ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ နာမည်ကြီးအနုပညာရှင်ဖြစ်လာတဲ့ အမျိုးသမီးစက်ရုပ်

IG/lilmiquela twitter.com/Dazed

ကမ္ဘာကြီးကတော့ နည်းပညာတွေ ဖွံ့ဖြိုး တိုးတက်လာတာတော့ အံ့မခန်းပဲ ဖြစ်ပါတယ်။ လူသားတွေနဲ့ လည်ပတ်နေတဲ့ ကမ္ဘာကြီးက တဖြည်းဖြည်း လူသားတွေ အလုပ်သက်သာစေဖို့ ပစ္စည်း အမျိုးမျိုး တီထွင်ရာကနေ အခုနောက်ပိုင်းမှာ လူသား ပုံစံတူ စက်ရုပ်တွေပါ တီထွင်လာကြပါတယ်။ အခုဆိုရင်တော့ လူသား အနုပညာရှင်ကဲ့သို့ ဆင်တူတဲ့ စက်ရုပ် အနုပညာရှင်တွေပါ ထွက်ပေါ်လာပါပြီ။

Miquela Sousa လို့ အမည်ရတဲ့ သူမကတော့ Lil Miquela ဆိုတဲ့ နာမည်နဲ့ ပိုပြီး လူသိများပါတယ်။ သူမကတော့ စက်ရုပ်တစ်ရုပ် ဖြစ်ပြီး အဆိုတော်တစ်ယောက်တစ်ဖြစ်လဲ မော်ဒယ်လ် တစ်ယောက်လို့လည်း သတ်မှတ်လို့ ရပါတယ်။ သူမကို အသက် ၁၉ နှစ်အရွယ် Los Angeles က ဆယ်ကျော်သက်လေး တစ်ယောက်အဖြစ် ဖန်တီးထားခဲ့ပါတယ်။

အခုဆို သူမက အနုပညာအလုပ်တွေ အများကြီး လုပ်နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမမှာ ကိုယ်ပိုင် Instagram နဲ့ Youtube Channel ရှိနေပြီး IG Follower ဦးရေ ၂၂ သိန်းကျော် ရရှိထားသူလည်း ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တွေနဲ့လည်း ဓာတ်ပုံရိုက်ကူးမှု အများအပြား ပြုလုပ်ခဲ့ပြီး မဂ္ဂဇင်းတွေအတွက်လည်း အင်တာဗျူး ဖြေခဲ့တာတွေတောင် ပြုလုပ်ခဲ့ပါသေးတယ်။ မကြာသေးခင်ကပဲ luxury brand အတွက် နာမည်ကျော် Bella Hadid နဲ့တောင် ပူးပေါင်းအလုပ်လုပ်ခဲ့ပါသေးတယ်။

READ
အသီးရောင်းသူ အဖိုးအိုကို တွေ့ဆုံ ကူညီပေးမယ့် Sinon Loresca

သူမကတော့ သီချင်းတွေလည်း ထွက်ရှိထားပါသေးတယ်။ မကြာသေးခင်က ထွက်ရှိတဲ့ Speak up ဆိုတဲ့ သူမရဲ့ သီချင်းကို တစ်လအတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၂၅ သိန်းကျော် ရှိခဲ့ပါတယ်။ ဒီသီချင်းကတော့ သူမရဲ့ လူသားချစ်သူ ကောင်လေးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။

သူမကို ၂၀၁၆ ခုနှစ်မှာ Trevor McFedries နဲ့ Sara Decou တို့က ပူးပေါင်းပြီး ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ သူမ နာမည်ကျော်ပြီးတဲ့နောက်မှာ သူတို့ ကုမ္ပဏီကနေပဲ နောက်ထပ် အမျိုးသား စက်ရုပ်နဲ့ အမျိုးသမီး စက်ရုပ်တို့ကို ထပ်မံ ဖန်တီးခဲ့ပြီး သူတို့ရဲ့ IG မှာ အတူတွဲပြီး ဓာတ်ပုံရိုက်ကူးထားတာကိုတောင် တင်ထားပါတယ်။

နောက်နှစ်ပေါင်းများစွာမှာ လူသားတွေ စိုးရိမ်ကြသလို လူသားတွေထက် စက်ရုပ်တွေကပဲ အောင်မြင်မှုတွေ ပိုပြီး ရရှိလာမလားဆိုတာကိုတော့ တွေးတောစရာ ဖြစ်နေပါပြီနော်။

READ
သြစတြေးလျမှာ အေးအေးလူလူ အနားယူနေတဲ့ Selena Gomez

Kham

SHARE