သွေးကင်ဆာ ကို ရင်ဆိုင်ဖို့ WWE ကြိုးဝိုင်းထဲက အနားယူသွားခဲ့တဲ့ Roman Reigns

WWE စင်မြင့်ထက်မှာ Roman Reigns လို့ လူသိများတဲ့ အမေရိကန်နပမ်းသမား ဂျိုးဆက် အေနိုအာ ကတော့ သူ့မှာ သွေးကင်ဆာဝေဒနာကို ခံစားနေရတယ်လို့ လူသိရှင်ကြားကြေညာလိုက်ပြီး သူ့ရဲ့ ချန်ပီယံဆုတွေကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါတယ်။

(၂၂.၁၀.၂၀၁၈)တနင်္လာနေ့ညက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်မှာ Roman Reigns က သူ့ရဲ့ ပရိသတ်တွေကို အသိပေးလိုက်တာဖြစ်ပြီး ကမ္ဘာအနှံ့ကနေ တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေဟာ ဒီအဖြစ်အပျက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

SkySports

WWE စင်မြင့်ထက်မှာ ဗီလိန်နပမ်းသမားတစ်ယောက်အဖြစ် ပိုပြီး နာမည်ကြီးတဲ့ Roman Reigns ဟာ (၂၀၁၀) ခုနှစ်ကစလို့ ပရော်ဖက်ရှင်နယ် နပမ်းသမားတစ်ယောက်အဖြစ် စင်မြင့်ထက်ကို ရောက်ရှိလာတာဖြစ်ပြီး (၈) နှစ်တာ အချိန်အတွင်းမှာ WWE ရဲ့ ကမ္ဘာ့ချန်ပီယံဆုကို (၄) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့သူပါ။

READ
ရည်းစားရှာမရလို့ လူနေအိမ်ခြေထဲထိ ၀င်လာပြီး ဒေါသပေါက်ကွဲခဲ့တဲ့ တောဆင်ရိုင်းကြီး

အသက် (၃၃) နှစ်သာ ရှိသေးတဲ့ Roman Reigns ဟာ ပြီးခဲ့တဲ့ (၁၁)နှစ်အကြာ (၂၀၀၇) ခုနှစ်မှာကတည်းက သွေးကင်ဆာကို စတင်ခံစားနေခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အခြေအနေက ပိုလို့ ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

Youtube

Roman Reigns က သူ့ရဲ့ သွေးကင်ဆာအခြေအနေဟာ သူ့ရဲ့ ကြံ့ခိုင်မှုကိုပါ ထိခိုက်လာစေပြီး ပြိုင်ပွဲတွေနဲ့ ဘယ်လိုမှ မသင့်တော်တော့တဲ့အတွက် WWE ကမ္ဘာ့ချန်ပီယံဆုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာပါ။

Reigns က သူ့အနေနဲ့ WWE စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိကောင်း ရောက်ရှိလာနိုင်ပေမယ့် သွေးကင်ဆာရောဂါဟာ ထင်ထားတာထက် ခက်ခဲကြောင်းနဲ့ နှစ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Shutterstock
Twitter
Twitter

Linn

Source : Dailymail

SHARE