သမီးတစ်ယောက် ရပြီးတာတောင် ချစ်သူကိုလက်ထပ်ခွင့်မတောင်းသေးတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ မော်ဒယ်တစ်ဦးဖြစ်တဲ့ Georgina Rodriguez နဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပေါ်ပေါ်ထင်ထင်တွဲခဲ့ကြတာပါ။

Instagram

သားသမီးများစွာနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ စိတ်ဆန္ဒရှိတဲ့ ရော်နယ်ဒိုဟာ Georgina နဲ့မတွဲခင်ကတည်းက အငှားကိုယ်ဝန်ဆောင်များနဲ့ သားသမီးတွေ မွေးထုတ်ခဲ့ပါတယ်။ Georgina နဲ့ကလည်း ဟိုးတစ်နှစ်ကမှ ကိုယ်ဝန်ရကာ သမီးလေး Alana ကို မွေးခဲ့ပါသေးတယ်။

Instagram

ရောနယ်ဒိုနဲ့ Georgina လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေကတော့ သူတို့စတွဲကတည်းက မှိုလိုပေါက်အောင် ထွက်နေခဲ့ကြတာပါ။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်ကပဲ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ လိင်ပိုင်းဆိုင်ရာလိမ်လည် လှည့်ဖျားကျူးလွန်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။

Instagram

ဒီအပြင် Georgina ရဲ့ ဖခင်ဟာလည်း အသက်ကြီးရောဂါကြောင့် ကွယ်လွန်ခဲ့ပါသေးတယ်။ ချစ်သူက အမှုရင်ဆိုင်နေတုန်း ဖခင်ကပါ ကွယ်လွန်းသွားတဲ့အတွက် Georgina အတွက်တော့ သိပ်ကြမ်းတမ်းခဲ့တဲ့ အချိန်တွေဖြစ်ခဲ့ရပါတယ်။

Instagram

ဒီအပြင် အငှားကိုယ်ဝန်ဆောင်နဲ့မွေးထားတဲ့ အသက် (၈) နှစ်အရွယ် Cristaninho, အသက် (၂) နှစ်ပြည့်တော့မယ့် Eva နဲ့ Mateo အမွှာနှစ်ယောက်အပြင် Georgina နဲ့ရထားတဲ့ Alana တို့ကိုပါ Georgina တစ်ဦးတည်း အများဆုံးထိန်းနေရာတာမို့ ပင်ပန်းမှုတွေရှိနေခဲ့ပါတယ်။

READ
ဆေးစစ်ချက်အမှားကြောင့် 8နှစ်မှာတည်းက HIV ရှိတယ်ဆိုပြီး အနှိမ်ခံခဲ့ရသူ
Instagram

ဒါကြောင့်အခုတလောသတင်းထွက်နေတဲ့ ရော်နယ်ဒိုနဲ့သူမတို့ရဲ့မင်္ဂလာပွဲဟာ လုပ်ဖြစ်ဦးမှာမဟုတ်သေးဘူးလို့ဆိုပါတယ်။ မင်္ဂလာဆောင်ဖို့နေနေသာသာ နှစ်ဦးလုံးမှာ ကိုယ်စီအလုပ်တွေအရမ်းရရှုပ်နေတာကြောင့် လက်ထပ်ခွင့်တောင်  အတောင်းမခံရသေး ပါဘူးတဲ့။ ကြည်နူးဖို့အချိန်တောင်မရှိဘဲ အချင်းချင်းဖေးမနေကြတယ်လို့လည်းဆိုပါတယ်။

သို့ပေမယ့် အကယ်၍များ ရော်နယ်ဒိုသာ Georgina ကို လက်ထပ်ခွင့်တောင်းခဲ့မယ်ဆိုရင်တော့ ချက်ချင်းတောင် ယူပစ်တော့မယ်လို့ Georgina ကပြောခဲ့ပါတယ်။

Instagram

Source: Metro

Penny

SHARE