အမြင်အာရုံကိုလှည့်ဖျားစေနိုင်တဲ့အနုပညာဖန်တီးမှုတွေနဲ့ မိတ်ကပ်ပညာရှင် Romanie

Romanie-Jade Tulloch ဆိုတဲ့ (၂၀) နှစ်အရွယ် မိတ်ကပ်ပညာရှင်တစ်ယောက်ဟာ သူမတတ်ကျွမ်းတဲ့ မိတ်ကပ်ပညာနဲ့ အမြင်တွေကို လှည့်စားမယ့် illusion ပုံတွေကို ပေါင်းစပ်ဖန်တီးရာမှာ နာမည်ကြီးနေပါတယ်။

သူမရဲ့ဖန်တီးမှုလက်ရာလေးတွေကို Instagram account ဖြစ်တဲ့ @cakefacerj မှာ အများဆုံးတင်လေ့ရှိပါတယ်။ သူမလိုပဲ ဝါသနာထုံတဲ့လူငယ်လေးတွေအတွက် စိတ်ကူးရှိရာကို မျက်နှာပေါ်မှာ မိတ်ကပ်နဲ့ စွန့်စားဖို့ မျှော်လင့်လျက်ရှိပါတယ်။

 

 

View this post on Instagram

 

A post shared by RJ. T (@cakefacerj) on Jan 11, 2019 at 11:20am PST

Tulloch ဟာပန်းချီနဲ့ အနုပညာကို ချစ်မြတ်နိုးသူတစ်ဦးပါ။ သူမမိတ်ကပ်ပညာကို လူသိရှင်ကြားစတင်ခဲ့တာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကပဲဖြစ်ပါတယ်။ အစကတော့ ရိုးရိုးမိတ်ကပ်ပညာရှင်လုပ်ဖို့ပဲ ရည်ရွယ်ထားခဲ့တာပါ။ အိမ်မှာပဲ အပြင်ဖြေအနေနဲ့ အထက်တန်းအောင်လာခဲ့ပြီး ပန်းချီအနုပညာဘာသာရပ်ကို ကောလိတ်မှာ နှစ်နှစ်လောက်တက်ခဲ့ပါတယ်။

READ
မြန်မာတွေပြင်ဆင်သင့်သော စိတ်ဓာတ်များ
Instagram

နောက်တော့နေ့စဉ်ကိုယ်တိုင်မိတ်ကပ်လိမ်းရင်း မိတ်ကပ်ပညာရပ်ထဲကို ထဲထဲဝင်ဝင်စိတ်ဝင်စားသွားတဲ့အချိန်မှာတော့ သူမသင်ခဲ့ဖူးတဲ့ ပန်းချီပညာနဲ့ပေါင်းကာ အခုလိုအမြင်လှည့်စားစေနိုင်မယ့် ပုံတွေစတင်ပြင်ခဲ့တာပဲဖြစ်ပါတယ်။

Instagram

မျက်နှာကို canvas လို သဘောထားကာ မိတ်ကပ်နဲ့ဆေးရေးခြယ်ခဲ့တဲ့ ဖန်တီးမှုတွေကိုတော့ Instagram ပေါ် တင်ရင်း တင်ရင်းနဲ့ လူသိများအားပေးလာကာ အခုဆိုရင် follower (၉၀,၀၀၀) ကျော်ရှိနေပါပြီ။

Instagram
Instagram

အခုလို Illusion ပုံတွေမဟုတ်ဘဲနဲ့ နောက်ထပ်လူကြိုက်များတာကတော့ Tulloch ရဲ့ eyeshadow ခြယ်ပုံခြယ်နီးတွေပါ။ သာမန်ထက်ကွဲထွက်ပြီး လက်ဝင်လှတဲ့ သူမရဲ့လိမ်းခြယ်ပုံတွေဟာ ချီးကျူးဖို့ကောင်းပါတယ်။

Instagram
Instagram

@_rj_art ဒီ account ကတော့ သူမရဲ့ ပန်းချီလက်ရာတွေချည်းတင်ထားတဲ့ account ပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by RJ. T (@cakefacerj) on Mar 8, 2019 at 10:10am PST

Make up ကြိုက်သူတွေအနေနဲ့ Instagram မှာ follow လုပ်ဖို့ ပညာရှင်အသစ်တစ်ယောက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

READ
(၇)လ အတွင်း ပေါင်(၂၀၀) ကျော် ၀ိတ်လျှော့နိုင်ခဲ့တဲ့ ကမ္ဘာ့အ၀ဆုံး ဆယ်ကျော်သက်
Instagram

Source : Insider 

Penny

SHARE