၂၀၁၈ မှာထွက်ရှိခဲ့တဲ့ လုံးဝလက်မလွှတ်ပဲကြည့်သင့်တဲ့ Romantic ဇာတ်ကားများ

pinterest/Frances J. Alford

အချစ်နဲ့မကင်းတဲ့ လူတိုင်း အတွက် ဒီတစ်ခါမှာတော့ အရမ်း အရမ်းကို မိုက်တဲ့ အချစ်ဇာတ်ကား ကောင်း လေးတွေ ကို ဝေမျှ ပေးချင်ပါတယ်။(2018)မှာတော့ အရမ်းကို မိုက်တဲ့ အချစ်ဇာတ်ကားကောင်းလေးတွေ အများကြီး ထွက် ခဲ့ပါတ ယ်။အဲ့ဒီအထဲကမှ အရမ်းကိုကောင်းတဲ့ လုံးဝလက်မလွှတ်စတမ်းကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကား ကောင်း လေးတွေကို ညွှန်းပေးချင်ပါတယ်။လက်လမ်းမှီသလောက်ဖော်ပြပေးတာမို့ တခြားဇာတ်ကားကောင်းလေး တွေ ရှိရင် လည်း ဝေမျှပေးခဲ့ဖို့ မမေ့နဲ့နော်……..

#Crazy Rich Asians

(2018)သြဂုတ်(၁၅)ကထွက်ရှိခဲ့တာပါ။ရုံတင်ပြသတုန်းကလည်း ပရိသတ်တွေ အရမ်းအရမ်းကို အကြိုက်တွေ့ခဲ့ကြ တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားကတော့ ချမ်းသာကြွယ်ဝလွန်းတဲ့ အာရှသားတွေရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားကတော့ အာရှသား သရုပ်ေ ဆာင် တွေပါဝင်ထားကြတာပါ။အမေရိကန်ရိုမန်တစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ Jon M. Chu ပါ။ဘတ်ဂျက် ကန်ဒေါ်လာ သန်း(၃၀) အကုန်အကျခံရိုက်ကူးခဲ့တဲ့ အဲ့ဒီဇာတ်ကား ဟာ Box Office မှာ ၀င်ငွေ (၂၃၈) သန်း အထိ ရခဲ့ပါတယ်။ပရိသတ်တော်တော်များများ အကြိုက်တွေ့ခဲ့တဲ့ ဇာတ် ၀င်ခန်းကတော့ မင်္ဂလာဆောင် တဲ့ အခန်းပါ။လုံးဝလက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

#Midnight Sun

Midnight Sun ကတော့ မတ်လ(၂၂)မှာထွက်ရှိခဲ့တာပါ။အတော်လေးလူပြောများနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပါ။လူငယ်ဆန်ဆန်အချစ်ဇာတ်ကားလေးကို ကြိုက်တဲ့သူတွေ အတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကား ပါ။ငယ်ငယ်တည်းက နေရောင်နဲ့ ထိလို့ မရတဲ့ ထူးဆန်းတဲ့ ရောဂါခံစားနေရတဲ့ ကောင်မလေးက သူမရဲ့ ရောဂါ ကြောင့် အမြဲအိမ်တွင်းအောင်းနေရသူလေးပါ။အဲ့ဒီိလိုကောင်မလေးက ချာလီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ဘယ်လို အချစ် ဇာတ်လမ်းတွေ ဖြစ်လာမလဲ ဆိုတာကို ဒီကားမှာကြည့်ရမှာပါ။ ကြည်နူး ၀မ်းနည်းမှုတွေ ပေးမယ့် ဇာတ်ကား ကောင်းလေးပါ။

READ
ကြောင်ကိုမျိုပြီး လမ်းမပေါ်မှာ ပြန်အန်ခဲ့တဲ့ (၁၇)ပေအရှည်ရှိ စပါးအုံးမွေကြီး

#To All The Boys I’ve Loved Before

(2018)သြဂုတ်လက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။Noah Centineo ကို မိန်းကလေးပရိသတ်တွေ တိုးစေခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ဒီကားမှာတော့ အမေရိကန်ဗီယက်နမ်မင်းသမီးလေး Lana Condor က ပါဝင် သ ရုပ်ေ ဆာင် ထားပါတယ်။”The more people you let into your life, the more that can just walk right out.”  ဆိုတဲ့ စကားလေးကတော့ ပရိသတ်တွေကြိုက်ခဲ့တဲ့ ဇာတ်ကားလေးပါ။

#A Star Is Born

A Star Is Born ကတော့ အောက်တိုဘာမှာ ထွက်ရှိခဲ့တာပါ။American musical romantic drama ဇာတ်ကား ပါ။ဇာတ်လမ်းအကျဉ်း ကတော့ Musician တစ်ယောက်ဖြစ်တဲ့ Jackson Maine နဲ့  အဆိုတော် တစ်ယောက် ဖြစ်ဖို့ ဆိုတဲ့ သူမရဲ့ အိမ်မက်တွေကို လက်လျှော့လိုက်တဲ့ Ally တို့ တွေ့ဆုံပြီး ချစ်ကြိုက်သွားတဲ့ ဇာတ်ကား လေးပါ။

READ
အမူးလွန်ပြီး သောင်းကျန်းတဲ့ နိုင်ငံခြားသားနှစ်ဦးကို သင်ခန်းစာပေးခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ

#‘Every Day’

ဖေဖော်ဝါရီ (၂၂)ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။‘Every Day’ ဇာတ်ကားမှာတော့ မိုးလင်းတိုင်း လူအသစ်တစ်ယောက်လို နိုးထနေရတဲ့၊ခန္ဓာကိုယ်အမျိုးမျိုးထဲမှာ ၀င်ရောက်ယှဉ်သန်နေရတဲ့  A နဲ့ အသက် (၁၆)နှစ်အရွယ် Rhiannon တို့ ရဲ့ အချစ်ဇာတ်ကားလေးပါ။ပုံစံထူးထူးခြားခြားလေးနဲ့ တွေ့ရမယ့် အချစ်ဇာတ်ကားလေးပါ။

#Adrift

Adrift  ကတော့ အမေရိကန် ရိုမန်တစ်ဒရမ်မာဇာတ်ကားပါ။ဘာကြောင့် သေချာပေါက်ကြည့်သလဲ ဆိုရင် တော့ ဒီဇာတ်ကား ဟာ (1983)ခုနှစ်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဖြစ်ရပ် မှန် ဇာတ် ကား ကိုကြည့်နေရတာမို့ သေချာပေါက်သင့်ကို ပိုပြီးနက်ရှိုင်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ Shailene Woodley နဲ့ Sam Claflin တို့ကတော့ ဒီကားမှာ ဟာရီကိန်းမုန်တိုင်းကြောင့် ပစိဖိတ်သမုဒ္ဒရာအလယ်မှာ သောင်တင်နေခဲ့ ကြပါတယ်။ပျက်စီးနေတဲ့ လှေ၊ရေဒီယိုလုံးဝမရှိတဲ့ အနေအထားမှာ Hawaii  ကို ဘယ်လို ပြန်ကြမလဲ ဆိုတာကို ရင် တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။

Ref ; wiki

SHARE