ဝန်ထမ်းတွေကို လစာကောင်းကောင်းနဲ့ ခွင့်ရက် အကန့်အသတ်မဲ့ ပေးထားတဲ့ ကုမ္ပဏီပိုင်ရှင်

Twitter/Dean Hall

သင့်ရဲ့အလုပ်ရှင်က ၀န်ထမ်းတွေကို Hawaiian ရှပ်အင်္ကျီတွေဝတ်ပြီး Funky Fridays တွေမှာသာ ရုံးတက်ခိုင်းမယ်ဆိုရင်ရော ဒီအလုပ်ကို သင်သဘောကျ ကြိုက်နှစ်သက်ပါသလား။ ဒါကိုမှ မကြိုက်သေးဘူးဆိုရင် အလုပ်ရှင်က ပေါင်(၄)သောင်း ပေးပြီး ခွင့်ရက်နဲ့ ဆေးခွင့်အကန့်အသတ်မရှိ ပေးမယ်ဆိုရင် ဘယ်လိုလဲ သဘောကျသွားကြပြီမလား။

အဲ့လိုအခွင့်အရေးမျိုးတွေကို ပေးတဲ့လူကတော့ ဗီဒီယိုဂိမ်းဒီဇိုင်နာ Dean Hall ပဲဖြစ်ပါတယ်။ Dean Hall ဟာ အခြားအလုပ်ရှင်တွေနဲ့မတူတဲ့ အလုပ်ရှင်ဖြစ်ဖို့၊ အိမ်မက်ထဲကလို အလုပ်ရှင်ကြီးတစ်ယောက်ဖြစ်လာဖို့ သူလျှောက်ခဲ့တဲ့လမ်းမှာ ထူးခြားတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

(၂၀၁၅)ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Rocketwerkz ဂိမ်းကုမ္ပဏီရဲ့ဥက္ကဌဖြစ်တဲ့ Dean Hall ဟာ သူ့ရဲ့အလုပ်မှာ အကောင်းဆုံးလူတွေကိုခန့်မှ သူ့ရဲ့လုပ်ငန်းကြီးအောင်မြင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့အလုပ်သမားတွေကို ဆွဲဆောင်တဲ့နည်းကတော့ လစာကောင်းကောင်းနဲ့ ခွင့်ရက်အကန့်အသတ်မရှိ ပေးဖို့ပဲဖြစ်ပါတယ်။

 

ဒါ့ကြောင့် Dean က သူ့ရဲ့ဝန်ထမ်းတွေကို ဒေါ်လာသန်း(၂၀)ကနေသန်း(၃၀)ရှိတဲ့ စီမံကိန်းတွေပြုလုပ်ဖို့ ယုံကြည်မှုအပြည့်အ၀အထားပြီး ၀န်ထမ်းအယောက်(၃၀)ကို အလုပ်ခန့်ခဲ့ပါတယ်။ စီမံကိန်းအကြီးကြီးတွေကို ငွေအများကြီးနဲ့အလုပ်လုပ်နေတဲ့ ဒီလိုကုမ္ပဏီမှာရှိတဲ့ ၀န်ထမ်းတွေကို ယုံကြည်တာကြောင့် အလုပ်ချိန်ကို မင်းတို့ဘာသာမင်းတို့ သတ်မှတ်ခွင့်ပေးမယ်ဆိုပြီး ပြောကာ အလုပ်ခန့်ခဲ့တာပါ။

Dean ရဲ့နယူးဇီလန်အခြေစိုက်တဲ့ကုမ္ပဏီတွေဟာ Auckland နဲ့ Dunedin တွေမှာ အခုဆိုရုံးတွေဖွင့်ထားပါတယ်။ ဒါပေမယ့် Dean ကတော့ သူခန့်လိုက်တဲ့ ၀န်ထမ်းသစ်အချို့နဲ့ အကန့်အသတ်မရှိ ခွင့်ရက်ပေးထားတဲ့ ကိစ္စနဲ့ပတ်သက်  ပြီး အဆင်မပြေမှုတွေဖြစ်လာတာကြောင့် စည်းကမ်းအချို့ကို ပြင်ဆင်ခဲ့ပါတယ်။

 

တစ်ချို့က ပထမဆုံးအကြိမ်အလုပ်လုပ်ဖူးတာကြောင့် ကုမ္ပဏီရဲ့အခြေခံလိုအပ်ချက်တွေကို သိဖို့လိုအပ်ပါတယ်။ဒါ့  ကြောင့် ကုမ္ပဏီအတွက် ငွေမရှာနိုင်ခင်မှာ ရုံးမှာဘာတွေလိုအပ်နေလဲ ဆိုတာကိုသိဖို့ အရင်လုပ်ရပါမယ်လို့ Dean ကပြောပြခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြထားပါတယ်။

ဒါ့အပြင် Dean က သူ့ရဲ့ဝန်ထမ်းတွေကို သူ့ရဲ့ဂိမ်းတွေကနေရရှိတဲ့ အမြတ်ငွေတွေကိုလည်း အချိုးကျ ခွဲဝေပေးပါတယ်။ တစ်ခြား ကုမ္ပဏီတွေအနေနဲ့လည်း Dean က သူ့ဝန်ထမ်းတွေကို ခွင့်ဘယ်လိုပေးတယ်၊ ဘယ်လိုအကျိုးခံစားခွင့်တွေပေးလဲဆို တာ လေ့လာချင်ကြမှာပါ။ ၀န်ထမ်းတစ်ယောက်ရဲ့အလုပ်ရလဒ်ကို သူယူတဲ့ခွင့်အပေါ် သတ်မှတ်ပေးလို့ မရပါဘူး။

Thae Su

SHARE