တင်းနစ်အကျော်အမော် Roger Federer ရဲ့ ဒူဘိုင်းက ဒေါ်လာသန်း၂၀ကျော်တန် ခေါင်မိုးထပ်

Instagram- @rogerfederer, alekcarreraestates.com

Federer ကတော့ တင်းနစ်လောကရဲ့ ထိပ်တန်းအားကစားသမားအဖြစ် ဆယ်စုနှစ်တော်တော်ကြာကို နေရာယူထားခဲ့တဲ့ ဂရုကြီးတစ်ဦးပါ။ အသက် ၃၈ နှစ်ရှိနေပြီဖြစ်တဲ့ Federer ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး Wimbledon ဆုကြီးကို ၈ ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး တစ်နှစ်ကိုလည်း သြဇီဒေါ်လာ ၁၄၇ သန်းကျော်ဝင်တယ်လို့ Forbes အရ သိရပါတယ်။

View this post on Instagram

🕺 Good Morning MOOD😃

A post shared by Roger Federer (@rogerfederer) on

ဝင်ငွေကောင်းတဲ့ ထိပ်တန်းအားကစားသမားပေပဲမလို့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေဟာလည်း အပျံစားတွေပါပဲ။ အဲဒီအထဲကမှ ကမ္ဘာ့အမိုက်ဆုံး ခေါင်မိုးထပ်လို့ တင်စားရမယ့် ဒူဘိုင်းမှာရှိနေတဲ့ ခေါင်မိုးထပ်တိုင်ခန်းကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

READ
ကိုယ့်အသက်နဲ့ရင်းပြီး ရင်သွေးလေးကို လူ့လောကထဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ မိခင်
alekcarreraestates.com
alekcarreraestates.com

အခန်းကတော့ ဒူဘိုင်းမှာတည်ရှိတာပါ။ တန်ကြေးအနေနဲ့ကတော့သြဇီဒေါ်လ ၂၃ သန်းကျော်ပေးရတယ်လို့ Real Estate AU မှာ ဖော်ပြထားခဲ့ပါတယ်။ ဒီအခန်းကိုတော့ Federer အနေနဲ့ ဆောင်းတွင်းပိုင်းမှသာ ဒူဘိုင်းကိုဆောင်းခိုတုန်း နေတဲ့အခန်းပါတဲ့။ Le Reve ဆိုတဲ့ တိုက်ခန်းရဲ့ အပေါ်ဆုံးခေါင်မိုးထပ် (penthhouse) ကို ဝယ်ယူထားခဲ့တာဖြစ်ပြီး အပြင်အဆင်ကတော့ မင်သက်လောက်စရာပါပဲ။

ခေါင်မိုးထပ်ခန်းဟာ 567 sqm ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းနဲ့ အိမ်တစ်အိမ်လုံးက မီးတွေ၊ စနစ်တွေအားလုံးက ခေတ်မီတဲ့ digital system ကိုပဲ အသုံးပြုထားတာပါ။

alekcarreraestates.com
alekcarreraestates.com

ဒီအပြင် ဟယ်လီကော်ပတာရပ်ဖို့ ကွင်းလေးလည်း ပါရှိနေပြီး ပင်လယ်ကိုမျက်နှာမူထားတဲ့အတွက် ရှုခင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။

alekcarreraestates.com

ဒူဘိုင်းရောက်တိုင်း Federer အမြဲတမ်းသွားတဲ့ နေရာတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ Burj Al Arab မှာရှိနေတဲ့ မိုးမျှော် တင်းနစ်ကွင်းပဲဖြစ်ပါတယ်။

READ
ဖခင်ရဲ့အရိုးပြာကို လက်သည်းအလှပြင်တဲ့အထဲထည့်ပြီး မင်္ဂလာဆောင်ခဲ့တဲ့သတို့သမီး

Penny

SHARE