တော်ဝင်မိသားစုကို စွန့်ခွာသွားခဲ့ကြတဲ့ အာရှတိုက်က မင်းသမီးတွေအကြောင်း

Twitter/SCMP

နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းတွေမှာ ကြီးစိုးခဲ့တဲ့ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ ဇနီးမီဂန်မာကယ်တို့ တော်ဝင်မိသားစုက နှုတ်ထွက်တဲ့အကြောင်းကိုတော့ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။  sussexမြို့စားနဲ့မြို့စားကတော် မီဂန်တို့ဟာ ငွေကြေးအရအမှီအခိုကင်းကင်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး လွတ်လပ်တဲ့နောက်ထပ်ခြေလှမ်းတွေအတွက် သူတို့ဘ၀ကို ဗြိတိန်နဲ့မြောက်အမေရိကမှာ ကုန်ဆုံးသွားဖို့ ဆုံးဖြတ်ပြီး တော်ဝင်တာဝန်တွေက စွန့်ခွာခဲ့ကြတာပါ။

တော်ဝင်မိသားစုဝင်တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်အင်မတန်နည်းပါသူတွေဖြစ်ပြီး၊ အမြဲတမ်းအများရဲ့အာရုံစိုက်မှုတွေအောက် နေထိုင်ရသူတွေပါ။

ဒါပေမယ့်ဟယ်ရီတို့တော်ဝင်မိသားစုကနှုတ်ထွက်တာဟာ တော်ဝင်မျိုးနွယ်တွေကြား ပထမဆုံး အဖြစ်အပျက်မဟုတ်ဘဲ အကြောင်းရင်းအမျိုးမျိုးနဲ့အလားတူ တော်ဝင်မိသားစုဝင်အဖြစ်က နှုတ်ထွက်သွားကြတဲ့ အာရှတော်ဝင်အနွယ်တွေလည်း ရှိပါတယ်။

ဂျပန်တော်ဝင်မင်းသမီး Ayako နဲ့ မင်းသမီး Mako

ဂျပန်ဧကရာဇ် Akihitoရဲ့ ညီဝမ်းကွဲသမီး ဖြစ်သူ မင်းသမီး Ayako(၂၉)နှစ်ဟာ  သာမန်အရပ်သား သင်္ဘောကုမ္ပဏီဝန်ထမ်း Kei Moriya နဲ့ လက်ထပ်ပြီး တော်ဝင်အရိုက်အရာကို စွန့်ခွာခဲ့သူပါ။ လက်ထပ်လက်မှတ်ထိုးပြီးနောက်မှာ နာမည်ကို Ayako Moriyaဆိုပြီး အမျိုးသားနာမည်ပြောင်းခဲ့ပါတယ်။

ဂျပန်ဧကရာဇ် Akihito ရဲ့အကြီးဆုံးမြေးဦးဖြစ်တဲ့ ဂျပန်တော်ဝင်မင်းသမီး Mako ကလည်းဒီနှစ်ထဲမှာပဲ သူမကျောင်းနေဖက်ချစ်သူ အရပ်သားရှေ့နေ့ Kei Komuroနဲ့ လက်ထပ်ပြီး တော်ဝင်မင်းသမီးဘွဲ့ကနေနှုတ်ထွက်သွားမှာဖြစ်ပါတယ်။

ထိုင်းတော်ဝင်မင်းသမီး UBOLRATANA RAJAKANYA

READ
သင်ဆုံးဖြတ်ချက် မပြတ်သားရခြင်း အကြောင်းအရင်းများ

အသက်(၆၈)နှစ်အရွယ်ရှိ ထိုင်းတော်ဝင်မင်းသမီး Ubolratana Rajakanyaဟာ ကွယ်လွန်သွားတဲ့ ထိုင်းဘုရင်ကြီးဘူမီဘောလ်နဲ့ဘုရင်မ Sirikitတို့ရဲ့ ပထမဆုံးသမီးကြီး ဖြစ်ပါတယ်။ သူမဟာ အမေရိကမှာ ကျောင်းတက်ခဲ့ပြီး၊ (၁၉၇၂) ခုနှစ်မှာ အမေရိကန်လူမျိုးနဲ့လက်ထပ်ကာ တော်ဝင်ဘွဲ့ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့်(၁၉၉၈)ခုနှစ်မှာ ကွာရှင်းခဲ့ကြပြီးနောက်၊ (၂၀၀၁)ခုနှစ်မှာ ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံဖို့လုပ်ခဲ့ပေမယ့် ၊ လက်ရှိဘုရင်ဖြစ်သူ Maha Vajiralongkornက တော်ဝင်မိသားစုဟာ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုပြီ ဟန့်တားခဲ့တာဖြစ်ပါတယ်။

မလေးရှားမင်းသမီး MANOHARA ODELIA PINOT 

 

View this post on Instagram

 

#mirrorselfie with le niece ❤️

A post shared by Manohara Odelia (@manodelia) on

သူမက အင်ဒိုနီးရှားမော်ဒယ်တစ်ဦးဖြစ်ပြီး (၂၀၀၈)ခုနှစ်မှာ မလေးရှားတော်ဝင်မင်းသား Tengku Muhammad Fakhry Petraနဲ့ လက်ထပ်ခဲ့ချိန်က သူမအသက် (၁၆)နှစ်ပဲရှိပါသေးတယ်။ တော်ဝင်မင်းသားနဲ့ လက်ထပ်ခဲ့လို့ မင်းသမီးဘွဲ့ကို အလိုအလျောက် ရရှိခဲ့သူပါ။ ဒါပေမယ့် လက်ထပ်ပြီးတစ်နှစ်အကြာမှာ  သူမဟာ ခင်ပွန်းဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ထိလက်ရောက်ပါ နှိပ်စက်ခံနေရတယ်ဆိုပြီး သူမမိခင်ဖြစ်သူက အင်ဒိုနီးရှားမီဒီယာမှာ ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စဟာ အရမ်းကိုစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး အဲ့ဒီအချိန်က အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyonoဟာ မလေးရှားဝန်ကြီးချုပ် Najib Razakကိုတွေ့ဆုံစဉ် ဒီကိစ္စကိုတင်ပြဆွေးနွေးခဲ့ပါတယ်။

(၂၀၀၉)ခုနှစ်မေလမှာတော့ Manoharaဟာ စင်ကာပူကိုအလည်အပတ်လာစဉ်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး၊ မိခင်နဲ့အတူ အင်ဒိုနီးရှားကိုပြန်လာခဲ့ကာ၊ အဲ့ဒီနှစ်နှောင်းပိုင်းမှာပဲ ခင်ပွန်းဖြစ်သူ မလေးရှားမင်းသားနဲ့ ကွာရှင်းခွင့်ခဲ့ပါတယ်။

Khaing Sandar

SHARE