ဘာသာစကားအမျိုးမျိုးရဲ့ စာရေးနည်းအပြင် မိုနာလီဇာပုံကြမ်းပါရေးခြစ်နိုင်တဲ့ စက်ရုပ်

စက်ရုပ်တွေနဲ့ ပတ်သက်လို့ လူသားတွေဟာ အများကြီးမျှော်လင့်ထားကြပါတယ်။ မဝေးတော့တဲ့ အနာဂတ်အတွင်း စက်ရုပ်တွေက လူသားတွေရဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီလာနိုင်မယ်၊ သူတို့တွေကို စာရေးမှတ်ခိုင်းမယ်၊ လမ်းညွှန်ချက်တွေ၊ ပုံကားချပ်တွေကို လူတွေကိုယ်စား ရေးဆွဲမှတ်သားခိုင်းမယ် စသဖြင့် စိတ်ကူးထားကြပါတယ်။ အခုဆိုရင်တော့ လူသားတွေရဲ့ အဆိုပါ မျှော်လင့်ချက်တွေဟာ တစစနဲ့ ပီပြင်လာပြီလို့ ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ ဘရောင်းတက္ကသိုလ်က သုတေသနတစ်ခုမှာ စက်ရုပ်အသစ်တစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်ကြောင်း DailyMail အွန်လိုင်းစာမျက်နှာမှ တဆင့် သိရပါတယ်။

brown university

ထူးခြားချက်က စက်ရုပ်ဟာ သူ့ဘာသာသူ စာရေးနိုင်ပြီး ပုံကြမ်းတွေလည်း ဆွဲနိုင်ပါတယ်။ ပထမဆုံးတော့ စက်ရုပ်ကို ဂျပန်ဘာသာစကား ရေးနည်းသင်ပေးရပါတယ်။ ဂျပန်စာသင်ပြီးနောက်မှာတော့ စက်ရုပ်ဟာ ဟင်ဒီ၊ ဂရိ၊ အင်္ဂလိပ် ဘာသဘာစကားတွေနဲ့ ရေးသားထားတဲ့ စာတွေကို ရေးနည်းထပ်သင်ပေးစရာမလိုပဲ စာတွေကို အကုန်ထပ်တူ ကော်ပီကူးရေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

READ
ဉာဏ်ကြီးရှင် ဒီဇိုင်နာများရဲ့ အမိုက်စား တီထွင်ဖန်တီးထားမှုများ

ဘယ်နေရာမှာ စာလုံးစရေးပြီး မျဉ်းကြောင်းစဆွဲရမလဲဆိုတာ ဆုံးဖြတ်ဖို့ စက်ရုပ်ထဲ အယ်လ်ဂိုရစ်သမ်တစ်ခု ထည့်ထားပါတယ်။ စာလုံးတွေကို တစ်လုံးနဲ့ တစ်လုံး ကြားထဲမှာ နေရာခြားဖို့ရယ်၊ စာလုံးအစဉ်အတိုင်း မှန်မှန်ကန်ကန် ရေးနိုင်ဖို့အတွက်လည်း ၄င်းအယ်လ်ဂိုရစ်သမ်က တွက်ချက်ပေးထားတာပါ။ စာလုံးတစ်လုံး သို့မဟုတ် ရုပ်ပုံတစ်ခုကို မြင်လိုက်ရုံနဲ့ ၄င်းစာလုံးအတိုင်းလိုက်ရေးနိုင်ဖို့ ၊ ပုံကြမ်းရေးခြစ်နိုင်ဖို့တွေအထိပါ ပညာရှင်တွေက စိတ်ကူးထားခဲ့ကြတာ ဖြစ်ပါတယ်။

brown university

ဗီဒီယိုမှာ မြင်ရမှာကတော့ စက်ရုပ်က ဘာသာအမျိုးမျိုးကို လိုက်လံကူးရေးထားတာတွေပါ။ ပညာရှင်တွေကတော့ စက်ရုပ်ကို ဂျပန်စာရေးနည်းတစ်မျိုးတည်းသာ သင်ပေးခဲ့ပေမယ့် အခြားဘာသာပေါင်း (၁၀) မျိုးလောက်ကိုပါ စက်ရုပ်က မှန်ကန်စွာ ရေးဆွဲလာနိုင်တာကြောင့် အံ့အားသင့်လျက် ရှိနေပါတယ်။

စက်ရုပ်ဟာ အခြားလူတစ်ယောက်ကနေ စာတူကူးရေးထားတဲ့အလား စကားလုံးတွေကို မှန်ကန်စွာရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ တဖန် ပညာရှင်တွေဟာ စက်ရုပ်ကို မိုနာလီဇာဓာတ်ပုံပေးပြီး သူဘယ်လိုများရေးဆွဲမလဲဆိုပြီး စမ်းသပ်ခဲ့ပါသေးတယ်။ ဒီအခါမှာလည်း ထူးထူးခြားခြားပဲ စက်ရုပ်ဟာ မိုနာလီဇာပုံကို အကြမ်းဖျင်းပုံတူရအောင် ရေးခြစ်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ သိပ္ပံပညာဟာ အရမ်းကို ခေတ်ရှေ့ပြေးခဲ့ပြီမို့ ပညာရှင်တွေအနေနဲ့ စက်ရုပ်ကို ဘယ်လိုပိုကောင်းအောင် ပြုပြင်မှုတွေပြုလုပ်မလဲ၊ ဘယ်လိုနေရာတွေမှာ အသုံးချမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

READ
နဂါးနဲ့တူအောင် ပေါင်(၄၀,၀၀၀)အကုန်အကျခံခဲ့တဲ့ လိင်ပြောင်းအမျိုးသမီး

လင်းလင်း (ShweMom)

SHARE