ကျိန်စာသင့်နေတဲ့ Drake နဲ့ ဓါတ်ပုံတွဲ မရိုက်ဖို့ ကစားသမားတွေကို Roma အသင်းတားမြစ်

အဆိုတော် Drake ကတော့ သူ့ရဲ့ အမိုက်စားရက်ပ် ပါ Skill တွေ ကြောင့် တင်မဟုတ်ပဲ သူ့ရဲ့ကြင်နာတတ်တဲ့ စိတ် ကြောင့်လည်း နာမည်ကြီးသူပါ။ဒါပေမယ့် Drake ကို ဘောလုံး Fan တွေ ကတော့ သဘော မကျကြပါဘူး။ဘာကြောင့် လဲ ဆိုရင်တော့ Drake က ဘောလုံးနဲ့ အားကစားအတွက်တော့ ကံခေတတ်တဲ့ လာဘ်တိတ်ကောင်လို ဖြစ်နေလို့ပါ။ Paris Saint-Germain ရဲ့ နောက်ဆုံးဘောလုံးသမား Layvin Kurzawa တစ်ယောက် Drake နဲ့ ဓါတ်ပုံ တွဲ ရိုက် ပြီး မှ ကံဆိုးသွားလို့ပါ။သူ့ရဲ့ အသင်းက ရှုံးသွားလို့ပါ။ Drake က ဒီလို ဖြစ်နေတာဟာ တိုက်ဆိုင်မှု တစ်ခုထက်ပိုပါတယ်။ အခုလို ဖြစ်နေတာ ဒါထမဆုံး မဟုတ်ပါဘူး။

dailymail
IG

PSG’ ဟာ Lille ကို 5-1 နဲ့ ရှုံးတည်းက Drake ကို သံသယ၀င်ခဲ့ ကြတာပါ။သူနဲ့ တွေ့လိုက်တဲ့ အားကစားသမား တိုင်းလိုလို ကံဆိုးတတ်တယ်ဆိုပြီး မှတ်ယူခံခဲ့ရတာပါ။ အီတလီ Serie A ပြိုင်ပွဲဝင် Roma အသင်းကတော့ အားကစားသမားတွေကို Drake နဲ့ အတူတွဲ ဓါတ်ပုံ မရိုက်ဖို့ ပြောတာဟာ တမင်စနောက် ဟာသလုပ်ပြောတာဆိုပေမယ့်  အင်္ဂလန်နဲ့ ဥရောပ တစ်ဝှမ်း မှာရှိတဲ့ အားကစား Club အသင်းတွေမှာလည်း အဲ့လို ဆန္ဒရှိနေကြပါတယ်။သူတို့ရဲ့ အသင်းသားတွေကို Drake နဲ့ ဓါတ် ပု့ တွဲ ရိုက်တာတွေကို မကြာသေးမီ သီတင်းပတ်က စလို့ လုံးဝ တားမြစ်ချင်နေပုံရပါတယ်။Drake တစ်ယောက် ပြီးခဲ့တဲ့ လက ဗြိတိန်နဲ့ ဥရောပ တစ်ဝန်းကို ခရီးသွားခဲ့ပါတယ်။သူ့ရဲ့ အပန်းခြေခရီး Vacation tour အနေနဲ့ သွားခဲ့တာပါ။အဲ့ဒီခရီးစဉ် မှာ သူနဲ့ တွေ့ဆုံဖြစ်တဲ့ ဘောလုံးသမားတွေနဲ့ အတူ ဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။ဘောလုံးသမား Paul Pogba က Drake တစ်ယောက်Manchester Arena  မှာ ဖျော်ဖြေနေတာကို မြင်လိုက်ချိန် မှာတော့ သူနဲ့ အတူတွဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ပုံတွဲ ရိုက်ပြီး သိပ်မကြာခင်မှာပဲ FA Cup မှာ Manchester United  အသင်းက Wolves  ကို (၂-၁) နဲ့ ရှုံးခဲ့ပါတယ်။

READ
ငွေဆောင်ရောက် ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်များ
dailymail
dailymail

အဲ့ဒီအဖြစ်အပျက်ဟာ Arsenal ရဲ့ Pierre-Emerick Aubamey ang ရဲ့ အဖြစ်မျိုးနဲ့ တူနေပါတယ်။သူကလည်း လန်ဒန်မှာပြုလုပ်တဲ့ O2 က Drake ရဲ့ Show မှာ ရှိခဲ့ဖူးပါ တယ်။Everton ကို (1-0) နဲ့ ရှုံးပြီး သိပ်မကြာခင်မှာပဲ Arsenal F.C. ကိုအားပေးကြတဲ့ ပရိသတ် တွေ ကတော့ Drake နဲ့ သူနဲ့ ဘယ်တော့ မှ ဓါတ်ပုံတွဲ မရိုက်ဖို့ ဆုတောင်းနေလောက်ပါတယ်။Sergio Aguero  ကလည်း Drake ရဲ့ ကျိန်စာသင့်နေတဲ့ သူတွေထဲက တစ်ယောက်လို့ ပြောလို့ရပါတယ်။မကြာသေးမီသီတင်းပတ်တွေ တုန်းက Champi ons League မှာ Man City က Tottenham  ကို (1-0) နဲ့ ရှုံးခဲ့ပါတယ်။Drake နဲ့ Show တစ်ခုမှာ ဓါတ်ပုံ တွဲရို က်ပြီး သိပ်မကြာခင်မှာပဲ ဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာပါ။ဒါတွေ တင်မကသေးပါဘူး။Borussia Dortmund က Baye rn Munich ကို  (5-0) နဲ့ ရှုံးတဲ့ ကိစ္စမှာလည်း Drake ရဲ့ ပတ်သက်နေတယ်လို့ ပြော လို့ရပါတယ်။Drake ကတော့ ဘောလုံးတစ်ခုတည်းမှာတင် ကျန်စာသင့်နေတာမဟုတ်ပဲ တခြားအားကစားတွေ မှာလည်း ကျိန်စာသင့်နေတဲ့ ဖြစ်ရပ် တွေ လည်း အများကြီးပါ။

READ
သိန်း(၁၅၀) နဲ့ သင်္ကြန်သီချင်းဆိုဖို့ လာငှားပေမဲ့ ငြင်းလွှတ်လိုက်တဲ့ ညီညီမောင်
dailymail

Source BBC

SHARE