နုပျိုကျန်းမာအသက်ရှည်စေဖို့ တော်ဝန်မိသားစုဆရာဝန်ရဲ့ ကျန်းမာရေးအကြံပေးချက် (၅) ချက်

ဗြိတိန်ဘုရင်မကြီး Elizabeth ( II ) ဟာဆိုရင်ဖြင့် အသက် (၉၂) နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။ သို့ပေမယ့် သူ့မရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးသွားတယ်လို့မရှိဘဲ တစ်နေ့တစ်ခြားပိုပိုပြီး သွက်လက်လာသလို ခံစားရပါတယ်။ ဒီအပြင် တစ်နှစ်ပတ်လုံး တိုင်းပြည်ရေးနဲ့ပတ်သက်တဲ့ အလုပ်တွေကို နားတယ်ရယ်လို့မရှိဘဲ ဘုရင်မကြီးတက်တဲ့ အစည်းအဝေးပွဲတွေ၊ ခရီးစဉ်တွေ၊ ဆွေးနွေးဟောပြောပွဲတွေ၊ ပွဲအခမ်းအနားတွေကို တစ်နှစ်လုံးစာရေကြည့်မယ်ဆိုရင် နည်းနည်းနောနောမဟုတ်ပါဘူး။

ဘုရင်မကြီးရဲ့ ကြင်ယာတော် Philip ဟာလည်း ဘုရင်မကြီးထက် (၅) နှစ်ကြီးလို့ အခုဆိုရင် (၉၇) နှစ်ထဲ ဝင်နေပါပြီ။ သူလည်းပဲ ဘုရင်မကြီးနဲ့ တန်းတူသွက်လက်မှုမျိုးရှိနေပါသေးတယ်။ ကျန်းမာပြီး အသက်တွေ ရှည်ကြတဲ့ သူတို့ရဲ့ကျန်းမာရေးအတွက် တာဝန်ယူထားရတဲ့ တော်ဝင်မိသားစုဆရာဝန်ရှိပါတယ်။ ဒေါက်တာ Mosaraf Ali ဖြစ်ပြီး အဓိကအားဖြင့် ဘုရင်မကြီးရဲ့ စားသောက်ရေးတာဝန်ကို ယူထားရသူပါ။ ဒေါက်တာ Ali ဟာ ဘုရင်မကြီးကို လိုက်နာဖို့ ပြောထားတဲ့ အစားအသောက်ညွှန်ကြားချက်ကို အများအကျိုးပြုစေရန် ချပြလိုက်ပါတယ်။ ဒီအချက်တွေကတော့-

(၁) အာဟာရပြည့်ဝစွာစားပြီး ကောင်းကောင်းအနားယူလျှင် ကျန်းမာသန်စွမ်းကာ ကိုယ်ခံအားစနစ် အထူးကောင်းမွန်စေပါတယ်။ ဒါဆို အသက်အရွယ် ရလာတဲ့အခါ ရွယ်တူတွေဖြစ်တတ်တဲ့ အအေးမိခြင်း၊ ချိနဲ့ခြင်းတို့ကို လျော့နည်းစွာဖြစ်နိုင်ပြီး တော်ရုံတန်ရုံပွန်းပဲ့တာတွေကိုလည်း မမှုတော့ပါဘူး။

Bright Side

(၂) ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းစွာနားလည်သဘောပေါက်ပါစေ။ အိပ်ရေးပျက်လား၊ အလွယ်တကူ ပင်ပန်းနွမ်းနယ်နေလား၊ ဘာစားစား စားမဝင်ဘဲ ပါးစပ်ပျက်နေလား စတာတွေကို ဂရုတစိုက်စောင့်ကြည့်သင့်ပြီး လိုအပ်ပါက အာဟာရဆရာဝန် သို့မဟုတ် အထွေထွေဆရာဝန်နှင့်ပြသပြီး အားဆေးစားခြင်း၊ ဖြည့်စွက်စာစားခြင်း၊ ရက်ရှည်အနေနဲ့ ကောင်းမွန်စွာအနားယူခြင်း၊ အိပ်စက်ကခြင်းတို့ကို ပြုလုပ်ရပါမယ်။

READ
ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ဖို့နည်းလမ်းများ
© eastnews © eastnews

(၃) ကျန်းမာရေးကောင်းမကောင်းဆိုတာ လျှာကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

  • လျှာထိပ်ဟာ နီနေပါက နှလုံးပြဿနာ သို့မဟုတ် ကာဘိုဟိုက်ဒြိတ်ပါတဲ့အစားအစားတွေ အလွန်အကျွံစားမိနေပါပြီ။
  • လျှာဟာ မီးခိုးရောင်သမ်းကာ စိုစိုပြည်ပြည် မရှိဘူးဆိုလျှင်တော့ သင့်ရဲ့ အူအလုပ်လုပ်ပုံတွေဟာ သိပ်မူမမှန်နေပါဘူး။
  • လျှာရဲ့ အောက်ခံအရောင်ထက် ပိုရင့်တဲ့ အစက်အပျောက်တွေ ပေါ်နေတယ်ဆိုရင်တော့ သွေးအားနည်းနေပါပြီ။
  • အဝါရောင်သမ်းနေမယ်ဆိုရင်တော့ အသည်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုကို ခံစားနေရပါတယ်။
  • အက်ကွဲကြောင်းနက်နက်ကြီးတွေ ပေါ်နေမယ်ဆိုရင်တော့ အစာအိမ်နာ သို့မဟုတ် gastritis ပြဿနာတွေ ရှိနေပါတယ်။
  • လျှာမှာ အရေးအကြောင်းနဲ့ တံတွေးချွဲကျိကျိအလွှာတစ်ခု ဖုံးလွှမ်းနေရင်တော့ ရေဓာတ်အရမ်းခမ်းခြောက်နေလို့ ရေများများသောက်သင့်တယ်ဆိုတဲ့ အခြေအနေပါ။
Bright Side

(၄) Dr Ali ညွှန်ကြားထားတဲ့ ဘုရင်မကြီးအတွက် အာဟာရမြောက်အစားအစာတွေပါ။

  • တတ်နိုင်သမျှ ကိုယ်တိုင်စိုက်တဲ့ သို့မဟုတ် စိတ်ချရတဲ့စိုက်ခင်းမှ အောဂင်းနစ်အစားအစာတွေကိုသာ စားပါ။
  • ဆီသွတ်ဗူးထဲက အစားအစာတွေအစား လတ်ဆတ်တဲ့ အသားငါးနဲ့ အသီးအရွက်တွေကို စားပေးပါ။
  • ပရိုတင်းဓာတ်ကို လိုအပ်သလောက် စားပေးပါ။ အသားအစား အသီးအရွက်တွေမှလည်း ပရိုတင်းဓာတ် ရရှိနိုင်ပါတယ်။ ဥပမာ- တိုဟူး၊ cottage cheese, ဗာဒမ်သီးနွားနို့ တို့ကို စားပေးနိုင်ပါတယ်။
  • အသင့်ဖော်ျသောက်ရတဲ့ အအေးတွေထက် မုန်လာဥ၊ ပန်းသီး၊ ဂျင်း စတဲ့ အသီးအရွက်တွေကို ကြိတ်သောက်ပါ။
  • အသားကြီးတွေကို လျှော့စားပြီး ကြက်သား၊ ကြက်ဆင်သားနဲ့ ငါးကြီးတွေကို များများစားပေးပါ။
  • ဆီကြော်အစားအစာတွေနဲ့ ချိစ့်တွေ၊ မှိုတွေနဲ့ ချဉ်တဲ့အသီးတွေ (ဥပမာ- မန်ကျည်းသီး၊ လိမ္မော်သီး) ကို မစားပါနဲ့တော့။ ဆားလျှော့စားပါ။
  • တစ်ပတ်မှာ တစ်ရက်လုံးကို လတ်ဆတ်တဲ့အသီး၊ ဟင်းရွက်စွပါပြုတ်နဲ့ ရေသာသောက်ပေးပါ။
READ
သခွားသီးစိမ်ထားတဲ့ ရေကို သောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ
© eastnews

(၅) မနက်စာကို ပမာဏနည်းနည်း စားပြီး ပရိုတင်းဓာတ်ပြည့်ဝတဲ့ ကြက်ဥ၊ ဗာဒံသီးနဲ့ cottage cheese တို့၊ သစ်သီး၊ အချိုဓာတ်မပါတဲ့ cereals တွေနဲ့ ဒိန်ချဉ် တို့ကိုစားပေးပါ။ နေ့လည်စာကိုတော့  “အသီးအရွက်+ပရိုတင်း+ကြက်ဆင်သား သို့မဟုတ် အသုပ် သို့မဟုတ် အာလူးတို့လို အသားဓာတ်ပါပြီး ဗိုက်ဝစေမယ့် အစားအစာ” တွေကို စားပေပါ။ နေ့လယ်စားစားပြီးလို့ အချိုတည်းချင်ပါကလည်း အချိုကဲတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ ညစာအတွက်ကတော့ မနက်စာထက်နည်းတဲ့ ပမာဏနဲ့ ည (၇) နာရီ နောက်ဆုံးထားပြီး စားပေးရပါမယ်။ စပ်လွန်းတဲ့ အစားအသောက်တွေ၊ အဆီဓာတ်လွန်ကဲပြီး ချိုလွန်းတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ။ အိပ်ချိန်နဲ့ ခပ်ဝေးဝေးထားပြီး စားပါက ပိုအိပ်ပျော်စေပါတယ်။

AP

Bonus အနေနဲ့ ဖော်ပြပေးချင်တာကတော့ ပိုပြီး ကျန်းမာသန်စွမ်းပြီး စမတ်ကျတဲ့ ကိုယ်ဟန်အနေအထားမျိုးဖြစ်စေအောင် အမြဲတမ်း မတ်မတ်နေဖို့ လိုအပ်ပါတယ်။ လမ်းလျှောက်ရင်လည်း မတ်မတ်လျှောက်ရမှာဖြစ်သလို၊ မတ်တပ်ရပ်နေရင်သော်လည်းကောင်း၊ ထိုင်နေရင်သော်လည်းကောင်း မတ်မတ်နေရမှာပါ။ ဦးခေါင်းကိုလည်း တည့်တည့်မတ်မတ်ထားပြီး သက်တောင့်သက်သာဖြစ်စေဖို့ ပုခုံးကို အနောက်သို့ အနည်းငယ်ပစ်ထားပေးပါ။ မျက်နှာကို အနည်းငယ်မော့ထားကြည့်လိုက်ပါက ပုခုံးနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ ပြေလျော့သွားတာကို ခံစားရတာမို့ ဒီအချက်ကိုလည်း လိုက်နာဖို့လိုပါတယ်နော်။

© eastnews © eastnews

Source: Bright Side

Penny

SHARE