွေတိုင်း Twilight မင်းသား Robert Pattinson ကို သိကြမှာပါ။ ခန္ဓာကိုယ်တောင့်တောင့်၊ အသားဖြူဖြူ၊ မေရိုးကြီးကြီးနဲ့ Robert ဟာ မိန်းကလေးတော်တော်များများရဲ့ အသည်းစွဲပါပဲ။ ဒါပေမယ့် Robert ဟာ Twilight ဇာတ်ကားမှာ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ တော်တော်စိတ်ညစ်ခဲ့ရကြောင်း  Allure သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“Twilight ဇာတ်ကားထဲက မင်းသားနေရာက ကျွန်တော့်စိတ်တိုင်းကျ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော် သရုပ်ဆောင်ရမယ်ဆိုတဲ့ သတင်းလည်းကြားရော တော်တော်စိတ်ပျက်သွားတယ်။ ဘယ်လောက်တောင် စိတ်ပျက်လဲဆိုရင် ခန္ဓာကိုယ်ကိုပါ လာထိခိုက်တာပဲ။ အဲဒီအချိန်တုန်းကဆိုရင် ဆံပင်တောင်မရှိဘူး။ ကတုံးဆံပင်ပေါက်ပုံစံနဲ့။ စိတ်ညစ်ပြီး တစ်နေကုန်အခန်းထဲမှာ ဘီယာတွေပဲ သောက်နေတာ လပေါင်းများစွာကြာခဲ့တယ်။ ခန္ဓာကိုယ်ကလည်း ဝဖိုင့်ဖိုင့်နဲ့ တော်တော်စိတ်ညစ်ဖို့ကောင်းတယ်” လို့ Allure သတင်းဌာနကို ပြောပြခဲ့ပါတယ်။

“အဲဒီ Twilight ဇာတ်ကားမှာထက် Harry Potter ဇာတ်ကားမှာ Cedric အဖြစ်သရုပ်ဆောင်ရတာက ကျွန်တော့်အတွက်ပိုကောင်းတယ်။ အဲဒီအချိန်တုန်းက ယုံကြည်မှုလဲ အပြည့်ရှိခဲ့တယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။ Robert ရဲ့ ပရိတ်သတ်တွေအတွက် နောက်ထပ်သတင်းကောင်းတစ်ခုကတော့ နောင်နှစ် ၂၀၂၁ ခုနှစ် မှာ Robert ကို Bruce Wyne (သို့မဟုတ်) Batman နေရာမှာ သရုပ်ဆောင်ထားတာ တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

READ
ပရိသတ်တွေအထင်မလွဲစေဖို့ မေမေကိစ္စကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ပွင့်နဒီမောင်

Pyi Hein Kyaw

SHARE