
ကြောင်ကလေးရဲ့ နာမည်က Ross ပါ။ သူမှာ နားရွက်တွေ မရှိတော့သလို သူ့ရဲ့ အမေဖြစ်သူ Rachel ဆိုတဲ့ ကြောင်ကလေးကလည်း မျက်စိမမြင်ပါဘူး။
အဲဒီ့ကြောင်ကလေး နှစ်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် မှီခိုရင်း ခရစ်စမတ်အချိန်မှီ နားခိုနိုင်ဖို့ အိမ်တစ်အိမ် ရှာနေကြသူတွေပါ။ သူတို့ နှစ်ကောင်ဟာ အကောင်းဆုံးမိတ်ဆွေတွေဖြစ်သလို သားအမိလည်းဖြစ်တာကြောင့် အင်္ဂလန်နိုင်ငံ Surrey မြို့က RSPCA South Godstone တိရိစ္ဆာန် ကယ်ဆယ်ရေး စင်တာက ဝန်ထမ်းတွေက တစ်ကောင်နဲ့ တစ်ကောင် အတူရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ က Grinstead မြို့ အရှေ့ပိုင်းဒေသခံများရဲ့ အကြောင်းကြားမှုကြောင့် စွန့်ပစ်ခံထားရတဲ့ အဲ့ဒီကြောင်လေး နှစ်ကောင်ကို ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။
Rachel က သူမနဲ့ Ross ကို အစာကျွေးနေတဲ့သူတွေ ရှိတဲ့ ပန်းခြံက ထွက်သွားရမှာ အရမ်းကြောက်နေခဲ့တာကြောင့် တွေ့သမျှအားလုံးကို ရန်ပြုခဲ့ပါသေးတယ်။
” ကြောင်မလေးက အမြင်အာရုံဆုံးရှုံးနေပြီး ကြောင်ထီးလေးက နားမှာ ဒဏ်ရာ ရထားတာကြောင့် ပန်းခြံအနီးအနားမှာ နေတဲ့သူတွေက ကြောင်လေးတွေ အဆင်ပြေပါမလားဆိုပြီး စိတ်ပူနေသေးတယ်” လို့ RSCPA အရာရှိ Louis Horton က ပြောပြခဲ့ပါတယ်။
” ဒေသခံတွေက သူတို့ကို စွန်ပစ်ခဲ့တာလား ဒါမှမဟုတ် အခုလို ကျန်းမာရေးချို့ယွင့်ချက်လေးတွေရှိနေတဲ့ ကြောင်ရိုင်းလေးတွေလားဆိုတာတော့ သေချာမသိရပါဘူး။ သူတို့ကို အနားကပ်လို မရတာကြောင့် ကျွန်တော်ထောင်ချောက်ဆင်ထားခဲ့တဲ့အခါကျမှ သူတို့ကို ဖမ်းမိခဲ့တာပါ” လို့ ပြောပြခဲ့ပါသေးတယ်။
Ross ဟာ အရေပြားတွေ ပျက်စီးသွားတာကြောင့် သူ့ရဲ့ နားကို ဖြတ်တောက်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အကောင်းပကတိဖြစ်နေပြီ ဖြစ်ပါတယ်။ သူက အမေဖြစ်သူ ကြောင်မလေးနဲ့ အတူတူ မှေးအိပ်နေရတာနဲ့ အမေဖြစ်သူနဲ့ စနောက်နေရတာကို တခြားအရာတွေထက် ပိုပြီး သဘောကျကြောင်းလည်း သိရှိရပါတယ်။
SiThu (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။