LISA ရဲ့ အကတွေကို ကြည့်ပြီး dancer ကောင်းတစ်ယောက် ဖြစ်ချင်လာတယ်ဆိုတဲ့ ROSE

ig/@blackpinkofficial

BLACKPINK အဖွဲ့ဝင် ROSE က ဟိုးအရင်တုန်းက LISA ကနေတာလေးကို ကြည့်ရင်း dancer ကောင်းတစ်ယောက် ဖြစ်ချင်လာခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

‘24/365 with BLACKPINK’ EP.5 Full version is now available on YouTube #BLACKPINK #블랙핑크 #24_365_WITH_BLACKPINK #EP5 #YOUTUBE #YG

A post shared by BLΛƆKPIИK (@blackpinkofficial) on

August 1 ရက်နေ့က BLACKPINK ရဲ့ အေဂျင်စီ YG Entertainment ကနေပြီးတော့ ဗီဒီယိုလေးတစ်ခုကို Youtube မှာတင်ပေးခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။ ဒီဗီဒီယိုလေးကတော့ BLACKPINK အဖွဲ့ဝင်လေးယောက် ပျော်ပျော်ပါးပါး စကားတွေပြောရင်း ညစာစားနေကြတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

READ
‘Queens of Intros’ လို့တင်စားခံထားရတဲ့ အမျိုးသမီး Kpop idol (၅) ယောက်

 

 

View this post on Instagram

 

This is all yours BLINKS🖤 We love you so much and you guys deserve it all 💗 Thank you always🙏

A post shared by BLΛƆKPIИK (@blackpinkofficial) on

ဒီစကားဝိုင်းလေးမှာတော့ သူတို့ ဟိုးအရင် trainee days တွေတုန်းက ပင်ပန်းခက်ခဲတဲ့ အချိန်တွေအကြောင်းကို ROSE က ခုလိုပြောပြခဲ့ပါတယ် “ ကျွန်မအတွက် အခက်ခဲဆုံးက ကျွန်မရဲ့ မိသားစုတွေနဲ့ ဝေးနေရတာပါပဲ ဒါက ကျွန်မအတွက် တကယ့်ကို မလွယ်ကူခဲ့ပါဘူး” ဆိုပြီး ပြောပြခဲ့ပါတယ်။

 

 

View this post on Instagram

 

Thank you BLINKS🖤 How we like that name💗😘

A post shared by BLΛƆKPIИK (@blackpinkofficial) on

JENNIE က ROSE ရဲ့ အပြောကို ခုလိုပြန်ကော်မန့်ပေးခဲ့ပါတယ် “ ဒါပေမယ့် ဒါက ငါတို့ကို ပိုပြီးနီးကပ်စေခဲ့တာပဲလေ အဲဒီ့နောက်မှာတော့ ငါတို့အရမ်းကို ရင်းနှီးခဲ့ကြတယ်လေ” ဆိုပြီး ပြောခဲ့ပါတယ်။

READ
တစ်ေခါက်တည်း ကြည့်ရုံနဲ့ ညီအစ်မလား ၊ သားအမိလား ခွဲခြားရခက်စေတဲ့ ဓာတ်ပုံများ

ROSE က ထပ်ပြီးတော့ သူမ အကကို ဘယ်လိုသင်ယူခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး “ YG Entertainment ကို မရောက်ခင်က တစ်ခါမှ မကခဲ့ဖူးဘူး နောက်တော့ အတူတူလေ့ကျင့်နေတဲ့ LISA ရဲ့ ကတဲ့ပုံစံကိုမြင်တော့ အရမ်းကို သဘောကျသွားခဲ့တာ ငါလည်း သူ့လိုပဲ ကတတ်ချင်လိုက်တာ ဆိုပြီးဖြစ်သွားတာ သူမက အရမ်းကို မယုံနိုင်လောက်အောင် အကကောင်းတဲ့ သူတစ်ယောက်ပါ” ဆိုပြီး ပြောတဲ့အခါမှာတော့ LISA က ဘာမှမပြောပဲ ရှက်ပြုံးလေးပြုံးနေခဲ့ပါတယ်။

Khin

SHARE