Batman အဖြစ် မြင်တွေ့ရတော့မယ့် Twilight မင်းသား Robert Pattinson

Batman ဇာတ်ရုပ်ဟာ DC မှ ထွက်ရှိခဲ့သမျှ comic character တွေထဲ နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံးအဖြစ် ထိပ်ဆုံးမှာရှိနေတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်ပါတယ်။ ဒီလို comic character ကောင်းတစ်ခုကိုလည်း လူကိုယ်တိုင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကား live-action တွေ၊ ကာတွန်းတွေ၊ animation တွေအနေနဲ့လည်း အများကြီး ရိုက်ကူးခဲ့ကြပါတယ်။ Live-actions မဟုတ်တဲ့ animation တွေမှာဆိုရင်လည်း အသံသရုပ်ဆောင်ခဲ့တဲ့ Batman ပေါင်း ၁၀ ယောက်ကျော်နဲ့အထက်မှာပဲရှိနေပြီး Live-action ရုပ်ရှင်တွေ၊ series တွေမှာဆိုရင်တော့ Batman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေဟာ အဖြူအမည်းခေတ်မှစလို့ ယနေ့အချိန်အထိ Adam West, Micheal Keaton, George Clooney, Christian Bale နဲ့ Ben Affleck တို့လို သရုပ်ဆောင်ဆောင်မျိုးတွေ ၆ ယောက်ထက်မနည်းရှိနေခဲ့ပါတယ်။ Batman ဇာတ်ရုပ်ကိုတော့ ၁၉၄၃ ခုနှစ်မှာ Bob Kane နဲ့ Bill Finger တို့က ပူးပေါင်းဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

Batman Begins

နောက်ဆုံး Batman ကတော့ Ben Affleck ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League မှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

READ
ခပ်မိုက်မိုက်ပုံလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ဧငြိမ်းဖြူ
polygon

၂၀၂၁ ခုနှစ်မှာ တော့ Batman ရဲ့ solo live-action တစ်ခု အသစ်ထွက်ဖို့ရှိတယ်လို့ သတင်းသဲ့သဲ့ထွက်နေခဲ့တာတော့ကြာနေပါပြီ။ အဲဒီသတင်းနောက်မှာ ကပ်ပါလာတာတဲ့ မေးခွန်းတွေကတော့ Batman အသစ်ရဲ့နေရာမှာ ဘယ်သူဖြစ်မလဲဆိုတာပါပဲ။ Facebook နဲ့ Twitter တို့မှာတောာ့ Robert Pattinson ဟာ Batman အသစ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေဟာလည်း ၂၀၁၈ နှစ်ကုန်ပိုင်းမှာကတည်းက ထွက်ပေါ်လို့နေခဲ့ပမေယ့် rumor လား တကယ်လားဆိုပြီး ပရိတ်သတ်တွေ မခွဲခြားနိုင်ခဲ့ပါဘူး။

Instagram

နောက်ဆုံးမှာတော့ ဒီသတင်းဟာ အမှန်ဖြစ်ဖို့အတွက် ၉၉% သေချာနေပြီလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ Wanner’s Brothers နဲ့ Robert Pattinson တို့ဟာ အခုအချိန်မှာ ဆွေးနွေးငြိနှိုင်းတာ သဘောတူညီမှု ရသွားပြီဖြစ်လို့ Robert Pattinson ကို Batman အဖြစ် မြင်တွေ့ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။

READ
အချစ်ရေးသတင်းတွေ ထွက်နေချိန်မှာပဲ စုံတွဲ ပုံတွေ တင်လိုက်တဲ့ ရွှေမှုံနဲ့ရွှေထူး
PHILIPP GUELLAND/EPA-EFE/REX/SHU

Robert Pattinson လို့ပြောလိုက်တာနဲ့ လူတော်တော်များများဟာ Twilight ထဲက vampire Edward အဖြစ် အသိများကြပါတယ်။ ဒီအပြင် Harry Potter and the Goblet of Fire ထဲမှာလည်း Cedric အဖြစ် သရုပ်ဆောင်ဖူးခဲ့ပြီး Remember Me တို့ Water for Elephant, Life, The Light House စတဲ့ drama ဇာတ်ကားတွေအပြင် The Lost City of Z, Cosmopolis, Good Time, High Life တိုလိုမျိုးတွေမှာလည်း သရုပ်ဆောင်မညံ့ခဲ့တဲ့ ရသစုံရအနုပညာရှင်တစ်ဦးပါ။

Instagram

Casting ပြီးသွားပြီဆိုရင်တော့ ၂၀၂၁ မှာ ထွက်ရှိမယ့် ရုပ်ရှင်အတွက် ရိုက်ကူးရေးတွေကို ၂၀၁၉ ခုနှစ် အကုန်သို့မဟုတ် ၂၀၂၀ ခုနှစ်စစချင်းမှာ စတင်မှာဖြစ်ပါတယ်။

Source: Variety

Penny

SHARE