ရောမမြို့လို့ ဆိုလိုက်ရင်တော့ လှပပြီးခန်းနားတဲ့ နေရာတစ်ခုအဖြစ် လူတိုင်းကသိကြမှာပါ။ များပြားလှတဲ့ လည်ပတ်စရာနေရာတွေ ရှိမှာဖြစ်ပြီး တခြားဘယ်နိုင်ငံမှာမှ မြင်တွေ့နိုင်မှာမဟုတ်တဲ့ သူမတူတဲ့အဆောက်အအုံတွေကလဲ နေရာအနှံပါပဲ။ တကယ်လို့များရောမကို ရောက်ဖြစ်ခဲ့ရင် ဘယ်သွားရလဲ ဝေခွဲမရမဖြစ်ရအောင် နယ်ခံတွေ အကြံပြုထားတဲ့ လည်ပတ်လို့အကောင်းဆုံးနေရာ(၁၀) ခုကဘာတွေ ဖြစ်မလဲဆိုတာ ကြည့်ထားလိုက်ရအောင်။
(၁၀) The Gianicolo (janiculum)

ဒီနေရာလေးကတော့ ရောမမြို့ရဲ့အနောက်ဘက်မှာရှိတဲ့ တောင်ကုန်းလေးပါ။ သူရဲ့ အဓိကနာမည်ကြီးရတဲ့ အချက်ကတော့ အပေါ်စီးကနေလှမ်းကြည့်ရင်မြင်တွေ့ရမယ့် မယုံကြည်နိုင်လောက်အောင်လှပတဲ့ ရောမမြို့ရဲ့မြင်ကွင်းပါပဲ။
(၉) The Pantheon
ဒီအဆောက်အဦးကတော့ အေဒီ ၁၂၆ ရာစုလောက်က လက်ရာဖြစ်ပြီး ထိန်းသိမ်းနိုင်ခဲ့တဲ့ ယဉ်ကျေးမှုလက်ရာတွေထဲမှာတော့ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ရှေးခေတ်ရောမလူမျိုးတွေရဲ့ တီထွင်ဖန်းတီးနိုင်စွမ်းအတွက် ပြယုတ်တစ်ခုအဖြစ်ကျန်ရှိခဲ့ပြီး ယနေ့အချိန်ထိလဲ ဘုရားကျောင်းအဖြစ် အသုံးပြုနေဆဲဖြစ်ပါတယ်။
(၈) Piazza Navona
Piazza Navona ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်သူ့ပိုင်အဖြစ်အသုံးပြုလို့ရတဲ့ နေရာတွေထဲကရှေးအကျဆုံးစာရင်းထဲမှာပါဝင်ပါတယ်။
(၇) Trastevere
တကယ်တော့ဒီနေရာက ရောမမြို့ရဲ့အိမ်နီးချင်းနယ်မြေတစ်ခုပါ။ နယ်ခံတွေက ဘာကြောင့်ဒီနေရာကိုညွှန်းရသလဲ ဆိုတော့ ဓာတ်ပုံရိုက်လို့ အရမ်းလှမယ့် တမူထူးခြားတဲ့ လမ်းကလေးတွေရယ် လှပတဲ့ရှေးခေတ်အိမ်လေးတွေရယ်ကြောင့်ပါတဲ့။
(၆) Piazza di Spagna

နောက်ထပ်တစ်နေရာကတော့ ကသလစ်ဘုရားကျောင်းဆီကို ဦးတည်နေတဲ့ လှေကားရှည်ကြီးတွေကြောင့် နာမည်ကျော်နေတဲ့နေရာတစ်ခုပါ။ လှေကားထစ် စုစုပေါင်းကတော့ ၁၃၅ ထစ်ရှိပါတယ်။
(၅) St. Peter’s Basilica
ရောမမြို့မှာရှိတဲ့ ကသစ်လစ်ဘုရားကျောင်းတွေထဲမှာ အထင်ကရအဖြစ်ဆုံး St. Peter’s Basilica ဟာ နယ်ခံ တွေရဲ့ အကြိုက်ဆုံးနေရာထဲမှာ ပါဝင်နေမှာအသေအချာပါပဲ။
(၄) Trevi Fountain
ဒဏ္ဍာရီအဆိုအရဆိုရင်တော့ ဒီနေရာမှာအကြွေစေ့လေးတွေ ပစ်ထည့်ခဲ့ရင် နောက်တစ်ကြိမ်ရောမမြို့ကို ပြန်လာနိုင်မှာပါတဲ့နော်။
(၃) The Imperial Forums
အရင်အချိန်တွေတုန်းက ရောမအင်ပါယာရဲ့ အုပ်ချုပ်ရေး စီးပွားရေးဆိုင်ရာအရေးကိစ္စတွေ စီမံရာဌာနတစ်ခုဖြစ်တဲ့ The Imperial Forums ဟာ ခုချိန်မှာတော့ အပျက်အစီးတွေကြားမှာ အရင်နဲ့မတူနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း ရှေးခေတ်ရောမအင်ပါယာရဲ့ ခန်းနားထယ်ဝါမှုတွေကတော့ အရိပ်အယောင်တွေကတော့ ကျန်ရှိနေဆဲပါပဲ။
(၂) Old Town
များပြားလှတဲ့ အထင်ကရနေရာထဲက နယ်ခံတွေအကြံပြုထားတဲ့ စာရင်းမှာနံပတ် (၂) နေရာမှာချိတ်တဲ့ Old Town ကတော့ လှပတဲ့ အပြင်အဆင်နဲ့ ကော်ဖီဆိုင်လေးတွေ စားသောက်ဆိုင်လေးတွေ အပြည့်ရှိတဲ့နေရာပါ။ အဲ့ဒီနေရာလေးကိုသာရောက်ခဲ့ရင်တော့ ကော်ဖီလေးသာက်ပြီး ရှေးခေတ်ရောမကို ပြန်ရောက်နေသလို စိတ်ကူးယဉ်လို့ကောင်းမှာပါ။
(၁) The Colosseum

ရောက်အောင်သွားရမယ့်နေရာတွေထဲမှာ ထိပ်ဆုံးကရှိနေတဲ့ တစ်ခုကတော့ တချိန်တုန်းကရောမ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲလိုဖြစ်ခဲ့တဲ့ လူလူချင်း ဒါမှမဟုတ် လူနဲ့ သားရဲတိရစ္ဆာန်တွေရဲ့ ယှဉ်ပြိုင်ထိုးသတ်ပွဲတွေ ပြုလုပ်ခဲ့တဲ့နေရာပါ။ တစ်နှစ်ကို လူပေါင်း (၄) သန်းကျော် လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
Wint Wint