Mike Tyson နဲ့ ရင်ဆိုင်ရမှာ စိုးရိမ်ပူပန်မိကြောင်း ၀န်ခံခဲ့တဲ့ Roy Jones Jr

[email protected] royjonesjrofficial [email protected] miketyson

မကြာသေးခင်အချိန်က လက်ဝှေ့လောကကနေ အနားယူတာ ကြာသွားပြီဖြစ်တဲ့ လက်ဝှေ့ချန်ပီယံဖြစ်သူ Mike Tyson တစ်ယောက် လက်ဝှေ့လောကထဲတစ်ကျော့ ပြန်ဝင်လာတော့မယ်ဆိုတဲ့ သတင်းကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အခု Mike Tyson နဲ့ ပထမဆုံးအကြိမ် လက်ဝှေ့ပြန်ထိုးမယ့်လူကတော့ ၂၀၁၈ ခုနှစ်လောက်ကမှ လက်ဝှေ့လောကကနေ အနားယူခဲ့တဲ့ လက်ဝှေ့အကျော်အမော် Roy Jones Jr ပဲ ဖြစ်ပါတယ်။ အခုလည်း Roy ဟာ Mike Tyson နဲ့ ပထမဆုံးအကြိမ် လက်ဝှေ့ပြန်ထိုးရတော့မယ့်အတွက်ကြောင့်  စိုးရိမ်ပူပန်စိတ်တွေ ၀င်နေတယ်လို့ News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Mike Tyson နဲ့ Roy တို့ဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ၈ ချီထိုးသတ်ကြမှာဖြစ်ပြီး နေရာကတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ Carson မြို့ရှိ Dignity Health Sports Park မှာပဲ ဖြစ်ပါတယ်။ Mike Tyson ဟာ အသက် ၂၀ ကျော်အရွယ်ကတည်းက လက်ဝှေ့လောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး တော်တော်ကြမ်းတဲ့ လက်ဝှေ့သမားတစ်ယောက်အဖြစ် သူ့ရဲ့ ပရိသတ်တွေက လက်ခံကြသလို ပြိုက်ဖက်တိုင်း ကြောက်ရွံရတဲ့ လက်ဝှေ့သမားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲ ၅၀ နိုင် ၆ ပွဲရှုံးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ ချန်ပီယံတစ်ယောက်ပါပဲ။ အဲဒီ ပွဲ ၅၀ နိုင်တဲ့အထဲမှာမှ ၄၄ ပွဲက ပြိုင်ဖက်ကို အလဲထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

View this post on Instagram

Follow me on #triller and get ready to rumble.

A post shared by Mike Tyson (@miketyson) on

ဒါ့ကြောင့် Roy တစ်ယောက် သွေးပျက်လောက်မယ်ဆိုလည်း သွေးပျက်လောက်ပါတယ်။ တစ်ဖက်မှာ Mike Tyson ဟာလည်း သူ့ရဲ့ IIInssstagram အကောင့်ကနေပြီးတော့ လက်ဝှေ့လောကထဲ ပြန်ဝင်ဖို့အတွက် လက်ဝှေ့လေ့ကျင့်ခန်း ဆင်းနေတဲ့ပုံတွေကလည်း ကြောက်ခမန်းလိလိပါပဲ။ ကျိန်းသေတာကတော့ သူ့ရဲ့ လက်သီးတစ်လုံးဟာ သူနဲ့ထိုးသတ်မယ့်လူ မျက်နှာကို တည့်တည့်ကြီး ထိမှန်သွားရင်တော့ တစ်ဖက်လူဟာ ဘယ်လိုနည်းနဲ့မှ ပြန်မထလာနိုင်ဘူးဆိုတာကတော့ ကျိန်းသေသလောက် ရှိနေပါတယ်။

“Mike က လူကောင်လည်း ကြီးတယ်။ သူ့ရဲ့အရပ်အမောင်း၊ လက်သီး၊ ခြေထောက်တွေ၊ လက်တွေကအစ တော်တော်ကြီးတယ်ဗျ။ နှစ်ယောက်စလုံးက အသက် ၅၀ ကျော်နေပြီဆိုပေမယ့် Mike က ကျွန်တော့်ထက် အစစအရာရာ သာပါတယ်။ ဒီပွဲကလည်း ဘုရားသခင် အလိုတော်အတိုင်းပါပဲ။ ကျိန်းသေတာကတော့ ကျွန်တော် ကောင်းကောင်း မထိုးနိုင်ရင် အဆော်ခံရတော့မယ် ဆိုတာပါပဲ။ ဒါပေမယ့် ကျွန်တော့်ဖက်ကလည်း အကောင်းဆုံးကြိုးစားပြီး ထိုးသတ်သွားမှာပါ” လို့ Roy က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE