နှင်းဆီပန်းအရောင်တွေရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်အမျိုးမျိုး

Vladimir Sukhachev/Shutterstock

တစ်ယောက်ယောက်ကို နှင်းဆီပန်းတွေပေးဖို့ စဉ်းစားနေတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက နှင်းဆီပန်းတွေ ရနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ နှင်းဆီပန်းတွေဟာအရောင်တွေသာ ကွဲချင်ကွဲသွားမယ် ဘာမှ ထူးထူးခြားခြားမခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်တော့ နှင်းဆီပန်းတွေမှာလည်း အဓိပ္ပာယ်ကိုယ်စီရှိကြတယ်။ သူတို့ရဲ့အရောင်ကို လိုက်ပြီး ကွဲပြားတဲ့အဓိပ္ပာယ်တွေ ရှိကြတဲ့အတွက် ဒါလေးတွေကိုသာ သိထားရင် သင့်အနေနဲ့ နှင်းဆီပန်းတွေကို အကျိုးရှိရှိအသုံးချနိုင်ပါလိမ့်မယ်။

(၁)။ အနီရောင်

အနီရောင်နှင်းဆီတွေက ချစ်ခြင်းကို ကိုယ်စားပြုတဲ့ နှင်းဆီတွေဖြစ်ကြပြီး နှင်းဆီအနီတွေပေးတာဟာ “ချစ်တယ်” လို့ပြောတာနဲ့အတူတူပါပဲတဲ့။ ဒါ့အပြင် ကိုယ့်ဖက်က ဘယ်လောက် နက်နက်ရှိုင်းရှိုင်းခံစားနေရကြောင်း သိစေချင်ရင်လည်း နှင်းဆီနီတွေကို သုံးကြပါတယ်။

PhotoHouse/Shutterstock
(၂)။ နှင်းဆီဖြူ

နှင်းဆီဖြူကတော့ စာနာမှု၊လူသားဆန်မှု၊ အပြစ်ကင်းစင်မှု စတာတွေကို ကိုယ်စားပြုပါတယ်။

(၃)။ နှင်းဆီဝါ

အ၀ါရောင်နှင်းဆီတွေကတော့ ပျော်ရွှင်မှု၊ နွေးထွေးမှုတွေကို ပြသတဲ့ နှင်းဆီတွေပါ။ အထူးသဖြင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကြားက ဆက်ဆံရေးတွေအတွက် နှင်းဆီအ၀ါကို သုံးလေ့ရှိပြီး ရိုမန်းတစ် ဖြစ်တဲ့နှင်းဆီပန်းတွေတော့ မဟုတ်ကြပါဘူး။

READ
သင့်တို့မသိသေးတဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်းနေရာများ
PhotoHouse/Shutterstock
(၄)။ ပန်းရောင်

ပန်းရောင်နှင်းဆီတွေကတော့ သိမ်မွေ့တဲ့စိတ်ခံစားမှုမျိုးကို ဖော်ပြတာပါ။ ရိုမန်းတစ်ဆန်ဆန် နှင်းဆီပန်းပေးကြသူတွေအတွက် အထူးသင့်တော်တဲ့ နှင်းဆီအရောင်ပါတဲ့။

(၅)။ လိမ္မော်ရောင်နှင်းဆီ

လိမ္မော်ရောင်နှင်းဆီတွေကတော့ ဂုဏ်သိက္ခာ၊ ပြင်းပြတဲ့စိတ်ဆန္ဒ စတာတွေကို ရည်ညွှန်းပါတယ်။ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့နေရာမှာ လိမ္မော်ရောင်နှင်းဆီတွေကို အနီရောင်နှင်းဆီတွေလိုပဲ ရည်ရွယ်အသုံးပြုနိုင်ပြီး ပြင်းပြင်းပြပြချစ်တယ်လို့ ဆိုလိုတာပါ။

(၆)။ အပြာရောင်နှင်းဆီ

အပြာရောင်နှင်းဆီတွေဟာ လျို့ဝှက်မှု၊ ဆန်းကြယ်မှု စတာတွေကို ကိုယ်စားပြုပါတယ်။ “ငါ့မှာ မင်းမရှိပေမယ့် ငါမင်းအကြောင်းကိုမတွေးပဲမနေနိုင်ဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးကို အပြာရောင်နှင်းဆီတွေဆီက ရပါသတဲ့။

Vladimir Sukhachev/Shutterstock
(၇)။ အနက်ရောင်နှင်းဆီ

အနက်ရောင်နှင်းဆီတွေကတော့ ခံစားမှုတွေ သေဆုံးသွားတဲ့အခါ၊ လူနှစ်ယောက် လမ်းခွဲသွားကြတဲ့အခါ သုံးကြလေ့ရှိတဲ့နှင်းဆီတွေပါ။ ချစ်သူနှစ်ယောက်ကြားက ဆက်ဆံရေးပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကို နှင်းဆီနက်တွေပို့ပြီး အသိပေးနိုင်ပါတယ်တဲ့။

Linn

Ref : theflowerexpert.com

SHARE