နိုဝင်ဘာလ ၁၈ရက် ဗုဒ္ဓဟူးနေ့တုန်းက လေမှုတ်သွင်းထားတဲ့ ရာဘာဘဲရုပ်ကြီးတွေဟာ လူဦးရေ (၂) သောင်းလောက်ရှိတဲ့ လူအုပ်ကြီးထဲမှာ မျောပါနေပါတယ်။ အဆိုပါလူအုပ်ကြီးကတော့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ဌာနချုပ်ရုံးစိုက်ရာနေရာတွေက လမ်းတွေပေါ်မှာ အိမ်သုတ်ဆေးတွေပစ်၊ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ဆောင်ပုဒ်တွေရေးသားပြီး ဆန္ဒပြနေခဲ့ကြတာပါ။
လတ်တလောဆန္ဒပြပွဲတွေထဲ အဝါရောင်ဘဲရုပ်လေးတွေကတော့ ဆန္ဒပြသူတွေရဲ့ သင်္ကေတဖြစ်လာပါတယ်။ အကြောင်းကတော့ အစောပိုင်းတစ်ရက် ပါလီမန်နားမှာ ထိုင်းရဲတွေရဲ့ မီးသတ်ပိုက်တွေနဲ့ထိုးတာ၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲဖို့ ဖြိုခွင်းခံနေရတဲ့အချိန် ဆန္ဒပြသူတွေဟာ ဘဲရုပ်တွေကို အကာအရံဒိုင်းအဖြစ်နဲ့ အသုံးပြုခဲ့ရာကနေ စတင်လာခဲ့တာပါ။
Sights and signs at Ratchaprasong, as the crowd continues to grow#ม็อบ18พฤศจิกา #WhatsHappeninglnThailand pic.twitter.com/FjA1WYky0m
— Thai Enquirer (@ThaiEnquirer) November 18, 2020
ဂျူလိုင်လကတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ အင်္ဂါနေ့မှာတော့ ပိုပြီးအကြမ်းဖက်လာနေတာ ဖြစ်ပါတယ်။ ဒီမိုလှုပ်ရှားသူတွေနဲ့ ဘုရင့်ဘက်တော်သားတွေကြား လုံးလားထွေးလားဖြစ်နေတဲ့အချိန် လူ၆ယောက်ပစ်သတ်ခံလိုက်ရပါတယ်။ လူငယ်တွေဦးဆောင်တဲ့ ယခုဆန္ဒပြပွဲတွေဟာ ခြေ/ဥအသစ်ဖွဲ့စည်းဖို့အပြင် ဘုရင်စနစ်ကိုပြင်ဆင်ဖို့၊ ဝန်ကြီးချုပ် Prayut Chan-o-cha ကိုနှုတ်ထွက်ခိုင်းဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
Rubber ducks being deployed en masse towards the protest stage.
After having done their work protecting the protesters yesterday, they’ve become the new symbol of the movement #ม็อบ18พฤศจิกา #18พฤศจิกาไปราษฎร์ประสงค์ pic.twitter.com/kErmZp47D7
— Thai Enquirer (@ThaiEnquirer) November 18, 2020
ထိုင်းလူမျိုးတွေရဲ့ ရာဘာဘဲတော်လှန်ရေး Rubber duck revolution ဟာ ဒီတစ်ပတ် ဆိုရှယ်မီဒီယာပေါ်မှာတော့ တော်တော်လေးပြန့်နှံ့နေပါတယ်။ “နိုင်ငံရေးသာ တည်ငြိမ်ရင် ဘဲရုပ်တွေကို ရေကူးကန်မှာပဲ သုံးလိမ့်မယ်” “ဒီမှာ.. ဆန္ဒပြသူတွေဘက်က ကြောက်စရာအကောင်းဆုံးလက်နက်.. လေမှုတ်သွင်းလို့ရတဲ့ဘဲ” “ဘဲဆိုတာ ဖိုက်တာပဲ။ လူတွေက သူ့ကို ဘယ်လောက်အနိုင်ကျင့်ကျင့် သူပြုံးမြဲပြုံးနေတယ်” စသဖြင့် မန့်တွေရေးသားထားပါတယ်။ ဒီဘဲရုပ်တွေကို အွန်လိုင်းရှော့ပင်းတစ်ခုဖြစ်တဲ့ Lazada Thailand ကနေ ဘတ်၄၉၉ (အမေရိကန် ၁၅ဒေါ်လာ) နဲ့ လက်လီဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
ShweMom