အသက်(၇၀)ကျော်မှ အချစ်သစ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူကြမ်းမင်းသားကြီး Ron Pearlman

[email protected] allisondunbar

Ron Perlman ကိုတော့ နာမည်ကြားလိုက်တာနဲ့ တော်တော်များများ သိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Hollywood ရုပ်ရှင်ပရိသတ်တော်တော်များများကတော့ Ron ရဲ့ ရုပ်ကိုမြင်လိုက်တာနဲ့ ဇာတ်ကားတော်တော်များများမှာ ဗီလိန်နေရာက အမြဲလိုလို သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီးတစ်ယောက်အဖြစ် တန်းကနဲ သိရှိကြမှာပါ။ အခုလည်း အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ Ron ဟာ သူ့ထက် အသက်(၂၀)လောက်ငယ်တဲ့ သရုပ်ဆောင် Allison Dunbar နဲ့ တရားဝင်တွဲနေပြီဖြစ်ကြောင်း Thesun.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Ron Perlman (@perlmutations)

အသက် ၇၀ ကျော် အရွယ်ရှိပြီတဲ့ Ron ဟာ ၃၈ နှစ်ကျော် လက်တွဲလာခဲ့တဲ့ ဇနီးဟောင်း Opal Stone နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလဲမှာ တရားဝင်ကွာရှင်းခဲ့ပြီဖြစ်သလို Blake Perlman လို့အမည်ရတဲ့ သမီးတစ်ယောက်နဲ့ Brandon Perlman လို့အမည်ရတဲ့ သားတစ်ယောက်ကို မွေးခဲ့ပြီလည်း ဖြစ်ပါတယ်။ Ron ဟာ Opal နဲ့ လမ်းခွဲရခြင်းအကြောင်းအရင်းကို တရားဝင် ပြောကြားခဲ့ခြင်းမရှိပဲ တရားရုံကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

READ
ဂျိမ်းစ်ဘွန်းစတန့်မင်းသား Steve Truglia ဟယ်လီကော်ပတာပေါ်မှ ပြုတ်ကျကွယ်လွန်

 

 

View this post on Instagram

 

A post shared by Allison Dunbar (@allisondunbar)

လက်ရှိတွဲနေတဲ့ အသက် ၄၇ နှစ်အရွယ် Allison ကတော့ မင်းသမီးတစ်ဦးဖြစ်သလို Ron ရဲ့ သူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူတို့နှစ်ဦးဟာ StartUp လို့ အမည်ရတဲ့ တီဗ္ဗီရှိုးတစ်ခုမှာ တွေ့ခဲ့တာဖြစ်ပြီး အချိန်တော်တော်ကြာ သူငယ်ချင်းပုံစံနဲ့ ဆက်ဆံခဲ့ကြတာ ဖြစ်ပါတယ်။ Ron နဲ့ Opal တို့ တရားဝင်ကွာရှင်းပြီး နောက်ပိုင်းမှာတော့ Ron နဲ့ Allison တို့ဟာ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဆင့်ကို တက်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင်တော့ နှစ်ယောက်သား တရားဝင် တွဲခုတ်နေကြခဲ့တာ ဖြစ်ပါတယ်။

READ
သမ္မတ ဒေါ်နယ်ထရန့်ကို လက်ခလယ်ထောင် ပြသလိုဖြစ်သွားတဲ့ ချားစ်မင်းသား

 

 

View this post on Instagram

 

A post shared by Allison Dunbar (@allisondunbar)

“Ron ကော၊ Allison ကောက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပါတယ်။ COVID 19 မတိုင်ခင်လောက်မှာ ၂ ယောက်က တွဲခဲ့ကြတာဖြစ်ပြီး COVID 19 ဖြစ်တဲ့အချိန်မှာ Pasadena မြို့က Ron အိမ်မှာ အချိန်တော်တော်ကြာ အတူတူတနေခဲ့ကြပါတယ်။ Ron ကတော့ သူ့ထက် အသက်တော်ငယ်တဲ့ Allison ကို တော်တော်လေးချစ်သလို တော်တော်လေးလည်း ဂရုစိုက်ရှာပါတယ်”လို့ Ron နဲ့ Allison တို့ရဲ့ နီးစပ်ရာ အသိုင်းအဝိုင်းမှ ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Allison Dunbar (@allisondunbar)

Pyi Hein Kyaw

SHARE