စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့ သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ သတင်းတိုများ

၁။ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမီယိုကို 2021ခုနှစ်အထိ (၄)နှစ်သက်တမ်းတိုးစာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ အသက်(30)နှစ်အရွယ်ရှိတဲ့ ရိုမီယိုဟာ 2015ခုနှစ်က မန်ယူအသင်းကို
ရောက်ရှိလာခဲ့သူပါ။ ဒါပေမယ့် သူဟာ နံပါတ်တစ်ဂိုးသမား ဒီဂီယာရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ်သာ ပွဲ ထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ပွဲတွေမှာ ဒီဂီ ယာကိုသုံးခဲ့ပြီး ယူရိုပါလိဂ်ပွဲတွေမှာ ရိုမီယိုကို အသုံးပြုခဲ့တာကြောင့် ရိုမီယိုလက်စွမ်းဟာ ပိုမိုထင်ပေါ်လာခဲ့ပါတယ်။မန်ယူ
အသင်း ယူရိုပါလိဂ်ဖလားရအောင် ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ပွဲထွက်ခွင့်ရခဲ့ပါတယ်။

၂။ ဆီးဗီးလားအသင်းဟာ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ စပိန်တောင်ပံကစားသမား နိုလီတိုကို (3)နှစ်စာ
ချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြောင်းရွှေကြေးအတိအကျကို နှစ်ဖက်အသင်းက ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့် ပေါင်
7.9သန်း ၀န်းကျင်ခန့်ရှိမယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

၃။ ပရီးမီးယားလိဂ်အသင်းများက ဆက်သွယ်နေပေမယ့် ရီးယဲလ်ကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းခဲ့ကြောင်း
ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောဆိုခဲ့ပါတယ်။ ဘေးလ်က ”ရီးယဲလ်ကနေ ထွက်ခွာဖို့ ဘယ်တုန်း
ကမှ မစဉ်းစားခဲ့ပါဘူး။ ရီးယဲလ်မှာ ပုံမှန်ပွဲထွက်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုတာသိပေမယ့် ကျွန်တော်ကတော့ အ
ကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

၎။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ မန်ယူအသင်းကို ပြန်လာဖို့ လုံးဝမဖြစ်
နိုင်ကြောင်း ဂလက်ဆီကို (5-2)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲပြီးနောက် ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက ”စီရော်နယ်ဒိုကို ပြန်
ခေါ်ဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူဟာ ရီးယဲလ်အတွက် စီးပွားရေးအရရော
အောင်မြင်မှုအတွက်ပါ အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်လို့ပါ။ ကျွန်တော်အနေနဲ့ မဖြစ်နိုင်ခဲ့တဲ့ခေါ်ယူမှုတစ်ခုအ
တွက် အချိန်မကုန်ချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

READ
မော်ရင်ဟို မန်ယူရောက်ဖို့နီးစပ်နေပြီ

၅။ အခုနှစ်ရာသီမှာ ကစားသမားအများအပြားကို ခေါ်ယူထားတဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ လာဇီယိုအ
သင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား လူးကပ်စ်ဘစ်ဂလီယာကို (3)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြန်ပါတယ်။ အေစီမီ
လန်ဟာပြီးခဲ့တဲ့ စနေနေ့ကမှ ဂျူဗင်တပ်စ်ဝါရင့်နောက်ခံလူ ဘိုနုချီကို ပေါင်(35)သန်းနဲ့ ခေါ်ယူပြီး တစ်ဆက်တည်း ဘစ်
ဂလီယာကိုပါ ခေါ်ယူနိုင်ခဲ့တာပါ။ ဘစ်ဂလီယာဟာ အေစီမီလန်ရဲ့ ဒီနွေရာသီ (9)ဦးမြောက် ကစားသမားခေါ်ယူမှုဖြစ်
လာခဲ့ပါတယ်။

၆။ မန်ယူတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက တိုက်စစ်မှူးသစ် လူကာကူအနေနဲ့ မန်ယူအသင်းမှာ အောင်မြင်မှုရယူလိုပါက
ခိုင်မာတဲ့ စိတ်ဓာတ်အင်အားကို ပြသရမှာဖြစ်တယ်လို့ အကြံပေးတိုက်တွန်းခဲ့ပါတယ်။ “မန်ယူဟာ အောင်မြင်မှုတွေ ဆာ
လောင်နေတဲ့အသင်းပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်လက်ခံဖို့ စိတ်ဓာတ်ကို အကောင်းဆုံးပြင်ဆင်ထားရမှာပါ။လူကာကူဟာ
သူ့မှာရှိတဲ့အရည်အချင်းနဲ့ ဖိအားဒဏ်စိန်ခေါ်မှုတွေကို အကောင်းဆုံးဖြတ်ကျော်နိုင်ရင် သူအောင်မြင်မှာပါ။ ဒီလိုမှမဟုတ်
ရင်တော့ သူ ရုန်းကန်ရမှာပါ”လို့ ရွန်နီက ပြောခဲ့ပါတယ်။

READ
ဥရောပအကောင်းဆုံးကစားသမားဆုမှာ ဂရစ်ဇ်မန်းရသင့်ကြောင်းရော်နယ်လ်ဒိုဆို

၇။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဟာ လူကာကူကို လက်လွှတ်ခဲ့ရပြီးနောက် ဒေါ့တ်မွန်တိုက်စစ်မှူး
အူဘာမီယန်းကို ခေါ်ယူဖို့ အရှိန်ဟုန်မြှင့်ကြိုးပမ်းနေပါတယ်။ တိုက်စစ်မှူး ကော်စတာမှာ ချယ်လ်ဆီးကနေ ထွက်ခွာမှာ
ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူရမှာဖြစ်ပါတယ်။ ရီးယဲလ်တိုက်စစ်မှူး မိုရာ
တာ၊ တိုရီနိုတိုက်စစ်မှူး ဘီလော့တီ၊ ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ပစ်မှတ်ထားနေပြီး တစ်ဦးဦးကို ခေါ်ယူ
ဖွယ်ရှိနေပါတယ်။

၈။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၀င်ဘယ်တန်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်အဖြစ် စပိန်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားနဲ့ ခရိုအေးရှားတင်းနစ်သမား မာရင်ဆီလစ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး (35)နှစ်အရွယ် ဖက်ဒါးရားက
(6-3၊ 6-1၊ 6-4)နဲ့ (3)ပွဲပြတ်အနိုင်ရကာ ဗိုလ်စွဲသွားခဲ့ပါတယ်။ အဲဒီဝင်ဘယ်တန်ဖလားကို ရရှိခဲ့တဲ့ ဖက်ဒါးရားဟာ
ဝင်ဘယ်တန်သမိုင်းတစ်လျှောက် (8)ကြိမ်နဲ့ ဗိုလ်စွဲမှုအများဆုံး တင်းနစ်ကစားသမားအဖြစ်စံချိန်သစ်နိုင်ခဲ့သလို ဒီဆုဖလားဟာ သူ့ဘ၀တစ်လျှောက် (19)ခုမြောက် ဂရင်းစလင်းချန်ပီယံဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; Goal.com, BBC
SHARE