လက်သမားကို ယုံစားအားကိုးမိလို့ တစ်အိမ်လုံး စုတ်ပြတ်ပြီး ဒုက္ခများခဲ့ရတဲ့အဖြစ်

ဗြိတိန်က မိသားစုတစ်စုဟာ တတ်ယောင်ကား လက်သမားဆရာကို ငှားရမ်းမိပြီး အခန်းတစ်ခန်း ပြင်ခိုင်းခဲ့ရာမှ အိမ်တစ်အိမ်လုံး ပျက်စီးသွားခဲ့တဲ့အဖြစ် ဖြစ်ပွားခဲ့ပါတယ်။ ၄င်းလက်သမားဆရာကို အိပ်ခန်းပြင်ဆင်ဖို့အတွက်ဆိုပြီး ပေါင်(၄၆,၀၀၀) နဲ့ ငှားရမ်းထားခဲ့တာ ဖြစ်ပါတယ်။ ထို လက်သမားဆရာလူလိမ်ဟာ အသက်(၃၂) နှစ်အရွယ် ဘန်ဝုဒ်မန်းဆိုသူဖြစ်ပြီး အခြားအိမ်ပိုင်ရှင် (၂၄) ယောက်ဆီကလည်း ပေါင်(၁၈၀,၀၀၀) ပမာဏရှိတဲ့ ငွေကြေးတွေကို လိမ်လည်ရယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။

DAN JONES

ရဲအဖွဲ့က စစ်ဆေးတဲ့အခါမှာတော့ ဘန်က သူဟာ အိမ်ကို ဖျက်ဆီးမိခဲ့ကြောင်း ၀န်ခံခဲ့ပေမယ့် လူလိမ်တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ငြင်းဆိုခဲ့ပါတယ်။ ပုံမှာတွေ့ရတဲ့ ဓာတ်ပုံတွေကိုတော့ ဘန်ရဲ့  အလိမ်အညာခံရပြီး နေအိမ်လည်း ပျက်စီးသွားခဲ့ရတဲ့ အဆိုပါ မိသားစုဝင်တစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။ ၄င်းအိမ်လေးမှာ မိသားစုင်(၅) ဦးနေထိုင်ပြီး အိပ်ခန်း(၃) ခန်းပါ အိမ်လေးတစ်လုံးဖြစ်ပါတယ်။ အိမ်ဟာ လန်ဒန်အရှေ့တောင်ပိုင်းမှာ ရှိပါတယ်။

READ
လက်ထဲမှာ ကိုင်ထားတဲ့ဖုံးက ပေါက်ကွဲတဲ့ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ပေါ်ခဲ့
DAN JONES

မနှစ်က စက်တင်ဘာလမှာတော့ အိမ်ပိုင်ရှင်အမျိုးသမီးကြီးက အိမ်နောက်ဘက်မှာ အဖီထုတ်ပြီး အခန်းလေးထပ်ဖွဲ့ဖို့အတွက် လက်သမားခေါ်ယူခဲ့ပါတယ်။ လက်သမားဆရာဘန်က (၈) ပတ်ကြာမယ်ဆိုတာကြောင့် အမျိုးသမီးကြီးက ပေါင်(၄၆,၀၀၀) ကို ကြိုတင်ငွေပေးချေပြီး ငှားရမ်းခဲ့ပါတယ်။ ဘန်က အိမ်က ထပ်တိုးချဲ့မှာဖြစ်တာကြောင့် ထမင်းစားခန်းနဲ့ ဧည့်ခန်းဆောင်ထဲက ကြမ်းခင်းတွေကို ခွာယူဖို့ လိုတယ်လို့ပြောပြီး အကုန်ခွာချခဲ့ပါတယ်။ ပြီးနောက် အိမ်အနောက်ဘက်ကို အဖီထွက်ပြီး အခန်းထပ်ဖွဲ့ဖို့ နံရံအုတ်စီထားပြီး အမိုးအတွက် သစ်ဖရိန်တစ်ခု တည်ထားခဲ့ပါတယ်။

DAN JONES

အောက်တိုဘာမှာတော့ ဘန်ဟာ လုံးဝပျောက်သွားခဲ့ပါတယ်။ အိမ်ပိုင်ရှင်မိသားစုက ဆက်သွယ်ပေမယ့် လက်သမားဆရာဘန်က ကိုယ်ရောင်ဖျောက်သွားခဲ့ပါတယ်။ အခုဆိုရင် သနားစရာမိသားစုခမျာ နဂိုက အိမ်ခန်း(၃)ခန်း ရှိနေရာမှာ အခန်းတစ်ခန်းထဲမှာပဲ စုပြုံပြီး နေထိုင်နေရပါတယ်။ တစ်ခန်းကတော့ ဘန်က မီးခိုးခေါင်းတိုင်ဆီသွားတဲ့ အတွင်းပိုင်းနံရံတွေကိုပါ ခွာပြီး အကုန်အုတ်ပြန်စီမယ်လို့ ဆိုတာကြောင့် နေလို့ မရတော့တာပါ။ နောက်တစ်ခန်းကလည်း အခန်းကျဉ်းလေး ဖြစ်ပြီး မိသားစုထဲမှာ (၁၅) နှစ်နဲ့ (၁၉) နှစ် ကျောင်းသားနှစ်ယောက်ရှိတာကြောင့် သူတို့စာလုပ်ဖို့ အတွက် စာဖတ်ခန်းအဖြစ်ပဲ ထားခဲ့ရပါတယ်။

READ
ဆိုင်ကယ်အသစ် စီးရဖို့ မွေးကင်းစကလေးကို ဒေါ်လာ 100 နီးပါးဖြင့် ရောင်းချခဲ့တဲ့ ဖခင်တစ်ဦး
DAN JONES

ဒါ့အပြင် လက်သမားဆရာဟာ မီးဖိုချောင်ထဲမှာရှိနေတဲ့ ရေပိုက်တွေကို အကုန်ဖြုတ်သွားလို့ ဘေစင်လဲ အသုံးပြုလို့ မရတော့ပါဘူး။ အိမ်ပိုင်ရှင်အမျိုးသမီးကြီးကတော့ လက်သမားဆရာဘန်နဲ့ ပတ်သက်လို့ သူမနည်းတူအဖြစ်မျိုး အခြားလူတွေလည်း ကြုံခဲ့ရပြီးဖြစ်ကြောင်း၊ လိမ်ညာပြီးတဲ့အခါ ဖေ့စ်ဘုတ်အကောင့်ပါဖျက်ပြီး ထွက်ပြေးသွားကြောင်းနဲ့ သူနဲ့အတူပါလာတဲ့ ပန်းရံဆရာတွေကိုလည်း အခကြေးငွေမပေးတာကြောင့် ပန်းရံဆရာတွေဟာ သူမအိမ်ကိုလာပြီး အကြွေးလာတောင်းကြောင်း စသဖြင့် တွေ့ကြုံရတဲ့ ဒုက္ခအသွယ်သွယ်ကို ဝေမျှခဲ့ပါတယ်။ လက်သမားဆရာဘန်ကတော့ သူဟာ လူလိမ်တစ်ဦးမဟုတ်ကြောင်းနဲ့ အလုပ်သမားခေါင်းအဖြစ် ဆောင်ရွက်ရင်း ငွေပိုထပ်စိုက်ရတာတွေ များလာတာကြောင့် ခေါင်းရှောင်ခဲ့ရတာလို့ ပြန်လည်ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: thesun

SHARE