ခရစ္စမတ်ဈေးဝယ်ပြီးပြန်အလာ အိမ်ရေကူးကန်ထဲက မမျှော်လင့်တဲ့ ဖြစ်ရပ်

မိသားစုတစ်စုဟာ ခရစ္စမတ်ဈေးဝယ်ပြီး အိမ်ပြန်အလာ ၄င်းတို့ရဲ့ ရေကူးကန်ထဲမှာ သားပိုက်ကောင်ကြီးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ သားပိုက်ကောင်ကြီးဟာ နေအိမ်ရဲ့ ရေကူးကန်ထဲကို ခုန်ချပြီး ရေ၀င်စိမ်နေခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိသူကတော့ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့အရှေ့မြောက်ဘက်မှာနေထိုင်တဲ့ ဂျန်ဟာဟော ဆိုသူ အမျိုးသမီးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း အဆိုပါ သားပိုက်ကောင်ကြီးကို ၄င်းတို့ရဲ့ ရေကူးကန် ခြံစည်းရိုးနားမှာ တွေ့လိုက်ပါသေးတယ်။ ထို့နောက်မှာတော့ သားပိုက်ကောင်ကြီးက အတင့်ရဲလာကာ ရေကူးကန်ထဲကို ခုန်ဝင်ခဲ့တာ ဖြစ်ပါတယ်။

သားပိုက်ကောင်ကြီးက ရေကန်ရဲ့ ရေတိမ်ပိုင်းမှာ မတ်တပ်ရပ်နိုင်လောက်တဲ့အထိ အရပ်ကတော့ ရှည်ပါတယ်။ နောက်ပြီးတော့ ဂျန်ယူလာတဲ့ မြက်တွေကို မြုံ့ဝါးပြီး ဓာတ်ပုံအရိုက်ခံနေတာကိုလည်း တွေ့ရပါတယ်။ ဂျန်ဟာ တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးဌာနဆီကို ဆက်သွယ်ပြီး ရေကန်ထဲက သားပိုက်ကောင်ကြီးကို ကယ်ထုတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကီလိုဂရမ် (၇၀) လောက် အလေးချိန်ရှိတဲ့ သားပိုက်ကောင်ကြီးကို စိတ်ငြိမ်ဆေးတိုက်ကာ လူ() လေးဦးအကူအညီနဲ့ ကားပေါ်တင်ခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
ဆယ်လ်ဖီမဆွဲခင် နောက်ခံမြင်ကွင်းကို အရင်ကြည့်ဖို့ သတိပေးနေတဲ့ဓာတ်ပုံများ

Ref: Dailymail

SHARE