ကော်တင်ဟို,ကိုခေါ်ယူဖို့ ဘာကာစိတ်ဝင်စားနေကြောင်း ဂန္ထ၀င်ကစားသမား ဒင်ဟိုဖွင့်ဟ

ဘာကာအသင်းရဲ့ ဂန္ထ၀င်ကစားသမားဟောင်း တစ်ယောက်လည်းဖြစ်တဲ့ ရော်နယ်ဒင်ဟိုက ဘာကာအသင်းဟာ လီဗားပူး ကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒင်ဟိုဟာ ဘာကာအသင်းမှာ 2003 ခုနှစ်မှ 2008 ခုနှစ်အထိပေးဆပ် ကစားခဲ့ပြီး ဆုဖလားတွေလည်း များစွာ ရှိခဲ့သူ ဖြစ်ပါတယ်။

ဒင်ဟိုဟာ လက်ရှိအချိန်ထိ ဘာကာအသင်းရဲ့ Club Ambassador တစ်ယောက်အဖြစ် စောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး၊ လာမယ့် ရသတ္တပတ်မှာ ပြန်လည် ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ၎င်းဟာ ယခုနှစ် ပရီမီယားလိဂ်ရာသီမှာ 13 ပွဲကစားပြီး 5 ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကစားသမား
ဖြစ်ပါတယ်။

ဒင်ဟိုက ” သူ မကြာခင် ဒဏ်ရာတွေကနေ သက်သာပြီး လီဗားပူးနဲ့ ပွဲထွက်လာမယ်လို့ မျှော်လင့်ပါတယ် … သူဟာ ဥရောပ တစ်လွှားမှာ ထူးချွန်တဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ .. ဒါကို ဘာကာကလည်း ကောင်းကောင်းသိပြီး သဘောကျ နှစ်ခြိုက်နေပါတယ် … လီဗာပူးကလည်း သူ့ကို ထိမ်းသိမ်းဖို့ ကြိုးစားမှာပါ …”လို့ ပြောခဲ့ပါတယ်။

READ
၁၄-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာကာဂန္ထ၀င်ကွင်းလယ်ကစားသမား ဇာဗီကလည်း ၎င်းရဲ့ ကစားသမားဘ၀မှာ ကော်တင်ဟိုနဲ့ တွဲဖက်ကစားလိုကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။ ထိုစဉ်တုန်းကတည်းက ဘာကာအသင်းဟာ ကော်တင်ဟိုကို ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုတွေ လုပ်ခဲ့
သေးတယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

source : goal.co.uk

SHARE