The Expendables-3 ရိုက်ကွင်းပေါ်က ဖြစ်ရပ်တစ်ခုကို ဖွင့်ဟခဲ့တဲ့ Ronda Rousey

[email protected] rondarousey [email protected] the_expendables_fanclub

The Expendables ဇာတ်ကားတွေကတော့ ကျွန်တော်တို့နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပါ လုံးဝကို အောင်မြင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ အက်ရှင်ဇာတ်ကားတစ်ကားဆိုတာ ထက် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးအက်ရှင်မင်းသားကြီးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုလည်း နာမည်ကျော် MMA ပြိုင်ပွဲဖြစ်တဲ့ UFC ရဲ့ အမျိုးသမီးချန်ပီယံဟောင်း နဲ့ WWE နပန်းလောကရဲ့ အမျိုးသမီးနပန်းချန်ပီယံတစ်ဦးဖြစ်တဲ့ Ronda Rousey ကနေပြီးတော့ The Expendables 3 ဇာတ်ကားရိုက်တုန်းက ရိုက်ကွင်း အမှတ်တရအဖြစ်အပျက်တစ်ခုကို ဖွင့်ပြောခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

The Expendables 3 ဇာတ်ကားကတော့ Stallone, Jet Li,Arnold, Rocky Balboa, Jason Statham, Randy Couture အစရှိတဲ့ နာမည်ကြီးမင်းသားတွေပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Ronda Rousey လို WWE ရဲ့ အမျိုးသမီး နပန်းချန်ပီယံတစ်ယောက်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကောင်းဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက Ronda ဟာ The Expendables 3 ဇာတ်ကားရိုက်တုန်းက အချိန်တွေကို အရမ်းလွမ်းနေမိပြီး ရိုက်ကွင်းတုန်းက အမှတ်တရဖြစ်ရပ်တစ်ခုကို ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ The Expendables 3 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသားကြီးတွေဟာ ဇာတ်ကားရိုက်ကွင်း break time အချိန်တိုင်းမှာ အမြဲတမ်း အလေးတုံးတွေမပြီး အချိန်ကုန်လေ့ ရှိတာပဲ ဖြစ်ပါတယ်။

READ
ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ တိုင်ရွန်

 

“ရိုက်ကွင်းတော်တော်များများမှာ မင်းသားမင်းသမီးတွေက နားတဲ့အချိန် ဒီအတိုင်းထိုင်ပြီးနားတာတို့၊ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောပြီး နောက်ပြောင်နေတာတို့၊ ဖုန်းသုံးနေတာတို့ပဲ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် The Expendables 3 ဇာတ်ကားရိုက်တုန်းက ရိုက်ကွင်းနားချိန်တွေမှာ မင်းသားကြီးတွေက အကုန်စုပြီး အလေးတွေမကြပါတယ်။ အလေးတုံးတွေကလည်း ရိုက်ကွင်းမှာ အဆင်သင့်ရှိနေပြီးသားပါ။ အဲဒါဟာ ရိုက်ကွင်းနားချိန်တိုင်း အလေးမနေကြတာ။ ကျွန်မလည်း သူတို့နဲ့အတူတူ အလေးမဖြစ်ခဲ့ကြပါတယ်။ တော်တော်လေးတော့ ပျော်ဖို့ကောင်းပါတယ်။ The Expendables 3 ဇာတ်ကားရိုက်တုန်းက အချိန်တွေကို တစ်ကယ်လွမ်းမိပါတယ်”လို့ Ronda က ပြောကြားခဲ့ပါတယ်။

READ
မအိမ်ကံနဲ့ ပတ်သက်ပြီး မဆီမဆိုင် body shaming လုပ်ခံနေရတဲ့ အိချောပို

 

Pyi Hein Kyaw

SHARE