လူတွေကို ကျန်းမာရေးအသိပညာပေးဖို့ စက်ရုပ်တွေကို လေဆိပ်မှာအလုပ်ခန့်ထားတဲ့ အိန္ဒိယ

twitter/ShashiTharoor

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှန်း ခက်ခဲမှုတွေနဲ့ တွေ့ကြုံနေရတဲ့အချိန်မှာ လူတွေဟာ မိမိတို့နဲ့ မိမိတို့ပတ်ဝန်းကျင်ကလူတွေ လုံခြုံမှုရှိဖို့ကို ပိုဦးစားပေးလာကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနတွေကတော့ မျက်နှာဖုံး mask တွေ၊ လက်သန့်ဆေးရည်တွေ၊ သင့်လျော်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရန်က ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ကီရာလာပြည်နယ်ထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူတွေပိုပြီး သတိရှိကြစေဖို့ စက်ရုပ်နှစ်ရုပ်ကို အလုပ်ခန့်ထားခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။ ၄င်းစက်ရုပ်တွေကိုတော့ လက်သန့်ဆေးရည်တွေ၊ လက်ကိုင်ပုဝါတွေနဲ့ masks တွေဝေဖို့အတွက် tvm လေဆိပ်မှာ အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။

စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှန်သားပြင်ပေါ်မှာဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ WHO ကမ်ပိန်းက Covid-19 ဟောပြောချက်တွေကိုပါ ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စက်ရုပ်တွေကိုတော့ အစိုးရအေဂျင်စီ Kerala Startup Mission (KSUM) က တီထွင်ဖန်တီးထားတာလို့ ဆိုပါတယ်။ စက်ရုပ်တွေဟာ လူထုစိတ်ဝင်စားမှုရရှိအောင် လှုံ့ဆော်ရာမှာ အသုံးပြုနိုင်တဲ့အတွက် Covid-19 နဲ့ ပတ်သက်ပြီး လူတွေအသိအမြင်ပိုရှိလာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

အွန်လိုင်းပေါ်မှာတော့ လူတွေကို လက်သန့်ဆေးရည်နဲ့ masks တွေ ကမ်းပေးနေတဲ့ လုပ်ငန်းခွင်ထဲက စက်ရုပ်တွေကို တွေ့ရမှာပါ။ အိန္ဒိယနိုင်ငံသားတွေကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူထုထံ အသိပညာမျှဝေမှုအပေါ် ဆန်းသစ်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်ခဲ့တဲ့အစိုးရကိုလည်း ချီးမွမ်းနေကြတယ်လို့ သိရပါတယ်။

READ
ဧရာမပင့်ကူကြီးကို အနိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ နကျယ်ကောင်လေးရဲ့ဗီဒီယိုဖိုင်

လင်းလင်း (ShweMom)

SHARE