လန်ဒန်က လေဆိပ်မှာတွေ့ရတော့မယ့် ကားပါကင်ထိုးစက်ရုပ်များ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဂတ်ဝစ်ခ်လေဆိပ်ကို ရောက်တဲ့ ခရီးသွားတွေကတော့ ထူးခြားတဲ့ အတွေ့အကြုံတစ်မျိုးကို ရရှိဖို့ ဖြစ်လာခဲ့ပါပြီ။

Stanley Robotics

လေဆိပ်ရှိ ကားပါကင်တွေမှာ ကားတွေကို မ,ရွှေ့ပေးပြီး ဂိတ်ထိုးပေးမယ့် စက်ရုပ်တွေကို စမ်းသပ်တော့မှာ ဖြစ်ကြောင်း၂၀၁၉ အစောပိုင်းမှာ ကြေညာခဲ့တာပါ။ လေဆိပ်ရဲ့ ကားပါကင်တွေရဲ့ တစ်စိတ်တစ်ပိုင်းမှာ စက်ရုပ်တွေကို သုံးလကြာ ဦးစွာ စမ်းသပ်အသုံးပြုသွားမှာပါ။ ထိုပါကင်ထိုးစက်ရုပ်တွေကို အသုံးပြုလိုတဲ့ ရည်ရွယ်ချက်ထဲမှာ လေဆိပ်ကားပါကင်ထဲကားပမာဏ ပိုများများ ဆံ့အောင် စက်ရုပ်တွေက ပါကင်ထိုးပေးနိုင်ဖို့ ဖြစ်ပါတယ်။

Stanley Robotics

ဂတ်ဝစ်ခ် လေဆိပ်က လန်ဒန်မှာ ဟိသရိုးလေဆိပ်ပြီးရင် ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် ခရီးသွားဧည့်သည် ၄၆ သန်းခန့် ဝင်ထွက်သွားလာနေတဲ့ နေရာပါ။ လေဆိပ်ကားပါကင်မှာ သုံးမယ့် စက်ရုပ်တွေကိုတော့ ပဲရစ်မြို့ အခြေစိုက် Stanley Robotics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။ ၎င်းကုမ္ပဏီကနေ Stan လို့ နာမည်ပေးထားတဲ့ ပါကင်ထိုး စက်ရုပ်တွေကို ပြင်သစ်နိုင်ငံက Charles De Gaulle လေဆိပ်နဲ့ Lyon လေဆိပ်တို့မှာ စမ်းသပ်အောင်မြင်ပြီး ဖြစ်ပါတယ်။

READ
(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း
Stanley Robotics

ပါကင်ထိုးစက်ရုပ် ၂၇၀ ကို စမ်းသပ်မယ့် သုံးလတာအတွင်းမှာတော့ ဂတ်ဝစ်ခ်လေဆိပ်ရဲ့ ၂၃၅၀ သော ကားပါကင်နေရာတွေအနက် နေရာပေါင်း ၁၇၀ ကို အသုံးပြုသွားမှာပါ။ ပါကင်ထိုးပေးမယ့်ပုံကတော့ ကားမောင်းသူတွေက ရုံတစ်ရုံထဲကို ကားကို အရင်သွားရပ်ရမှာပါ။ အဲ့ထဲကမှ စက်ရုပ်တွေက ကားကို မ,ပေးပြီး ပါကင်နေရာမှာ သွားထိုးပေးမှာ ဖြစ်ပါတယ်။ ပါကင်ထိုးချင်တဲ့ ကားပိုင်ရှင်တွေက touch screen တစ်ခုကနေ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ ပါကင်အသုံးပြုသူက လေဆိပ်ကို လာရောက်သူဖြစ်ဖို့ လိုအပ်ပြီး လေဆိပ်ကို လိုက်ပို့တဲ့ သက်ဆိုင်ရာ လေယာဉ်ခရီးသည်ရဲ့ အချက်အလက်ကိုလည်း စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

လေဆိပ်က စက်ရုပ်ကားပါကင်ကို ၂၀၁၉ ဧပြီလက စတည်ဆောက်မှာဖြစ်ပြီး သြဂုတ်လကျရင် စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၂၀၁၈ မေလကတည်းက ဂတ်ဝစ်ခ်လေဆိပ်က အဆိုပါ ကားပါကင်ထိုးစက်ရုပ်အသုံးပြုမှုဟာ လေဆိပ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေထဲက တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။ ယခုအစီအစဉ်သာ အောင်မြင်ခဲ့ရင် စက်ရုပ်ကားပါကင်ကို ချဲ့ထွင်သွားမှာဖြစ်ပြီး ကားပါကင်နေရာ ၈၅၀၀ အထိ တိုးချဲ့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

READ
စကားတွေ အပြန်အလှန်ပြောဆိုနိုင်ပြီဖြစ်တဲ့ ကမ္ဘာပထမဆုံး လိင်ဖျော်ဖြေရေးစက်ရုပ်

Ref: CNN

SHARE