ညအချိန် တစ်လက်လက်တောက်ပနေတဲ့ နယ်သာလန်က အိပ်မက်ဆန်ဆန်လမ်းလေး

www.studioroosegaarde.net

Roosegaarde စတူဒီိယိုဟာ သူ့ရဲ့ ဆန်းကြယ်လှတဲ့ ဒီဇိုင်းတွေနဲ့ လူသိများပါတယ်။ အခုတစ်ခေါက်မှာလည်း Roosegaarde ဟာ ဗင်းဆင့်ဗန်ဂိုးရဲ့ The Starry Night ပန်းချီကားကို အသွင်ယူပြီး တစ်လက်လက် တောက်ပနေတဲ့ စက်ဘီးသွားလမ်းလေးတစ်လမ်းကို ဖန်တီးခဲ့ပါတယ်။ ၄င်းလမ်းကလေးကိုတော့ နေစွမ်းအင်သုံး LED တွေနဲ့အတူ အလင်းစုနိုင်စွမ်းရှိတဲ့ သုတ်ဆေးတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

studioroosegaarde
studioroosegaarde

ညဘက်မှာတော့ ၄င်းစက်ဘီးလမ်းကလေးဟာ တောက်ပနေတဲ့ ထောင်ပေါင်းများစွာသော ကျောက်တုံးတွေနဲ့ ထွန်းလင်းလျက် ရှိနေပါတယ်။ လမ်းကလေးမှာတပ်ဆင်ထားတဲ့ LED မီးတွေဟာ နေ့အချိန်မှာ နေရောင်ကိုစုဆောင်းပေးပြီး ညဘက်ရောက်တဲ့အခါမှာတော့ လှပပြီး ဆန်းကြယ်လွန်းတဲ့ လမ်းလေးအဖြစ်ကို ဖန်တီးပေးလိုက်ပါတယ်။ လမ်းပေါ်ကို ဖြတ်သန်းသွားလာသူတွေအနေနဲ့ ပန်းချီကားလေးထဲ လျှောက်လှမ်းရသလို ကြည်နူးစရာကောင်းလွန်းတဲ့ အတွေ့အကြုံကို ခံစားမိစေမှာပဲ ဖြစ်ပါတယ်။

READ
မိခင်ပိုက်ဆံတွေကို အလစ်သုတ်ပြီး ကုမ္ပဏီထောင်ခဲ့ရာမှ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်လာခဲ့သူ
studioroosegaarde
studioroosegaarde

ဒီပရောဂျက်လေးဟာ Roosegaarde စတူဒီယိုရဲ့ ပိုမိုလုံခြုံမှုရှိပြီး ထိရောက်လွယ်ကူတဲ့လမ်းတွေအဖြစ် အသွင်ပြောင်းလဲဖို့ရန် အစီအစဉ်တွေထဲက တစ်ခုသာ ဖြစ်ပါတယ်။ လမ်းကလေးဟာ နယ်သာလန်က ဗန်ဂိုးအမွေအနှစ်နေရာတွေနဲ့ ဆက်သွယ်ထားပြီး ဒတ်ခ်ျ်ပြည်နယ် Noord Brabant မှာ တည်ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE