ချစ်သူလက်ကို ဆုပ်ကိုင်ရသလို ခံစားမှုမျိုး ပေးစွမ်းနိုင်မယ့် Device

Image:freepik.com/marymarkevich & youtube /お散歩彼女

ကံဆိုးမိုးမှောင်ကြနေတဲ့ အခါ ဆွဲကိုင်စရာ ချစ်သူ လက်မရှိ ဖြစ်နေလား..?ရိုမန်တစ်ဆန်ဆန် အချိန် လေးတွေကို ချစ်သူနဲ့ လက်တွဲ ဖြတ်သန်း ချင် ပေမယ့် လည်း ချစ်သူ မရှိ ဖြစ် နေတယ်ဆိုရင် တော့ ဒီ ပြဿနာတွေ ကို ဖြေရှ င်းေ ပးနိုင်မယ့် အ ကောင်းဆုံး Device တစ်ခု ထွက်ပေါ် လာခဲ့ပါပြီ။ဟာသ ဆန်ဆန်လို မျိုး ဖြစ် ကောင်ြး ဖစ်ေ နနိုင်ပေမယ့် ပညာရှင်တွေ က တော့ လိုအပ်နေတဲ့သူတွေ အတွက် တကယ် အတည်ကြီး ဖန်တီး တီထွင် ပေး လိုက်တာပါ။ဂျပန်က သုတေသီတွေ ဖန်တီးပေးလိုက်တဲ့ ဒီ Device က တော့ ဆုပ်ကိုင် ချင်ပေမယ့် ဆုပ်ကိုင်စရာ လက် မရှိတဲ့ သူတွေ အတွက်  အကောင်း ဆုံး ပစ္စည်းလေးပါ။ဒီအကြောင်းကိုတော့ odditycentral မှာ ဖော်ြ ပထားတာပါ။

Image:freepik.com/freepik

ဒီ Device ကိုတော့ ဂျပန်နိုင်ငံ Gifu University မှာ ရှိတဲ့ သုတေသန အဖွဲ့ တစ်ဖွဲ့က နေ တီထွင်လိုက်တာ ပါ။“My Girlfriend in Walk” ဆိုတဲ့ ဒါ လေးက တော့ ရည်းစား မရှိတဲ့သူတွေ၊ရည်းစားနဲ့ က ဝေးနေ ရတဲ့ သူတွေ အတွက် အစားထိုး နွေးထွေးမှု ပေးနိုင်မယ့် Device ဆိုပြီး တော့ သူတို့ ပစ္စည်း ကို ညွှန်း ထားပါတယ်။ရည်းစားလက်ကို ကိုင်ရသလို အထိ အတွေ့၊ခံစားမှု မျိုး၊စိတ်ကျေနပ်မှုမျိုးကို  ဒီ Device က ပေးစွမ်း နိုင် တယ်လို့ လည်း  ဖန်တီး တဲ့ သူတွေ က တော့ ပြောပါတယ်။(တကယ် ပေးနိုင် မနိုင်က တော့ လည်း ကိုယ်တိုင် ကိုင်ကြည့်မှ သိမှာပေါ့နော် ..)

Image:freepik.com/hryshchyshen

My Girlfriend in Walk လို့ နာမည်ပေးထားတဲ့ ဒီ Device က တော့ စက်ရုပ်လက်ပါ။စက်ရုပ်လက်ကြီး ဆိုတော့ ကိုင်တဲ့ အခါ တောင့်တောင့် ကြီး ဖြစ် နေ မှာလား လို့ တွေးပူစရာ ရှိပါတယ်။အဲ့ဒီ အတွက် တော့ ပူစရာ မလိုပါဘူး။သူ့မှာတော့ တကယ့်အ ရေပြားကို ထိ တွေ့ရသလို မျိုး ခံစားမှု ပေးစွမ်း နိုင်တဲ့ ပစ္စည်းတွေ နဲ့ ပြုလုပ်ပေးထားပါတယ်။ဒါတင်မက သေးပါဘူး။သူ့မှာတော့ microcomputer, pressure sensor, motor  တွေ ပါပါတယ်။ခုနက ပြောခဲ့သလို ပဲ စက်ရုပ်လက်ဆိုတော့ တောင့်မေ န အောင် လို့ သူ့မှာဆိုရင်တော့ နူးညံ့ တဲ့ soft gel material နဲ့ အပေါ်မှာ အုပ် ပေးထားပါတယ်။အဲ့ ဒီတော့ ကိုင်လိုက် တဲ့ အခါ မှာ လူ တစ်ယောက်ရဲ့ အရေပြား ကို ထိ တွေ့ရသလို နူးညံ့တဲ့ အထိ အတွေ့ ကို ပေးနိုင်ပါတယ်။တကယ့်ရည်းစားလက် ထက် တောင် ပိုနူးညံ့ ချင် နူးညံ့ နေနိုင်ပါတယ်။

READ
Facebookက သိနေတဲ့ သင့်အကြောင်းတွေကို ဘယ်လိုဖျက်မလဲ
Image: youtube /お散歩彼女

လက်ကိုင်လိုက်ရင် အနွေးဓါတ်တွေ စီးကူးပြီး လက်လေးတွေ က နွေးနေတတ်ပါတယ်။စက်ရုပ်လက်ကြီးကို ကိုင်ရင် ရော ဒီလို ခံစားရ ပါ့မလား လို့ တွေး ပူ နေရင်တော့ ခံစားရမှာပါ။ film heater ပါတဲ့ အတွက် ကြောင့် နွေးနွေးလေး ဖြစ်နေမှာပါ။လူ့ အရေပြားလို လဲ ခံစားရမယ်၊နွေးလဲ နွေး ရမယ်ဆိုတဲ့ အချက် တွေ လည်း ပါ နေ ပေမယ့် အနံ့ ရော လို့ ထပ်ပြီး ဈေးဆစ်ချင်တဲ့ သူတွေ ရှိချင် ရှိနေနိုင်ပါတယ်။သုတေသီတွေ က အဲ့အချက် ကိုပါ ထည့် တွက် ပေး ထားပါတယ်။ချွေးအတု လည်း ဖန်တီး ပေးတယ်၊လူ့ အရေပြားက နေ ထွက်တဲ့ အနံ့ နဲ့ ဆင်တူ တဲ့ အနံ့ မျိုးကိုလည်း ထွက် လာအောင် ထည့် သွင်း ဖန်တီး ပေးထားပါတယ်။ pressure sensor ပါ ပါတဲ့ အတွက် လက်ချင်းကိုင်လိုက်ရင် ခံစားရတဲ့ ဖိအား Pressure Feeling ကိုလည်း အပြည့် အ၀ ပေးနိုင် ပါတယ်။

READ
စက်ရုပ်တစ်ရုပ်နှင့် အတူနေရသည့် အတွေ့အကြုံကို ပြန်ပြောပြခဲ့တဲ့ အမျိုးသမီး
Image:.freepik.com/freepik

လက်ကိုင်ပြီး အေးဆေး လမ်းမလျှောက် ချင်ဘူး၊ကိုရီးယားဇာတ်ကားတွေထဲကလို ပြေးချင် တယ်ဆိုရင်လည်း သူ့ မှာပါတဲ့ sensor က အပြေး Feeling မျိုး ကို ပေးနိုင်ပါတယ်။နားလည် လွယ်အောင် ပြောရရင်တော့ တခြားတစ်ယောက် ရဲ့ လက်ကို ကိုင်ပြီး ပြေးတဲ့ အခါ  အဲ့လူက ကိုယ့်လက်ကို နောက်က နေ ဆွဲထားတဲ့ Feeling မျိုးကိုပါ ပေးနိုင်အောင် ပါ လုပ်ပေးထားပါတယ်။ဒါကြောင့် လက်ကိုင်ပြီး လမ်းပဲ လျှောက်လျှော က်၊ လက်ကို င်ပြီး ပြေးပြေး အခြေအနေ လိုက်ပြီး လိုက်လျော ညီ ထွေ ဖြစ်အောင် ပြောင်းလဲ ပေးနိုင်ပြီး တကယ့် အပြင် က လို ခံစားချက် မျိုး ပေးနိုင်ပါတယ်။

အသံရော မပါဘူး လားဆိုတဲ့ လူတွေ အတွက်လည်း စိတ်မပူပါနဲ့။စမတ်ဖုန်း App နဲ့ အတူ တွဲဖက် ရမှာပါ။သူ့မှာတဲ့ ကိရိယာ accelerator က နေ အသုံးပြုသူ့ရဲ့ အရှိန်ကို ထောက်လှမ်းပြီး တော့ ဖုန်း စပီကာ ကနေ ခြေလှ မ်းသံ၊အသက် ရှုသံ၊အ၀တ်တွေ နဲ့ အရေပြား ပွတ်တိုက်မိရင် ထွက်တဲ့ အသံတွေကို ပါ ထုတ်လွှတ် ပေးနိုင်ပါတယ်။ ဒါ့အပြင် လက်မှာ ပါတဲ့ အ၀တ်စ က နေ ခေါင်း လျှောက် ရည် ရှန်ပူ အနံ့ ပါ ထုတ်လွှတ်ပေးနိုင်ပါတယ်။လက်ရှိမှာတော့ စမ်းသပ် နေ စဲ ဖြစ်ပြီး ဖန်တီးသူတွေ က တော့ ဒီ Device လေးက အထီး ကျန်သူတွေ ရဲ့ စိတ်ကို ကုစားပေးနိုင်တဲ့ အရာ လေး ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

#SHWEMOM

SHARE