ပေါင်(၃၇၁,၀၀၀)တန်ဖိုးရှိ ကမ္ဘာ့ဈေးအကြီးဆုံး Rolex နာရီနဲ့ စတိုင်ထွားနေတဲ့ စီရော်နယ်ဒို

Instagram/Ronaldo_Rolex.com

ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အားကစားသမားတွေထဲမှာ မေဝယ်သာပြီးရင်၊ ဒုတိယမြောက် အချမ်းသာဆုံးအဖြစ် ရပ်တည်နေပါတယ်။ မေလ်ဝယ်သာရဲ့ ချမ်းသာမှုက ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ပေါင် (၆၉၇)သန်း ရှိခဲ့ပြီး၊ ဒိုလေးကတော့ ပေါင်သန်း (၆၁၀)အထိ ဝင်ငွေရှိခဲ့ပါတယ်။

ဒိုလေးဟာ အရှေ့အလယ်ပိုင်း၊ ဒူဘိုင်းမှာ ကျင်းပမယ့် Globe Soccer Awards ဆုပေးပွဲကိုတက်ရောက်ဖို့ လေဆိပ်ကို ရောက်ရှိလာစဉ်မှာပဲ ပါပါရာဇီတွေက သူရဲ့ဓာတ်ပုံတွေကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ ဘယ်ဘက်လက်မှာ ပေါင်(၃၇၁,၀၀၀) ပေးရတဲ့ The Rolex GMT Master Ice ဝတ်ဆင်ထားပြီး၊ ဒီနာရီဟာ Rolex က ထုတ်လုပ်ခဲ့တဲ့နာရီတွေထဲမှာ ဈေးအကြီးဆုံးပါ။ ပိုပြီးထူးခြားတာကတော့ ဒိုလေးရဲ့ နာရီဒီဇိုင်းဟာ သူ့စိတ်ကြိုက် ထပ်မံပြုပြင်ထားတဲ့ custom made design လည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

💥👌

A post shared by Cristiano Ronaldo (@cristiano) on

 

 

View this post on Instagram

 

You always make me feel so special 👩‍❤️‍💋‍👨

A post shared by Cristiano Ronaldo (@cristiano) on

နာရီကိုယ်ထည်မှာ (၁၈)ကာရက် အရည်သွေးမြင့်ရွှေဖြူနဲ့ ပြုလုပ်ထားပြီး၊ စိန်ပွင့်တွေ တလက်လက်တောက်အောင် မြှုပ်နှံထားပါတယ်။ ဒီနာရီကို Globe Soccer Awards ဆုပေးပွဲမှာလည်း ဝတ်ဆင်ထားပြီး၊ ဇနီးနဲ့အတူ ဆုယူခဲ့ပါသေးတယ်။ ဒီဓာတ်ပုံတွေကို အင်စတာဂရမ်မှာလည်း ပြန်လည်မျှဝေထားတယ်လို့ သိရပါတယ်။

Rolex.com

Globe Soccer Awards ဆုကိုတော့ (၂၀၁၁) ကနေ (၂၀၁၉)အထိ ဒိုလေးတစ်ဦးတည်းကပဲ ဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒိုလေးဟာ ဂျူဗင်အတွက် (၂၀၁၈၀၁၉)ရာသီမှာ (၄၃)ပွဲကစားပြီး၊ (၂၈)ဂိုး သွင်းယူခဲ့သူပါ။ ယခုနှစ် (၂၀၁၉-၂၀)အတွက်ကိုတော့ (၂၂)ပွဲကစားပြီး၊ (၁၅)ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

 

View this post on Instagram

 

Muitos Parabéns, Mãe! Desejo-te toda a felicidade do mundo🙏❤️ #ILoveYou #ProudSon

A post shared by Cristiano Ronaldo (@cristiano) on

ဒါပေမယ့် မက်ဆီကတော့ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာအတွက် ပွဲ(၅၀)ကစားပြီး (၅၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ လက်ရှိအချိန်ထိ ဒိုလေးနဲ့ သွင်းဂိုးတူနေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကပဲ Ballon d’Or ဆုကြီးကို စံချိန်တင်အဖြစ် ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လင်းသူရိန်

SHARE