Rowan Atkinson ဆိုတဲ့ နာမည်အရင်းကိုသာ မသိရင်နေမယ် Mr. Bean လို့ဆိုလိုက်တာနဲ့ ကုတ်အင်္ကျီအညိုရောင်၊ မျက်နှာပိုးမသေနိုင်ဘဲ ဝက်ဝံရုပ်လေးကိုပိုက်ပြီး လျှောက်သွားနေတဲ့ လူတစ်ယောက်ကိုတော့ မျက်လုံးထဲ မြင်မိကြမယ်ထင်ပါတယ်။

Comedy ဆိုတဲ့ ဟာသဇာတ်လမ်းလေးတွေဖြစ်တဲ့အတွက် ကြည့်ရှုသူတိုင်းကို ရယ်မောပျော်ရွှင်စရာတွေ အပြည့် Mr. Bean ကပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မင်းသားကြီးကတော့ သူ့အနေနဲ့ ထပ်ပြီး Mr. Bean အဖြစ် သရုပ်ဆောင်ဖို့ပြောလာရင် ငြင်းလွှတ်မှာပါလို့ အတိအလင်းပြောလာခဲ့တယ်ဆိုပြီး The Sun သတင်းစာက ဖော်ပြခဲ့တာပါ။
Mr. Bean ဇာတ်ရုပ်ကြောင့် ကမ္ဘာကျော်စေခေဲ့ပေမယ့်လည်း Rowan တစ်ယောက် Mr. Bean ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ဆိုတာ တော်တော်လေးကို ပမ်းပမ်းခဲ့ပါတယ်တဲ့။ ဇာတ်ကောင်တစ်ခုကို အသံနဲ့သရုပ်ဖော်ဖို့ဆိုတာ လွယ်ပေမယ်လို့ စကားလည်းမပြော၊ အသံလည်းထွက်မရဘဲနဲ့ မျက်နှာနဲ့ ကိုယ်နေဟန်ထားတွေနဲ့ပဲ ပြီးပြည့်စုံအောင်သရုပ်ဆောင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းခဲ့တယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။


၁၉၉၀ ခုနှစ်လောက်ကတည်း သရုပ်ဆောင်လာခဲ့တဲ့ Mr. Bean ကို ကြာလာလေ သရုပ်ဆောင်ဖို့ ပင်ပမ်းလာလေဖြစ်လာခဲ့ပြီး နောက်ဆုံး စိတ်ဖိဆီးမှုတွေေပါ ရလာကာ ကိုယ်ရောစိတ်ပါ ပင်ပမ်းဆင်းရဲလာခဲ့တဲ့အတွက် သူကိုယ်တိုင်ကပဲ ရပ်နားဖို့ တောင်းဆိုခဲ့တာပါတဲ့။
ဒီအတွက် နောက်ဆိုရင် သူနဲ့ Mr. Bean ကိုဘယ်တော့မှ အသစ်အနေနဲ့ ထပ်ပြီး မြင်တွေ့ရတော့မှာမဟုတ်ပါဘူးလို့ အသက် ၆၀ အရွယ် Rowan က ပြောကြားခဲ့ပါတယ်။ Mr.Bean ကို စိတ်ကုန်သွားပါပြီတဲ့။
penny