တော်ဝင်စည်းကမ်းတွေကို နောက်ထပ်တစ်ကြိမ် ပျော်ပျော်ကြီး ချိုးဖောက်ပြခဲ့တဲ့ မီဂန်

Splash News, Instagram

မီဂန်ဟာ အင်္ဂလန်ရဲ့တော်ဝင်မင်းသားငယ်ဖြစ်တဲ့ ဟယ်ရီရဲ့ကြင်ယာတော်ဇနီးဖြစ်ပြီး အခုအချိန်မှာတော့ သူမရဲ့ဝမ်းထဲမှာ တော်ဝင်ရင်သွေးလေးကို လွယ်ထားရတာ ၈ လတောင်ရှိနေပါပြီ။

ရင်သွေးလေးမွေးလာတဲ့အခါ အဆင်သင့်ဖြစ်အောင်လို့ဆိုပြီး အနုပညာရှင်ဟောင်း မီဂန်ဟာ ကလေးအတွက် သီးသန့်ကလေးထိန်းတစ်ယောက်ကို ငှားရမ်းဖို့အတွက် အလုပ်ခေါ်စာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအလုပ်ခေါ်စာအတွက် Kensington မှ အလုပ်ဆက်သွယ်ပေးတဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို အလုပ်အပ်ခဲ့ပါတယ်။ (၁)နှစ်လစာ ပေါင်(၇၀,၀၀၀)နဲ့ အသုံးပြုစရာ ကားတစ်စီးလည်း ရမယ့် အလုပ်ဖြစ်ပါတယ်။

ဘုရင်မကြီးအသိအမှတ်ပြုထားတဲ့ ကလေးထိန်းငှားရမ်းဖို့ စည်းကမ်းချက်တွေထဲ အမျိုးသားကလေးထိန်းကို မငှားရဘူးဆိုတာ အဓိကပါနေပါတယ်။ ဒါ့အပြင်လည်း တော်ဝင်မိသားစုရဲ့ ကလေးထိန်းတွေဟာ ဥရောပနိုင်ငံတွေက ကလေးထိန်းတွေကိုသာ အသုံးပြုခဲ့ကြပြီး အမေရိကန်က ကလေးထိန်းတွေကို ဘုရင်မကြီးက မလိုလားဘူးလို့လည်း သိရပါတယ်။မီဂန်နဲ့ဟယ်ရီတို့စုံတွဲဟာလည်း တော်ဝင်စည်းကမ်းချက်တွေကို အမြဲတမ်းလက်တစ်လုံးကြားချိုးဖောက်တတ်စမြဲမို့ ဒီတစ်ခေါက်မှာရော အမျိုးသားကလေးထိန်းကို ငှားဦးမှာလားလို့ လူတွေကစောင့်ကြည့်နေကြပါတယ်။

READ
သီရိလင်္ကာရဲ့ပေါက်ကွဲမှုမှာပါသွားခဲ့တဲ့ ဒိန်းမတ်သူဌေးကြီးရဲ့ ရင်သွေးလေးသုံးယောက်
Splash News

အလုပ်ခန့်လိုက်တဲ့ ကလေးထိန်းအသစ်ဟာ မီဂန်နဲ့ ဟယ်ရီတို့ရဲ့ ဘက်ခ်ရှယ်ယားမှာရှိတဲ့ Frogmore အိမ်သစ်ကြီးမှာ အလုပ်ဆင်းနေထိုင်ရမှာဖြစ်ပြီး အတွေ့အကြုံနဲ့ကျွမ်းကျင်မှုအပေါ်မူတည်ကာ ယူရို ၇ သောင်းအထိ ရနိုင်နေပါတယ်လို့ သိရပါတယ်။ ဒီအပြင် စံကာတင်ရွေးချယ်ခံလိုက်ရတဲ့လူတိုင်းဟာ မင်းသားဟယ်ရီနဲ့ ထက်ထက်မြက်မြက်ရှိပြီး လူအကဲခတ်တော်တဲ့ မီဂန်တို့ကိုယ်တိုင် လူတွေ့စစ်ဆေးဦးမှာမို့ အလုပ်အခန့်မခံရတာနဲ့တင် တန်နေပါပြီနော်။

ခိုင်မာတဲ့သတင်းရပ်ကွက်အရ မီဂန်ဟာ ဗြိတိသျှလူမျိုးကလေးထိန်းတွေထက်စာရင် မိသားစုလို့သူမစိတ်ထဲပိုခံစားလို့ရစေမယ့် အမေရိကန်လူမျိုးတွေကိုသာ ပိုအလိုရှိကြောင်း သိထားရပါတယ်။ ဒီအပြင် အပေါ်မှာပြောသွားတဲ့အတိုင်း အမျိုးသမီးကလေးထိန်းထက်စာရင် အမျိုးသားကလေးထိန်းကို ပိုအလိုရှိကြောင်းလည်း သိခဲ့ရပါတယ်။

Instagram

သို့ပေမယ့် မီဂန်တို့အလုပ်အပ်ထားတဲ့ အလုပ်နေရာဆက်သွယ်ပေးတဲ့ အေဂျင်စီအနေနဲ့ကတော့ ခေတ်အဆက်ဆက် တော်ဝင်မိသားစုတွေ မျက်စိကျခဲ့ကြတဲ့ Bath က Norland ကောလိတ်ထွက် ကလေးထိန်းအထူးပြုတွေကို မီဂန်ဆီအရင်ပြပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ တော်ဝင်မင်းသားဟယ်ရီနဲ့ ကိတ်တို့ရဲ့ ကလေးသုံးယောက်စလုံးကို ထိန်းခဲ့တဲ့ စပိန်အနွယ်ဖွား Maria Teresa Borrallo ဟာ Norland ကျောင်းထွက်ကလေးထိန်းတစ်ယောက်ပဲဖြစ်ပါတယ်။

READ
အသက်(၃၀)ပြည့်သွားလို့ ငယ်ရွယ်နုပျိုခဲ့မှုတွေအတွက် အသုဘကျင်းပခဲ့တဲ့ အမျိုးသမီး

မီဂန်ဟာ သားဦးလေးကို ပထမဦးဆုံးမွေးတာဖြစ်တဲ့အတွက် ကလေးထိန်းနဲ့လွှတ်မထားဘဲ သူမပါ ရင်အုပ်မကွာစောင့်ရှောက်ပြီး လမ်းညွှန်ထိန်းသိမ်းဖို့အတွက် သိပ်ကိုရင်ခုန်နေတယ်လို့ အစ်မဖြစ်သူထံမှ သိခဲ့ရပါတယ်။

Instagram

Source: The Sun

Penny

 

SHARE