Batman အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နေပြီဆိုတဲ့ Robert Pattinson

Denis Makarenko/shutterstock

ခေတ်အဆက်ဆက်ရုပ်ရှင်မင်းသား မင်းသမီးတွေဟာာ သူတို့ရိုက်ကူးမယ့် ဇာတ်ကောင်နဲ့လိုက်ဖက်အောင် ကိုယ်အလေးချိန်တက်လိုရင်တက်၊ ကျလိုရင်ကျ၊ ကြွက်သားတွေထွက်မှ အဆင်ပြေမယ်ဆိုရင်လည်း ရုပ်ရှင်မရိုက်ကူးခင်ကတည်းကိုက ပြင်ဆင်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်လာခဲ့ကြတာပါ။ ဒါကြောင့်လည်း ဟောလိဝုဒ်လောကဟာ ကမ္ဘာ့ရုပ်ရှင်လောကကို လွှမ်းမိုးနေခဲ့တာပေါ့။

အခုလည်း Batman ဇာတ်ကောင်အတွက် တာဝန်ယူထားတဲ့ Robert Pattinson တစ်ယောက် လေ့ကျင့်ခန်းတွေကြိတ်ပြီးလုပ်နေဟန်တူပါတယ်။ စူပါဟီးရိုးဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Batman ဟာ comic စာအုပ်ထဲကပုံစံနဲ့ လိုက်ဖက်ညီအောင် သရုပ်ဆောင်တွေဆိုတာကလည် ခန္ဓာကိုယ်ခပ်တောင့်တောင့် ဖြောင့် ဖြောင့်ရှိနေရမှာဖြစ်ပြီး မျက်နှာထားကလည်း ချေမိုးလွန်းနေရပါတယ်။ ဒီအပြင် စော်ကြည်စန်းပွင့်တဲ ဇာတ်ကောင်ဖြစ်တာကြောင့်လ်း ရုပ်ရည်ပိုင်းဆိုင်ရာမှာ သာမန်တည်ကြည်ခန့်ငြားမှုထက် ပိုတဲ့ ပုံစံမျိုးရှိမှာသာ ဇာတ်ကောင်ရုပ်ပိုင်းဆိုင်ရာအရပြည့်စုံမှုရှိသွားမှာပါ။

Andrea Raffin/shutterstock

ဒီကိစ္စနဲ့ပတ်သက်ပြီး Robert Pattinson ကနေ အင်တာဗျူးတစ်ခုမှာ အခုလိုပဲပြောသွားခဲ့ပါတယ်။ မေးသူက Robert Pattinson အနေနဲ့ Batman အတွက် မာဆယ်တွေဘာတွေတင်နေပြီလားဆိုပြီး မေးလာခဲ့ပါတယ်။ ဒါကိုသူ့အနေနဲ့အရမ်းကြီး ပြင်းပြင်းထန်ထန်မဟုတ်သေးပေမယ့်လို့ အစတော့ပြုနေပါပြီဆိုပြီး ဖြေဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ဘူး၊ မုန်းတယ်တဲ့။ ဒါပေမဲ့ အခုဆိုရင်တော့ လေ့ကျင့်ခန်းအပြင် ကားရိုက်မရှိတုန်း အမြဲတမ်းပီဇာပဲမှာစားဖြစ်နေတဲ့ အကျင့်ကြီးကိုလည်း ပြင်လိုက်ကာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွလည်း စားနေပါပြီတဲ့။

READ
အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ပြောလိုက်တဲ့ မင်းမော်ကွန်း
Imdb/Twilight

 

ထပ်ပြီး “ကျွန်တ်ာတစ်နေ့တစ်ခြားအိုလာပြီဗျ။ တော်တော်သိသာတယ်။ နောက်ပြီ ဒီပုံကြီးနဲ့ဆိုမဖြစ်ဖူးလေ။” လို့ပြောသေးပြီး Batman ဝတ်စုံဝတ်တဲ့အခါ တင်ပါးလေးလှနေမှဖြစ်တဲ့အတွက်ကြောင့် သူသာ ဒီလိုပုံကြီးအတိုင်း ဆက်ရိုက်မယ်ဆိုရင် ဖင်တုတပ်နေရမယ်ဆိုတဲ့သဘောနဲ့ ရွှတ်နောက်ကာပြောသွားခဲ့ပါသေးတယ်။ Robert Pattinson ရဲ့Batman ကိုတော့ လာမယ့် ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့မှာ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

Penny

SHARE